Breaking News

ဝန်ထမ်းပေါင်း (၁,၀၀၀) ကျော်ရှာဖွေနေသည့် ဘဏ္ဍာရေးဆိုင်ရာအကယ်ဒမီကျောင်း။

ယခုနှစ်အတွင်း စတင်တည်ထောင်ခဲ့သည့် Lifeproof အမည်ရ အကယ်ဒမီကျောင်းတစ်ခုသည် အလုပ်ရှာဖွေနေသူများ၊ ဘွဲ့ရများနဲ့ ပညာသင်ကြားနေဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ပြည့်နဲ့ အလုပ်သင်အလုပ်အကိုင်ပေါင်း (၁,၀၀၀) ကျော် ဖန်တီးပေးထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါအကယ်ဒမီကျောင်း၌ တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများသည် ဘဏ္ဍာရေးလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအဖြစ် သင်ယူနိုင်ပြီး မိမိကိုယ်ကို တိုးတက်မှုရှိလာစေရန်အတွက်လည်း သင်ခန်းစာများပို့ချပေးကြောင်း သိရှိရပါတယ်။

Great Eastern Holdings ကို (၁၉၀၈) ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၌ စတင်တည်ထောင်ခဲ့ပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ရဲ့ သက်တမ်းအရင့်ဆုံး အသက်အာမခံအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းရဲ့ လက်အောက်ခံ Lifeproof မှ တစ်နှစ်ကြာသင်ကြားပို့ချမည့် သင်တန်းအတွက် သင်တန်းသား (၂၀၀) ကျော်ကို တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုအထဲ၌ နည်းပညာတက္ကသိုလ်များနဲ့ အခြားသောပုဂ္ဂလိကတက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများတက်ရောက်ခွင့်ရရှိမည်ဖြစ်ပါတယ်။

သင်တန်းသားများအနေဖြင့် ဒစ်ဂျစ်တယ်နဲ့နည်းပညာဆိုင်ရာလမ်းကြောင်း၊ စီးပွားရေး သို့မဟုတ် ကော်ပိုရိတ်လမ်းကြောင်းနဲ့ အစိုးရအုပ်ချုပ်ရေးဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံများကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် OCBC ဘဏ်ရဲ့ အာမခံဌာနက အဆိုပါသင်တန်းသားများကို လုပ်ငန်းခွင်အတွင်း လက်တွေ့သင်ကြားပေးခြင်းနဲ့ ပြီးပြည့်စုံသည့် e – learning သင်ကြားရေးနည်းစနစ်များကိုအသုံးပြုခြင်းတို့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ထို့အပြင်တက္ကသိုလ်ဘွဲ့ရများအတွက် ကော်ပိုရိတ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာနဲ့ဆက်နွယ်နေသည့် အစီအစဉ်များကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆင့်မြင့်တက္ကသိုလ်များမှ ကျောင်းသား (၁၀၀) ကျော်အတွက် အလုပ်သင်နေရာ (၁၀၀) ကျော် ခေါ်ယူရန်လည်းစီစဉ်ထားပါတယ်။ ယခုအစီအစဉ်များနဲ့စပ်လျဉ်း၍လည်း Great Eastern Group ရဲ့ အမှုဆောင်အရာရှိချုပ် Khor Hock Seng က ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုနဲ့ အာမခံလုပ်ငန်းများအပေါ် စိတ်ဝင်စားသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ စတင်ဖော်ဆောင်ပေးရန် ကုမ္ပဏီဘက်ကမျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

Khor Hock Seng က “ဒီလူတွေက လာမယ့်အနာဂတ်မှာ ကျယ်ပြန့်လာမယ့် စီးပွားရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပြီး အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့အခြေအနေတွေက တစ်နှစ်တာကာလကို ကျော်လွန်သွားနိုင်ပါတယ်။” ဟုပြောကြားသွားခဲ့ပါတယ်။ ယခုကဲ့သို့ အနာဂတ်အစီအစဉ်များနဲ့ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ပြီးချိန်၌ Great Eastern ရဲ့ အစုရှယ်ယာတန်ဖိုးများသည် (၀.၁) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 







<Zawgyi Version>

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro