Breaking News
အသက်အငယ်ဆုံးဘွဲ့ရအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည့် (၁၃) နှစ်အရွယ်ကျောင်းသားလေး။
Jack Rico ဟုအမည်ရသည့် အသက် (၁၃) နှစ်အရွယ်ကျောင်းသားလေးသည် Fullerton ကောလိပ်ရဲ့ အသက်အငယ်ဆုံးဘွဲ့ရရှိသည့် ကျောင်းသားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို မူလအစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ La Mirada ရှိ Jack Rico ရဲ့ နေအိမ်ရှေ့၌သာ အကျဉ်းချုံးကျင်းပခဲ့ပြီး မိသားစုဝင်များ၊ သူငယ်ချင်းများက ကားပေါ်မှတစ်ဆင့် အဆိုပါ (၁၃) နှစ်သားလေးရဲ့ ထူးချွန်မှုအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။
Jack Rico အနေဖြင့် အသက်အငယ်ဆုံးဘွဲ့ရရှိသည့်ကျောင်းသားအဖြစ် မှတ်တမ်းဝင်ခဲ့ရုံသာမက သူရရှိသည့်ဘွဲ့အရေအတွက်ကလည်း တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်ဘွဲ့(၄) ခုကိုလည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဘွဲ့များအတွက် Jack Rico က သက်ဆိုင်ရာစာမေးပွဲများကို ပျမ်းမျှအဆင့်အမှတ် (၄.၀) စီရရှိအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ယခုကဲ့သို့စွမ်းဆောင်နိုင်ခဲ့သည့်ခံစားချက်နဲ့ပတ်သက်၍လည်း Jack Ricoက “ကျွန်တော် ဒီလိုမျိုးစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် အခုထိ မယုံကြည်နိုင်သေးသလို တကယ်တမ်းလက်တွေ့မှာ ကျွန်တော်ဘာတွေလုပ်ခဲ့လဲမသိပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။
Jack Rico သည် သူ့ရဲ့ပထမဆုံးဘွဲ့လက်မှတ်ကို ခမ်းခမ်းနားနားလက်ခံရယူနိုင်ရန် မျှော်လင့်ခဲ့ပေမယ့် ဘွဲ့နှင်းသဘင်အခမ်းအနားပျက်ပြယ်ခဲ့ရခြင်းအတွက် အနည်းငယ်စိတ်မကောင်းဖြစ်ပြီး စိတ်ပျက်ခဲ့ရကြောင်း သိရှိရပါတယ်။ Jack Rico ရဲ့ မိခင်ဖြစ်သူ Ru Andrade က သူမရဲ့သားဖြစ်သူသည် အသက် (၄) နှစ်ပြည့်မွေးနေ့မှစတင်ကာ ထူးခြားလာခဲ့ကြောင်း၊ သူ့ရဲ့အဆိုပါမွေးနေ့မတိုင်ခင်က သားဖြစ်သူကို ဘာလိုချင်လဲဟုမေးမြန်းခဲ့ရာ Jack Rico က အိမ်ဖြူတော်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်ဟု ပြန်ပြောင်းပြောပြခဲ့ပါတယ်။
Jack Rico အနေဖြင့် အနာဂတ်၌ Las Vegas ရှိ Nevada တက္ကသိုလ်မှဘွဲ့ရရှိရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်၌မူ ဗီဒီယိုဂိမ်းများကစားရင်းဖြင့် နွေရာသီအားလပ်ရက်ကာလကို ကျော်ဖြတ်နေကြောင်း သိရှိရပါတယ်။
<Unicode Version>
<Zawgyi Version>
#soshwelifestyle
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။
Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro