Breaking News

ဘဏ်လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ဆော်ဒီအာရေဗျအစိုးရရဲ့အစီအစဉ်။

ဆော်ဒီအာရေဗျအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ရေနံစျေးနှုန်းများကျဆင်းမှုကြောင့် အခက်တွေ့နေရသည့်ဘဏ်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၁၈.၇၅) ဘီလျံ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါတယ်။ ဆော်ဒီနိုင်ငံရဲ့ဗဟိုဘဏ်အဖြစ် လူသိများသည့်  ဆော်ဒီငွေကြေးအာဏာပိုင် (SAMA) သည် ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုအတွက်  ချေးငွေအထောက်အပံ့များ တိုးမြှင့်ကူညီနိုင်ကြောင်း ပြီးခဲ့သည့်တနလာင်္နေ့က ထုတ်ပြန်ခဲ့သည့်ကြေညာချက်၌ဖော်ပြခဲ့ပါတယ်။

အဆိုပါအစီအစဉ်က ဘဏ်များကိုအတိုးနှုန်းမယူဘဲငွေချေးပေးရန်စီစဉ်ထားခြင်းဖြစ်ပြီး ပုဂ္ဂလိကဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများကို အထောက်အပံ့ပေးရန်ရည်ရွယ်ထားပါတယ်။ ပြီးခဲ့သည့် မတ်လနဲ့ဧပြီလအတွင်း၌ ရေနံစျေးနှုန်းများကျဆင်းမှုကြောင့် မတည်မငြိမ်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံခြားရန်ပုံငွေနဲ့အချုပ်အခြာအာဏာပိုင်အဖွဲ့အစည်းများရဲ့ ဆော်ဒီ Riyals ဘီလျံ (၁၅၀) ကို ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖြစ် လွှဲပြောင်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာဝန်ကြီး Mohammed Al Jadaan က ဖွင့်ဟပြောကြားခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အဆိုအရ ယခုနှစ်အတွက်  ဆော်ဒီနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာလိုငွေပြသမှုသည် ပြည်တွင်းထုတ်ကုန်စုစုပေါင်းရဲ့ (၁၃) ရာခိုင်နှုန်းနီးပါးအထိရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် တရားဝင်ဘဏ်စုဆောင်းငွေသည် ယခုနှစ်အတွင်း ဒေါ်လာ (၄၅၆) ဘီလျံအထိ ကျဆင်းသွားခဲ့ပြီး  (၂၀၂၁) ခုနှစ်၌ ဒေါ်လာ (၄၀၉) ဘီလျံအထိ ကျဆင်းသွားဖွယ်ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းသုံးသပ်ထားပါတယ်။ ပြီးခဲ့သည့်ဧပြီလအကုန်၌  ဆော်ဒီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုက ဒေါ်လာ (၄၄၃) ဘီလျံရှိပြီး (၂၀၂၀) ခုနှစ်အတွင်း၌ ဒေါ်လာဘီလျံ (၂၂၀) အထိချေးယူနိုင်ရာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်က ခန့်မှန်းထားသည့်ချေးငွေပမာဏထက် ဘီလျံ (၁၀၀) ခန့် ပိုမိုများပြားလာကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ဘဏ္လုပ္ငန္းမ်ားလည္ပတ္ႏုိင္ရန္အတြက္ ေဆာ္ဒီအာေရဗ်အစိုးရရဲ႕အစီအစဥ္။

ေဆာ္ဒီအာေရဗ်အစိုးရသည္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ေရနံေစ်းႏႈန္းမ်ားက်ဆင္းမႈေၾကာင့္ အခက္ေတြ႕ေနရသည့္ဘဏ္လုပ္ငန္းအတြက္ အေမရိကန္ေဒၚလာ (၁၈.၇၅) ဘီလ်ံ ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း သိရွိရပါတယ္။ ေဆာ္ဒီႏိုင္ငံရဲ႕ဗဟိုဘဏ္အျဖစ္ လူသိမ်ားသည့္  ေဆာ္ဒီေငြေၾကးအာဏာပိုင္ (SAMA) သည္ ဘ႑ာေရးဆုိင္ရာတည္ၿငိမ္မႈအတြက္  ေခ်းေငြအေထာက္အပံ့မ်ား တုိးျမွင့္ကူညီႏုိင္ေၾကာင္း ၿပီးခဲ့သည့္တနလာၤေန႔က ထုတ္ျပန္ခဲ့သည့္ေၾကညာခ်က္၌ေဖာ္ျပခဲ့ပါတယ္။

အဆိုပါအစီအစဥ္က ဘဏ္မ်ားကိုအတုိးႏႈန္းမယူဘဲေငြေခ်းေပးရန္စီစဥ္ထားျခင္းျဖစ္ၿပီး ပုဂၢလိကဆိုင္ရာ အလုပ္အကိုင္အခြင့္အလမ္းမ်ားကို အေထာက္အပံ့ေပးရန္ရည္ရြယ္ထားပါတယ္။ ၿပီးခဲ့သည့္ မတ္လနဲ႔ဧၿပီလအတြင္း၌ ေရနံေစ်းႏႈန္းမ်ားက်ဆင္းမႈေၾကာင့္ မတည္မၿငိမ္မႈမ်ားျဖစ္ပြားခဲ့သည့္အတြက္ ႏိုင္ငံျခားရန္ပံုေငြနဲ႔အခ်ဳပ္အျခာအာဏာပိုင္အဖြဲ႕အစည္းမ်ားရဲ႕ ေဆာ္ဒီ Riyals ဘီလ်ံ (၁၅၀) ကို ျပည္သူ႔ရင္းႏွီးျမွဳပ္ႏွံမႈရန္ပံုေငြအျဖစ္ လႊဲေျပာင္းေပးခဲ့ေၾကာင္း ဘ႑ာေရးဆိုင္ရာဝန္ႀကီး Mohammed Al Jadaan က ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတကာေငြေၾကးရန္ပံုေငြအဖဲြ႕ရဲ႕အဆိုအရ ယခုႏွစ္အတြက္  ေဆာ္ဒီႏုိင္ငံရဲ႕ ဘ႑ာေရးဆုိင္ရာလုိေငြျပသမႈသည္ ျပည္တြင္းထုတ္ကုန္စုစုေပါင္းရဲ႕ (၁၃) ရာခိုင္ႏႈန္းနီးပါးအထိရွိေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ တရားဝင္ဘဏ္စုေဆာင္းေငြသည္ ယခုႏွစ္အတြင္း ေဒၚလာ (၄၅၆) ဘီလ်ံအထိ က်ဆင္းသြားခဲ့ၿပီး (၂၀၂၁) ခုႏွစ္၌ ေဒၚလာ (၄၀၉) ဘီလ်ံအထိ က်ဆင္းသြားဖြယ္ရွိေၾကာင္း ႏုိင္ငံတကာေငြေၾကးရန္ပံုေငြအဖဲြ႕က ခန္႔မွန္းသံုးသပ္ထားပါတယ္။ ၿပီးခဲ့သည့္ဧၿပီလအကုန္၌  ေဆာ္ဒီဗဟိုဘဏ္ရဲ႕ ႏုိင္ငံျခားေငြေၾကးပိုင္ဆိုင္မႈက ေဒၚလာ (၄၄၃) ဘီလ်ံရွိၿပီး (၂၀၂၀) ခုႏွစ္အတြင္း၌ ေဒၚလာဘီလ်ံ (၂၂၀) အထိေခ်းယူႏုိင္ရာ ကိုရိုနာဗုိင္းရပ္စ္မျဖစ္ပြားခင္က ခန္႔မွန္းထားသည့္ေခ်းေငြပမာဏထက္ ဘီလ်ံ (၁၀၀) ခန္႔ ပိုမိုမ်ားျပားလာေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Businesstimes

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro