Breaking News

ဆန်ချိုကိုခေါ်ယူရန်အဆင်မပြေပါက ယူနိုက်တက်တို့ကြိုးစားလာမည့် ကစားသမား (၃) ယောက်။

ယူနိုက်တက်အသင်းသည် ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမားဆန်ချိုကိုခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ပါက အစားထိုးကြိုးစားမယ့် ကစားသမား (၃) ယောက်ကို ကြိုတင်သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ ယူနိုုက်တက်အသင်းသည် သူတို့ရဲ့ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်သည့် ဆန်ချိုကို လာမယ့်အပြောင်းအရွှေ့၌ အရခေါ်ယူနိုင်ရန် ကြိုးစားနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀) အနည်းဆုံး အသုံးပြုရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်အလွန်ကာလ၌ ဘဏ္ဍာရေးဆိုင်ရာမတည်ငြိမ်မှုများနဲ့ ရင်ဆိုင်နေရခြင်းကြောင့် ဆန်ချိုအတွက် ဒေါ့မွန်အသင်းတောင်းဆိုသည့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ခြင်းမရှိပါက ဆန်ချိုအစားခေါ်ယူရန် ပစ်မှတ်ထားလာနိုင်သည့် ကစားသမား (၃) ယောက်ကို ယူနိုက်တက်အသင်းက ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ အဆိုပါကစားသမားများမှာမူ အာဂျင်တီးနားကလပ် Atletico Velez Sarsfield အသင်းမှတောင်ပံကစားသမား သီယာဂိုအယ်လ်မာဒါ၊ ရှော်လ်ကေးကြယ်ပွင့် ရပ်ဘီမာတွန်ဒိုနဲ့ ဘုန်းမောက်ကစားသမား ဒေးဗစ်ဘရွတ်ခ်တို့ဖြစ်ကြောင်း သိရှိရပါတယ်။

အာဂျင်တီးနားလူမျိုးကြယ်ပွင့်အယ်မာဒါက သူ့ရဲ့မိခင်ကလပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး မာတွန်ဒိုသည်လည်း ပြီးခဲ့သည့်နှစ်အတွင်း၌ မန်စီးတီးအသင်းမှ  ရှော်လ်ကေးအသင်းသို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်ထားသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဒေးဗစ်ဘရွတ်ခ်ကိုမူ သူ့ရဲ့ခြေစွမ်းပိုင်းကြောင့် ယူနိုက်တက်အပြင်အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းများကပါ စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ဆန္ခ်ိဳကိုေခၚယူရန္အဆင္မေျပပါက ယူႏိုက္တက္တို႔ႀကိဳးစားလာမည့္ ကစားသမား (၃) ေယာက္။

ယူႏိုက္တက္အသင္းသည္ ေဒါ့မြန္အသင္းရဲ႕ေတာင္ပံကစားသမားဆန္ခ်ိဳကိုေခၚယူရန္ အဆင္မေျပျဖစ္ခဲ့ပါက အစားထိုးႀကိဳးစားမယ့္ ကစားသမား (၃) ေယာက္ကို ႀကိဳတင္သတ္မွတ္ထားေၾကာင္း သိရွိရပါတယ္။ ယူႏုိုက္တက္အသင္းသည္ သူတုိ႔ရဲ႕ကာလရွည္ပစ္မွတ္ကစားသမားတစ္ဦးျဖစ္သည့္ ဆန္ခ်ိဳကို လာမယ့္အေျပာင္းအေရႊ႕၌ အရေခၚယူႏိုင္ရန္ ႀကိဳးစားေနၿပီး ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၁၀၀) အနည္းဆံုး အသံုးျပဳရဖြယ္ရွိေနပါတယ္။

ဒါေပမယ့္ ကိုရိုနာဗုိင္းရပ္စ္အလြန္ကာလ၌ ဘ႑ာေရးဆိုင္ရာမတည္ၿငိမ္မႈမ်ားနဲ႔ ရင္ဆုိင္ေနရျခင္းေၾကာင့္ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းေတာင္းဆုိသည့္ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ႏုိင္ျခင္းမရွိပါက ဆန္ခ်ိဳအစားေခၚယူရန္ ပစ္မွတ္ထားလာႏုိင္သည့္ ကစားသမား (၃) ေယာက္ကုိ ယူႏိုက္တက္အသင္းက ႀကိဳတင္သတ္မွတ္ထားျခင္းျဖစ္ပါတယ္။ အဆုိပါကစားသမားမ်ားမွာမူ အာဂ်င္တီးနားကလပ္ Atletico Velez Sarsfield အသင္းမွေတာင္ပံကစားသမား သီယာဂိုအယ္လ္မာဒါ၊ ေရွာ္လ္ေကးၾကယ္ပြင့္ ရပ္ဘီမာတြန္ဒိုနဲ႔ ဘုန္းေမာက္ကစားသမား ေဒးဗစ္ဘရြတ္ခ္တုိ႔ျဖစ္ေၾကာင္း သိရွိရပါတယ္။

အာဂ်င္တီးနားလူမ်ိဳးၾကယ္ပြင့္အယ္မာဒါက သူ႔ရဲ႕မိခင္ကလပ္အသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပေနသည့္ ကစားသမားတစ္ဦးျဖစ္ၿပီး မာတြန္ဒိုသည္လည္း ၿပီးခဲ့သည့္ႏွစ္အတြင္း၌ မန္စီးတီးအသင္းမွ  ေရွာ္လ္ေကးအသင္းသို႔ ေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း ေတာက္ပသည့္အနာဂတ္ကို ပိုင္ဆိုင္ထားသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘုန္းေမာက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေဒးဗစ္ဘရြတ္ခ္ကိုမူ သူ႔ရဲ႕ေျခစြမ္းပိုင္းေၾကာင့္ ယူႏုိက္တက္အျပင္အျခားေသာပရီးမီးယားလိဂ္ကလပ္အသင္းမ်ားကပါ စိတ္ဝင္စားလ်က္ရွိေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro