Breaking News
အမေရိကန်ပြည်ထောင်စု ပညာရေးဌာနရဲ့ စစ်ဆေးခြင်းကိုခံနေရတဲ့ နာမည်ကြီး ဟားဗတ်ဒ်တက္ကသိုလ်နဲ့ ရေးလ်တက္ကသိုလ်။
အမေရိကန်ပြည်ထောင်စု ပညာရေးဆိုင်ရာအကြီးအကဲတွေဟာ ဟားဗတ်ဒ်တက္ကသိုလ်နဲ့  ရေးလ်တက္ကသိုလ်နှစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်က နိုင်ငံရပ်ခြားကနေ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် ထောက်ပံ့ထားတဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ငွေစာရင်းရှင်းတမ်း မထုတ်ပေးတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ  ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်ဆု ပညာရေးဌာနက အဆိုပါတက္ကသိုလ်ကျောင်းနှစ်ခုဟာ လက်ခံရရှိထားတဲ့ ဒေါ်လာထောင်ကျော်ကို ပညာသင်ထောက်ပံ့ငွေအတွက် အသုံးပြုထားခြင်း/မပြုထားခြင်းနဲ့ ပတ်သက်ပြီး  စာတမ်းအပြည့်အစုံ မတင်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း ဆိုလာပါတယ်။
အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာဥပဒေအရ တက္ကသိုလ်အသီးသီးဟာ   နိုင်ငံခြားကနေ လက်ခံရရှိထားတဲ့ ထောက်ပံ့ငွေပမာဏ ဒေါ်လာ ၂၅၀,၀၀၀  ကျော်တာနဲ့  အစီရင်ခံစာတင်ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဇူလိုင်လမှာတော့ အမေရိကန်ပြည်ထောင်စု  ပညာရေးဌာနဟာ ကာတာနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ ဆော်ဒီအာရေဗျနိုင်ငံ နဲ့ အာရဗ်ပြည်ထောင်စု အစရှိတဲ့  နိုင်ငံတွေက ပေးအပ်ထားတဲ့ ပညာရေးထောက်ပံ့ကြေးငွေတွေကို ပြန်လည်ဆန်းစစ်တဲ့အခါမှာ  ဒေါ်လာ ၆.၆ ဘီလီယံကို ဟားဗတ်ဒ်တက္ကသိုလ်နဲ့ ရေးလ်တက္ကသိုလ်တွေက အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခြင်း  မပြုထားတာကို တွေ့ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ပညာရေးဌာနက အတွင်းရေးမှူး Betsy Devos က ” တက္ကသိုလ်တွေနဲ့  ကောလိပ်တွေဟာ ပညာရေးထောက်ပံ့ကြေးငွေတွေ လက်ခံရရှိထားတယ်ဆိုရင် အဆိုပါထောက်ပံ့ကြေးငွေတွေကို မည်သူကထောက်ပံ့ပေးပြီး မည်သူကလက်ခံရရှိထားတယ် ဆိုတာကို အတိအကျ ထုတ်ဖော်တင်ပြသင့်တယ်။ ကံမကောင်းစွာပဲ ကျွန်မတို့အနေနဲ့ ပညာရေးအတွက်  ထောက်ပံ့ထားတဲ့ ငွေစာရင်းကို လေးလေးနက်နက် ဆန်းစစ်ကြည့်လေ တင်ပြထားခြင်းမရှိတဲ့  ငွေကြေးထောက်ပ့ံမှုတွေကို တွေ့ရှိရလေပါပဲ။ ” လို့ ဆိုထားပါတယ်။
ရေးလ်တက္ကသိုလ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်လုံးလုံး လက်ခံရရှိထားတဲ့ ပညာရေးထောက်ပံ့ကြေးငွေ  (အနည်းဆုံး ဒေါ်လာ ၃၇၅ သန်း) ကို တင်ပြထားခြင်းမရှိပါဘူး။ ဟားဗတ်ဒ်တက္ကသိုလ်ဟာလည်း  သင့်တော်တဲ့ ပညာရေးထောက်ပံ့ကြေးငွေတွေကို အသုံးပြုထားတဲ့ စာရင်းကို တင်ပြထားခြင်းမရှိတာကြောင့်  အမေရိကန်ပြည်ထောင်စု ပညာရေးဌာနက စုံစမ်းစစ်ဆေးရခြင်းပဲဖြစ်ပါတယ်။
ဟားဗတ်ဒ်တက္ကသိုလ်ရော ရေးလ်တက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူတွေက ပညာရေးဌာနကို ပညာတော်သင်ကြေး  ထောက်ပံ့ငွေတွေရဲ့ စာရင်းကို ထုတ်ပေးဖို့လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း BBCသတင်းဌာနကို အသီးသီးပြောပြခဲ့ကြပါတယ်။
<Unicode Version>
<Zawgyi Version>
Source ~ BBC News
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share
About So Shwe
Check Also
ငယ်စဉ်အခါက စာသင်ကျောင်းများမှာ မသင်ခဲ့ရတဲ့သိပ္ပံဆိုင်ရာ အချက်အလက်များ။
ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအရာတွေဟာ ထူးခြားဆန်းပြားပြီး မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်စေတဲ့အတွက် တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဘယ်ပုံတွေကြောင့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro