ယူနိုက်တက်အသင်းသည် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းရဲ့ အဓိကတောင်ပံကစားသမား စတာလင်ကိုခေါ်ယူရန် ကြိုးစားလာနိုင်ကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် စတာလင်သည် လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပြီး (၂၀၁၇-၁၈) ခုနှစ် ဘောလုံးရာသီမှစတင်ကာ မန်စီးတီးအသင်းအတွက် လိဂ်သွင်းဂိုး (၇၈) ဂိုးသွင်းပေးထားသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
တစ်ချိန်ချိန်၌ စပိန်နိုင်ငံသို့သွားရောက်ကစားရန် ဆန္ဒရှိသည်ဟု စတာလင်ကိုယ်တိုင်က ဝန်ခံပြောကြားထားပေမယ့် လက်ရှိအချိန်အထိ စပိန်ကလပ်များဘက်မှ စတာလင်နဲ့ပတ်သက်၍ ကမ်းလှမ်းမှုတစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိသေးပေ။
ဒီဘရိုင်းအပါအဝင် မန်စီးတီးအသင်းရဲ့ကြယ်ပွင့်ကစားသမားအများစုက အသင်းကိုစွန့်ခွာရန် ဆန္ဒရှိလာပြီး ယူနိုက်တက်အသင်းက အဆိုပါအချက်ကိုအသုံးချ၍ မန်စီးတီးအသင်းရဲ့ အဓိကတောင်ပံကစားသမား စတာလင်ကိုခေါ်ယူရန် သွေးတိုးစမ်းလာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းအနေဖြင့် ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန် အဓိကဦးစားပေးပစ်မှတ်ထားနေပြီး အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်၊ ဆွမ်ဆီးအသင်းရဲ့ နောက်ခံလူ ဂျိုးရိုဒွန်တို့ကို ခေါ်ယူရန်အတွက်လည်း ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။
<Unicode Version>
ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းရဲ့အဓိက ကစားသမားတစ္ဦးကို ေခၚယူရန္ႀကိဳးစားေနသည့္ ယူနိုက္တက္။
ယူနိုက္တက္အသင္းသည္ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းရဲ့ အဓိကေတာင္ပံကစားသမား စတာလင္ကိုေခၚယူရန္ ႀကိဳးစားလာနိုင္ေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။ အသက္ (၂၅) ႏွစ္အရြယ္ စတာလင္သည္ လီဗာပူးအသင္းရဲ့ ကစားသမားေဟာင္းတစ္ေယာက္လည္းျဖစ္ၿပီး (၂၀၁၇-၁၈) ခုႏွစ္ ေဘာလုံးရာသီမွစတင္ကာ မန္စီးတီးအသင္းအတြက္ လိဂ္သြင္းဂိုး (၇၈) ဂိုးသြင္းေပးထားသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။
တစ္ခ်ိန္ခ်ိန္၌ စပိန္နိုင္ငံသို႔သြားေရာက္ကစားရန္ ဆႏၵရွိသည္ဟု စတာလင္ကိုယ္တိုင္က ဝန္ခံေျပာၾကားထားေပမယ့္ လက္ရွိအခ်ိန္အထိ စပိန္ကလပ္မ်ားဘက္မွ စတာလင္နဲ႔ပတ္သက္၍ ကမ္းလွမ္းမႈတစ္စုံတစ္ရာျပဳလုပ္ထားျခင္းမရွိေသးေပ။
ဒီဘရိုင္းအပါအဝင္ မန္စီးတီးအသင္းရဲ့ၾကယ္ပြင့္ကစားသမားအမ်ားစုက အသင္းကိုစြန္႔ခြာရန္ ဆႏၵရွိလာၿပီး ယူနိုက္တက္အသင္းက အဆိုပါအခ်က္ကိုအသုံးခ်၍ မန္စီးတီးအသင္းရဲ့ အဓိကေတာင္ပံကစားသမား စတာလင္ကိုေခၚယူရန္ ေသြးတိုးစမ္းလာဖြယ္ရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္အသင္းအေနျဖင့္ ေဒါ့မြန္အသင္းရဲ့ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူရန္ အဓိကဦးစားေပးပစ္မွတ္ထားေနၿပီး အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္၊ ဆြမ္ဆီးအသင္းရဲ့ ေနာက္ခံလူ ဂ်ိဳးရိုဒြန္တို႔ကို ေခၚယူရန္အတြက္လည္း ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ Sportsmole
#HM(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare