ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စောလှဟာ အစိုးရအဖွဲ့အနေနဲ့ စစ်ဘေးရှောင်ပြည်သူ့စခန်းမှာ နေထိုင်နေရတဲ့ ကလေးငယ်လေးတွေရဲ့ ပညာသင်ကြားနိုင်ရေးကို မျက်ကွယ်မပြုထားပဲ အရေးတယူ ဆောင်ရွက်ပေးဖို့ အကြံပြုတောင်းဆိုလာပါတယ်။
ဒေါ်ခင်စောလှက “မြန်မာပြည်သူပြည်သားတွေအနေနဲ့ လွတ်လပ်ရေးရရှိဖို့အတွက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲပေါင်းများစွာရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၇၀ ကျော် ကြာနေပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲဟာလည်း ဘယ်အချိန်ရောက်မှ ရပ်ဆဲသွားမလဲဆိုတာကိုလည်း ဘယ်သူမှမသိသေးပါဘူး။” လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ” ပြည်တွင်းစစ်တွေဖြစ်ပေါ်တိုင်း ရခိုင်ပြည်သူပြည်သားတွေဟာ သူတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာပြီး နိုင်ငံတော်က စီစဉ်ပေးထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရတယ်။ ဒါကြောင့် အမျိုးသားပညာရေး မူဝါဒအဖွဲ့အစည်းက တာဝန်ရှိသူများအနေနဲ့ စစ်ဘေးရှောင်စခန်းကို လာရောက်လေ့လာပြီး ကလေးငယ်လေးတွေရဲ့ ဆက်လက်ပညာသင်ကြားနိုင်ရေးကို စီစဉ်ပေးသင့်ပါတယ်။ ” လို့လည်း ထပ်လောင်းတောင်းဆို အကြံပြုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းကို မြန်မာ့တပ်မတော်က ယာယီဌာနချုပ်အဖြစ် ပြုလုပ်လိုက်ပြီဖြစ်တာကြောင့် အဆိုပါကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသားပေါင်း ၁ ထောင်ကျော်ဟာ ပညာသင်ကြားဖို့ရပ်ဆိုင်းခံလိုက်ရတဲ့ သဘောမှာရှိပါတယ်။ အဆိုပါအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ ကျောင်းသူ/ကျောင်းသားပေါင်း ၁ ထောင်ကျော်ဟာ ရွာ ၂၄ ရွာက ကျောင်းသူ/ကျောင်းသားလေးတွေဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ အဆိုပါအထက်တန်းကျောင်းကို ဌာနချုပ်အဖြစ် အသုံးမပြုသင့်ကြောင်းကိုလည်း ဒေါ်ခင်စောလှက တောင်းဆိုအကြံပြုခဲ့ပါတယ်။
<Unicode Version>
ရခိုင္ျပည္နယ္ စစ္ေဘးေရွာင္စခန္းရွိ ကေလးငယ္မ်ားရဲ႕ပညာေရးကို အေရးတယူ စီစဥ္ေဆာင္ရြက္ေပးဖို႔ အစိုးရအဖြဲ႔ကို အၾကံျပဳလာတဲ့ ဥပေဒျပဳလႊတ္ေတာ္အမတ္။
ရခိုင္ျပည္နယ္ ပဋိပကၡဆိုင္ရာ ဥပေဒျပဳလႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ေဒၚခင္ေစာလွဟာ အစိုးရအဖြဲ႔အေနနဲ႔ စစ္ေဘးေရွာင္ျပည္သူ႔စခန္းမွာ ေနထိုင္ေနရတဲ့ ကေလးငယ္ေလးေတြရဲ႕ ပညာသင္ၾကားႏိုင္ေရးကို မ်က္ကြယ္မျပဳထားပဲ အေရးတယူ ေဆာင္ရြက္ေပးဖို႔ အၾကံျပဳေတာင္းဆိုလာပါတယ္။
ေဒၚခင္ေစာလွက “ျမန္မာျပည္သူျပည္သားေတြအေနနဲ႕ လြတ္လပ္ေရးရရွိဖို႔အတြက္ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ပြဲေပါင္းမ်ားစြာရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာေနၿပီျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ကတည္းက ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္တပ္မေတာ္ၾကားမွာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ပြဲဟာလည္း ဘယ္အခ်ိန္ေရာက္မွ ရပ္ဆဲသြားမလဲဆိုတာကိုလည္း ဘယ္သူမွမသိေသးပါဘူး။” လို႔ ဆိုခဲ့ပါတယ္။
ဒါ့အျပင္ ” ျပည္တြင္းစစ္ေတြျဖစ္ေပၚတိုင္း ရခိုင္ျပည္သူျပည္သားေတြဟာ သူတို႔ရဲ႕အိုးအိမ္ေတြကို စြန္႔ခြာၿပီး ႏိုင္ငံေတာ္က စီစဥ္ေပးထားတဲ့ စစ္ေဘးေရွာင္စခန္းေတြမွာ ေနထိုင္ရတယ္။ ဒါေၾကာင့္ အမ်ိဳးသားပညာေရး မူဝါဒအဖြဲ႔အစည္းက တာဝန္ရွိသူမ်ားအေနနဲ႕ စစ္ေဘးေရွာင္စခန္းကို လာေရာက္ေလ့လာၿပီး ကေလးငယ္ေလးေတြရဲ႕ ဆက္လက္ပညာသင္ၾကားႏိုင္ေရးကို စီစဥ္ေပးသင့္ပါတယ္။ ” လို႔လည္း ထပ္ေလာင္းေတာင္းဆို အၾကံျပဳခဲ့ပါတယ္။
ရခိုင္ျပည္နယ္မွာရွိတဲ့ အထက္တန္းေက်ာင္းတစ္ေက်ာင္းကို ျမန္မာ့တပ္မေတာ္က ယာယီဌာနခ်ဳပ္အျဖစ္ ျပဳလုပ္လိုက္ၿပီျဖစ္တာေၾကာင့္ အဆိုပါေက်ာင္းမွာ စာသင္ၾကားေနတဲ့ ေက်ာင္းသားေပါင္း ၁ ေထာင္ေက်ာ္ဟာ ပညာသင္ၾကားဖို႔ရပ္ဆိုင္းခံလိုက္ရတဲ့ သေဘာမွာရွိပါတယ္။ အဆိုပါအထက္တန္းေက်ာင္းမွာ ပညာသင္ၾကားခဲ့တဲ့ ေက်ာင္းသူ/ေက်ာင္းသားေပါင္း ၁ ေထာင္ေက်ာ္ဟာ ရြာ ၂၄ ရြာက ေက်ာင္းသူ/ေက်ာင္းသားေလးေတြျဖစ္ေၾကာင္း သိရွိရပါတယ္။ ျမန္မာ့တပ္မေတာ္အေနနဲ႔ အဆိုပါအထက္တန္းေက်ာင္းကို ဌာနခ်ဳပ္အျဖစ္ အသံုးမျပဳသင့္ေၾကာင္းကိုလည္း ေဒၚခင္ေစာလွက ေတာင္းဆိုအၾကံျပဳခဲ့ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share