မိမိရဲ့ချစ်သူ (သို့) အိမ်ထောင်ဖက်နဲ့ သဘောထားမတိုက်ဆိုင်တာမျိုးကြောင့် ရန်ဖြစ်ရ၊ စကားများရတာဟာ အတော်လေးကို စိတ်ပင်ပန်းစရာကောင်းပါတယ်။ တစ်ဝမ်းထဲက မွေးဖွားလာတဲ့ သွေးသားရင်းချာ မောင်နှမတွေနဲ့တောင်မှ သဘောထားချင်း တိုက်ဆိုင်နိုင်တာ မဟုတ်ပါဘူးနော်။ ဒါ့ကြောင့် မတူညီတဲ့ ဝမ်းဗိုက်ကဆင်းသက်လာတဲ့ လူနှစ်ဦးဟာ အစစအရာရာ သဘောထားတိုက်ဆိုင်ဖို့ဆိုတာ အဝေးကြီးပါပဲ။ ဒါပေမယ့် ပညာရှင်တွေက ချစ်သူတွေ၊ လက်တွဲဖော်တွေနဲ့ စကားများရန်ဖြစ်ပြီးတဲ့နောက်ပိုင်း ပြုလုပ်ရမယ့် လိုက်နာသင့်တဲ့အချက်တွေ ဖော်ပြပေးလိုက်ပါတယ်။
မိမိတစ်ယောက်တည်းရှိနေစဉ် ပြုလုပ်သင့်တဲ့အချက်များ။
၁။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ချစ်သူနဲ့ ရန်ဖြစ်စကားများထားတာကို ခဏမေ့ထားကာ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊ သီချင်းဖွင့်ပြီး ကလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
၂။ မိမိကိုယ်ကို ပြန်သုံးသပ်ပါ။ ချစ်ရသူနဲ့ ရန်ဖြစ်စကားများပြီးတဲ့နောက် သင်ခံစားနေရတဲ့ ခံစားချက်ကို နားလည်အောင်ကြိုးစားပါ။ သင့်ချစ်သူရဲ့ ခံစားချက်ကိုလည်း နားလည်အောင် ကြိုးစားပါ။
၃။ ကိုယ်ပြောလိုက်မိတဲ့ ဘယ်လိုထိုးနှက်မှုတွေကြောင့် မိမိရဲ့ချစ်သူ စိတ်မကောင်းဖြစ်သွားရတယ်ဆိုတာကို စဉ်းစားပါ။ ဆိုလိုချင်တာက ဘယ်လိုမျိုး အကြောင်းရင်းကြောင့် သဘောထားကွဲလွဲပြီး ရန်ဖြစ်ရတယ်ဆိုတာကို စဉ်းစားပါ။
ထို့နောက် နှစ်ယောက်သားပြန်လည်အဆင်ပြေအောင် အောက်ပါအချက်တွေကို ပြုလုပ်ပါ။
၁။ မိမိရဲ့လက်တွဲဖော် (သို့) ချစ်သူကို သူဘယ်အချိန်မှာ ပြန်ပြီးတော့ စကားပြောချင်လဲဆိုတာကို မေးမြန်းပါ။ ချစ်ရသူက ကိုယ့်နဲ့စကားပြောဖို့ အချိန်ထပ်လိုချင်သေးတယ်ဆိုရင်လည်း အချိန်ထပ်ပေးလိုက်ပါ။
၂။ သင့်ချစ်သူက သင်နဲ့စကားပြောဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သင့်ရဲ့ခံစားချက်ကို ထုတ်ပြောပြီး သူ့ရဲ့ခံစားချက်ကိုလည်း နားလည်ကြောင်း ထုတ်ဖော်ပြောကြားပါ။
၃။ သင့်ချစ်သူက ပြောပြလာတဲ့ သူ့ရဲ့ခံစားချက်တွေ သူ့ရဲ့အတွေး/အမြင်တွေကို ပြောလို့ပြီးတဲ့အထိ စကားဖြတ်မပြောဘဲ အဆုံးထိ နားထောင်ပေးလိုက်ပါ။
၄။ ချစ်သူနဲ့ ရန်ဖြစ်ထားပြီးတဲ့နောက် ကိုယ်ဒေါသထွက်မနေတော့ဘူးဆိုတာကို ကိုယ့်ရဲ့ချစ်ရသူလေးသိစေဖို့ သူ့ကိုချီးကျူးတဲ့စကားပဲဖြစ်ဖြစ် ၊ နှစ်ဦးသား ရယ်မောစေရမယ့် ဟာသတစ်ခုခုကို ပြောသင့်ပါတယ်။ အဲ့ဒါမှလည်း နှစ်ဦးစလုံးက ရန်မဖြစ်ခင်ကလို စိတ်ချမ်းသာတဲ့ အချိန်လေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
<Unicode Version>
မိမိရဲ႕ခ်စ္သူ၊ လက္တြဲေဖာ္နဲ႕ စကားမ်ားရန္္ျဖစ္ၿပီးေနာက္ပိုင္း ျပဳလုပ္သင့္တဲ့ အခ်က္ ၇ ခ်က္။
မိမိရဲ႕ခ်စ္သူ (သို႔) အိမ္ေထာင္ဖက္နဲ႔ သေဘာထားမတိုက္ဆိုင္တာမ်ိဳးေၾကာင့္ ရန္ျဖစ္ရ၊ စကားမ်ားရတာဟာ အေတာ္ေလးကို စိတ္ပင္ပန္းစရာေကာင္းပါတယ္။ တစ္ဝမ္းထဲက ေမြးဖြားလာတ့ဲ ေသြးသားရင္းခ်ာ ေမာင္ႏွမေတြနဲ႔ေတာင္မွ သေဘာထားခ်င္း တိုက္ဆိုင္ႏိုင္တာ မဟုတ္ပါဘူးေနာ္။ ဒါ့ေၾကာင့္ မတူညီတဲ့ ဝမ္းဗိုက္ကဆင္းသက္လာတဲ့ လူႏွစ္ဦးဟာ အစစအရာရာ သေဘာထားတိုက္ဆိုင္ဖို႔ဆိုတာ အေဝးႀကီးပါပဲ။ ဒါေပမယ့္ ပညာရွင္ေတြက ခ်စ္သူေတြ၊ လက္တြဲေဖာ္ေတြနဲ႔ စကားမ်ားရန္ျဖစ္ၿပီးတဲ့ေနာက္ပိုင္း ျပဳလုပ္ရမယ့္ လိုက္နာသင့္တဲ့အခ်က္ေတြ ေဖာ္ျပေပးလိုက္ပါတယ္။
မိမိတစ္ေယာက္တည္းရွိေနစဥ္ ျပဳလုပ္သင့္တဲ့အခ်က္မ်ား။
၁။ စိတ္ကိုတည္ၿငိမ္ေအာင္ထားၿပီး ခ်စ္သူနဲ႔ ရန္ျဖစ္စကားမ်ားထားတာကို ခဏေမ့ထားကာ လမ္းထြက္ေလွ်ာက္တာပဲျဖစ္ျဖစ္၊ သီခ်င္းဖြင့္ၿပီး ကလိုက္တာပဲျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။
၂။ မိမိကုိယ္ကို ျပန္သုံးသပ္ပါ။ ခ်စ္ရသူနဲ႔ ရန္ျဖစ္စကားမ်ားၿပီးတဲ့ေနာက္ သင္ခံစားေနရတဲ့ ခံစားခ်က္ကို နားလည္ေအာင္ႀကိဳးစားပါ။ သင့္ခ်စ္သူရဲ႕ ခံစားခ်က္ကိုလည္း နားလည္ေအာင္ ႀကိဳးစားပါ။
၃။ ကိုယ္ေျပာလိုက္မိတဲ့ ဘယ္လိုထိုးႏွက္မႈေတြေၾကာင့္ မိမိရဲ႕ခ်စ္သူ စိတ္မေကာင္းျဖစ္သြားရတယ္ဆိုတာကို စဥ္းစားပါ။ ဆိုလိုခ်င္တာက ဘယ္လိုမ်ိဳး အေၾကာင္းရင္းေၾကာင့္ သေဘာထားကြဲလြဲၿပီး ရန္ျဖစ္ရတယ္ဆိုတာကို စဥ္းစားပါ။
ထို႕ေနာက္ ႏွစ္ေယာက္သားျပန္လည္အဆင္ေျပေအာင္ ေအာက္ပါအခ်က္ေတြကို ျပဳလုပ္ပါ။
၁။ မိမိရဲ႕လက္တြဲေဖာ္ (သို႔) ခ်စ္သူကို သူဘယ္အခ်ိန္မွာ ျပန္ၿပီးေတာ့ စကားေျပာခ်င္လဲဆိုတာကို ေမးျမန္းပါ။ ခ်စ္ရသူက ကိုယ့္နဲ႔စကားေျပာဖို႔ အခ်ိန္ထပ္လိုခ်င္ေသးတယ္ဆိုရင္လည္း အခ်ိန္ထပ္ေပးလိုက္ပါ။
၂။ သင့္ခ်စ္သူက သင္နဲ႔စကားေျပာဖို႔ အဆင္သင့္ျဖစ္ၿပီဆိုရင္ေတာ့ သင့္ရဲ႕ခံစားခ်က္ကို ထုတ္ေျပာၿပီး သူ႕ရဲ႕ခံစားခ်က္ကိုလည္း နားလည္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားပါ။
၃။ သင့္ခ်စ္သူက ေျပာျပလာတဲ့ သူ႕ရဲ႕ခံစားခ်က္ေတြ သူ႕ရဲ႕အေတြး/အျမင္ေတြကို ေျပာလို႔ၿပီးတဲ့အထိ စကားျဖတ္မေျပာဘဲ အဆုံးထိ နားေထာင္ေပးလိုက္ပါ။
၄။ ခ်စ္သူနဲ႔ ရန္ျဖစ္ထားၿပီးတဲ့ေနာက္ ကိုယ္ေဒါသထြက္မေနေတာ့ဘူးဆိုတာကို ကိုယ့္ရဲ႕ခ်စ္ရသူေလးသိေစဖို႔ သူ႕ကိုခ်ီးက်ဴးတဲ့စကားပဲျဖစ္ျဖစ္ ၊ ႏွစ္ဦးသား ရယ္ေမာေစရမယ့္ ဟာသတစ္ခုခုကို ေျပာသင့္ပါတယ္။ အဲ့ဒါမွလည္း ႏွစ္ဦးစလံုးက ရန္မျဖစ္ခင္ကလို စိတ္ခ်မ္းသာတဲ့ အခ်ိန္ေလးကို ျပန္လည္ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
<Zawgyi Version>
#soshwelifestyle
#soshweforyourdailylife
#likeandshare