HomeBanking & Financeမြန်မာပြည်တွင်းဘဏ်များရဲ့ ငွေလွှဲ/ငွေထုတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် အခက်တွေ့နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ။
မြန်မာပြည်တွင်းဘဏ်များရဲ့ ငွေလွှဲ/ငွေထုတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် အခက်တွေ့နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ။
- Advertisement -
ပြည်တွင်းကုယ်သွယ်စီးပွားရေးလုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရ ပြည်တွင်းဘဏ်လုပ်ငန်းအများစုရဲ့   ငွေလွှဲ/ငွေထုတ်ခြင်းဆိုင်ရာ အလေ့အထတစ်ရပ်ဖြစ်တဲ့ ကုန်သည်များအနေနဲ့ ကုန်သွယ်ရောင်းဝယ်မှုမှာ ကျသင့်တဲ့ ငွေပမာဏကို ဘဏ်ကိုအသိပေးရပါတယ်။ အဲ့လိုမျိုးပြသပြီးမှသာ ဘဏ်တွေအနေနဲ့ ကုန်သည်များကို နိုင်ငံခြားငွေလွှဲခွင့်ပြုခြင်းဟာ ကုန်သည်များအနေနဲ့ နိုင်ငံခြားနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာ အဓိကကျတဲ့ အခက်အခဲအတားအဆီးတစ်ခု ဖြစ်လာကြောင်း သိရှိရပါတယ်။
နိုင်ငံအတွင်း နိုင်ငံခြားငွေ လဲလှယ်ထုတ်ယူမှုုဆိုင်ရာ လစ်ဟာမှုများကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး  ယခင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြင်ဆင်ပြီးနောက်မှာတော့ မြန်မာ့ဗဟိုဘဏ်ဟာ ပြည်တွင်းရှိဘဏ်များကနေတစ်ဆင့် နိုင်ငံခြားငွေလဲလှယ် ထုတ်ယူခွင့်ကို ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းဘဏ်များရဲ့ ငွေလွှဲ/ငွေထုတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာဘဏ်များရဲ့  ငွေလွှဲ/ငွေထုတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ယှဉ်ရင် လစ်ဟာမှုများစွာရှိနေသေးတာဟာ သိသာထင်ရှားမှုရှိကြောင်း ပြည်တွင်းစီးပွားရေးပိုင်ရှင်များက ဆိုထားပါသေးတယ်။
- Advertisement -
သွင်းကုန်/ထုတ်ကုန် ကုန်သွယ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးနေလင်းဇော်က ပြည်တွင်းဘဏ်တွေရဲ့  တောင်းဆိုချက်အရ နိုင်ငံခြားငွေလဲလှယ်မှုတွေမပြုလုပ်ခင်မှာ ကုန်သွယ်ရောင်းဝယ်မှုမှာ အသုံးပြုထားတဲ့   ငွေပမာဏကို အသိပေးရခြင်းဟာ စီးပွားရေးသဘောတူညီချက်တွေကို ရှုပ်ထွေးစေတယ်လို့ ဆိုခဲ့ပါတယ်။
- Advertisement -
ဦးနေလင်းဇော်က “ကျွန်တော်တို့ ကုန်သွယ်ရေးပြုလုပ်တဲ့ချိန်မှာ အကြွေးစနစ်ကိုပဲ အသုံးပြုတာများပါတယ်။ တစ်ခါတစ်လေမှာ ပစ္စည်းကိုတော့ ပေးပို့လိုက်ပြီ။ ဒါပေမဲ့ ဝယ်ယူသူတွေက ပစ္စည်းတန်ဖိုးကို နောက် ၆ လနေမှ ပေးချေတာမျိုးရှိတယ်။ အဲ့လိုအခါမျိုးမှာတော့ ကျွန်တော်တို့က ကိုယ်ပိုင်ငွေတွေကို စင်္ကာပူက ဘဏ်အကောင့်ကနေ ပြည်တွင်းက ဘဏ်အကောင့်ထဲ လွှဲရတယ်ဗျာ။ အဲ့လိုပြုလုပ်ရာကနေ ဝန်ဆောင်ခတွေပေးရတာကြောင့် ငွေတွေမကုန်ကျသင့်ဘဲနဲ့ ကုန်ရတယ်။” ဆိုပြီး ပြောပြခဲ့ပါတယ်။
- Advertisement -
ပြည်တွင်းစီးပွားရေးရှင်တွေက ကုန်သွယ်ရေးအတွက် ငွေပေးချေတဲ့အခါမှာ စင်္ကာပူဘဏ်တွေကနေတဆင့်  ငွေပေးချေရတာဖြစ်တဲ့အတွက် အဆိုပါဘဏ်တွေဟာ ကုန်သည်တွေဆီကနေ ဝန်ဆောင်ခတွေရတာကြောင့် ဘဏ်တွေအတွက် အကျိုးအမြတ်ရှိပြီး ကုန်သည်တွေအတွက်တော့ နစ်နာကြောင်း သိရှိရပါတယ်။
ပြည်တွင်းရှိစီးပွားရေးရှင်တွေ၊ ကုန်သည်တွေဆီကနေ အဆိုပါ ဝေဖန်ချက်တွေကို ကြားသိရတဲ့အခါမှာ ပြည်တွင်းဘဏ်တွေက ၎င်းတို့ဟာလည်း မြန်မာ့ဗဟိုဘဏ်က ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း  ဆောင်ရွက်တာဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့ပါတယ်။
နိုင်ငံခြားငွေလဲလှယ်ထုတ်ယူခြင်းနဲ့ သက်ဆိုင်တဲ့ စီမံအုပ်ချုပ်မှု ဥပဒေကို ၂၀၁၂ ခုနှစ်မှာ စတင်  ထုတ်ပြန်ကြေငြာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့  ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်မှုမှာ “မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် ၊ နိုုင်ငံတွင်းမှာမဟုတ်ဘဲ နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံအတွင်းကို ရွှေ၊ ရတနာ နဲ့ နိုင်ငံခြားငွေတွေ ပေးပို့တဲ့အခါမှာ  မြန်မာဗဟိုဘဏ်က  ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမည်။” ဖြစ်ကြောင်း ဆိုထားပါတယ်။
<Unicode Version>
<Zawgyi Version>
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&share
- Advertisement -
Must Read