သင်အရမ်းကိုမှ နှစ်သက်သဘောကျရတဲ့ အနုပညာရှင်တစ်ယောက်ဟာ သူ့ရဲ့အတွင်းရေးတွေကိုတောင် ကျေကျေနပ်နပ် ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ဟပြောဆိုလာတဲ့အခါမှာ အမာခံပရိသတ်ဖြစ်တဲ့ သင့်အနေနဲ့ ဘယ်လောက်ထိ ကျေနပ်အားရနေမလဲဆိုတာကို အဆိုပါအနုပညာရှင်ရဲ့ အမာခံပရိသတ်တွေကသာ နားလည်နိုင်ပါတယ်။
Justin Bieber ဟာ ဆိုးရွားတဲ့အရေပြားရောဂါကို ခံစားခဲ့ရပြီး အဆိုပါရောဂါဝေဒနာကြောင့် စိတ်ကျရောဂါကိုပါ ခံစားခဲ့ရပါတယ်။ ဒီရောဂါဆိုးကြီးကို ကုသတဲ့အချိန်မှာ Hailey က သူ့ရဲ့ခင်ပွန်းကို လိုလေသေးမရှိအောင် ဂရုစိုက်ပြုစုခဲ့တာကိုတော့ လူတိုင်းသတိထားမိကြမှာပါ။
Justin ဟာ ဒီရောဂါဝေဒနာကို သေချာကုသပြီးတဲ့နောက်မှာတော့ ပြန်ပြီးနလန်ထူလာနိုင်တာနဲ့ သီချင်းတွေကို ပြန်လည်သီဆိုလာပြီး ကမ္ဘာလှည့်ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ပြန်လည်ပြုလုပ်လာနိုင်ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ကမ္ဘာလှည့်ဖျော်ဖြေတင်ဆက်ပွဲမှာ Justin ရဲ့ ပရိသတ်တစ်ယောက်က Justin ဟာ သူ့ရဲ့အားလပ်ချိန်ကို ဘယ်လိုမျိုးကုန်ဆုံးလေ့ရှိလဲ ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။
အရမ်းကိုမှ ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ Justin ဟာ သူ့ရဲ့အားလပ်ချိန်တွေကို နေအိမ်မှာ ချစ်ဇနီးလေး Hailey နဲ့ ချစ်ရည်လူး တစ်တီတူးပြီး သူ့ရဲ့အားလပ်ချိန်တွေကို ကုန်ဆုံးလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။ Justin က “ကျွန်တော်ရဲ့အားလပ်ချိန်တွေကို ကျွန်တော့်ဇနီးလေးနဲ့ Netflix ကနေ ရုပ်ရှင်တွေကြည့်ရင်း နှစ်ဦးသား အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ချစ်ဇနီးလေးနဲ့ ဘာတွေလုပ်လဲဆိုတာကို ခင်ဗျားတို့သိမယ်ထင်တာကြောင့် အသေးစိတ်မပြောပြတော့ပါဘူး။ ကျွန်တော်တို့နှစ်ဦးတည်းရှိနေရင်တော့ ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်နေပါတယ်။” လို့ ပြောပြခဲ့ပါတယ်။
Youtube နဲ့ ပူးပေါင်းပြီးတော့ Justin Bieber ဟာ “Seasons” လို့ အမည်ရတဲ့ Justin ရဲ့ နေ့စဉ်ဘဝကို ဘယ်လိုမျိုးဖြတ်သန်းလဲဆိုတာကို မှတ်တမ်းတင်ဗီဒီယိုဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ခုမှာတော့ Justin နဲ့ Hailey တို့ရဲ့ မင်္ဂလာဆောင်ကိုရိုက်ကူးထားတဲ့ အပိုင်းမှာ Justin တစ်ယောက် အရမ်းကိုစိတ်လှုပ်ရှားပြီး စကားတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
Justin ရဲ့ မိဘအသိုင်းအဝိုင်းတွေအပြင် ပရိသတ်ထုကြီးကပါ Justin အပေါ် အရာရာနားလည်ပေးပြီး သည်းခံမှုအပြည့်နဲ့ အစစအရာရာ ဂရုစိုက်ပေးတတ်တဲ့ Hailey ကိုတော့ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။
<Unicode Version>
အိမ္ေထာင္ေရးဘဝအေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာတ့ဲ Justin Bieber
သင္အရမ္းကိုမွ ႏွစ္သက္သေဘာက်ရတဲ့ အႏုပညာရွင္တစ္ေယာက္ဟာ သူ႔ရဲ႕အတြင္းေရးေတြကိုေတာင္ ေက်ေက်နပ္နပ္ ပြင့္ပြင့္လင္းလင္းႀကီး ဖြင့္ဟေျပာဆိုလာတဲ့အခါမွာ အမာခံပရိသတ္ျဖစ္တဲ့ သင့္အေနနဲ႕ ဘယ္ေလာက္ထိ ေက်နပ္အားရေနမလဲဆိုတာကို အဆိုပါအႏုပညာရွင္ရဲ႕ အမာခံပရိသတ္ေတြကသာ နားလည္ႏိုင္ပါတယ္။
Justin Bieber ဟာ ဆိုးရြားတဲ့အေရျပားေရာဂါကို ခံစားခဲ့ရၿပီး အဆိုပါေရာဂါေဝဒနာေၾကာင့္ စိတ္က်ေရာဂါကိုပါ ခံစားခဲ့ရပါတယ္။ ဒီေရာဂါဆိုးႀကီးကို ကုသတဲ့အခ်ိန္မွာ Hailey က သူ႔ရဲ႕ခင္ပြန္းကို လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ျပဳစုခဲ့တာကိုေတာ့ လူတိုင္းသတိထားမိၾကမွာပါ။
Justin ဟာ ဒီေရာဂါေဝဒနာကို ေသခ်ာကုသၿပီးတဲ့ေနာက္မွာေတာ့ ျပန္ၿပီးနလန္ထူလာႏိုင္တာနဲ႔ သီခ်င္းေတြကို ျပန္လည္သီဆိုလာၿပီး ကမာၻလွည့္ေဖ်ာ္ေျဖတင္ဆက္မႈေတြကိုလည္း ျပန္လည္ျပဳလုပ္လာႏိုင္ပါတယ္။ မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ ကမာၻလွည့္ေဖ်ာ္ေျဖတင္ဆက္ပြဲမွာ Justin ရဲ႕ ပရိသတ္တစ္ေယာက္က Justin ဟာ သူ႔ရဲ႕အားလပ္ခ်ိန္ကို ဘယ္လိုမ်ိဳးကုန္ဆံုးေလ့ရွိလဲ ဆိုတဲ့ ေမးခြန္းကို ေမးခဲ့ပါတယ္။
အရမ္းကိုမွ ပြင့္လင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ Justin ဟာ သူ႔ရဲ႕အားလပ္ခ်ိန္ေတြကို ေနအိမ္မွာ ခ်စ္ဇနီးေလး Hailey နဲ႔ ခ်စ္ရည္လူး တစ္တီတူးၿပီး သူ႔ရဲ႕အားလပ္ခ်ိန္ေတြကို ကုန္ဆံုးေလ့ရွိေၾကာင္း ေျပာျပခဲ့ပါတယ္။ Justin က “ကၽြန္ေတာ္ရဲ႕အားလပ္ခ်ိန္ေတြကို ကၽြန္ေတာ့္ဇနီးေလးနဲ႔ Netflix ကေန ႐ုပ္ရွင္ေတြၾကည့္ရင္း ႏွစ္ဦးသား အားလပ္ခ်ိန္ေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆံုးေလ့ရွိပါတယ္။ ကၽြန္ေတာ့္ရဲ႕ခ်စ္ဇနီးေလးနဲ႔ ဘာေတြလုပ္လဲဆိုတာကို ခင္ဗ်ားတို႔သိမယ္ထင္တာေၾကာင့္ အေသးစိတ္မေျပာျပေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ႏွစ္ဦးတည္းရွိေနရင္ေတာ့ ၾကည္ၾကည္ႏူးႏူး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါတယ္။” လို႔ ေျပာျပခဲ့ပါတယ္။
Youtube နဲ႔ ပူးေပါင္းၿပီးေတာ့ Justin Bieber ဟာ “Seasons” လို႔ အမည္ရတဲ့ Justin ရဲ႕ ေန႔စဥ္ဘဝကို ဘယ္လိုမ်ိဳးျဖတ္သန္းလဲဆိုတာကို မွတ္တမ္းတင္ဗီဒီယိုဇာတ္လမ္းတြဲ ႐ိုက္ကူးခဲ့ပါတယ္။ အဆိုပါဇာတ္လမ္းတြဲရဲ႕ အပိုင္းတစ္ခုမွာေတာ့ Justin နဲ႔ Hailey တို႔ရဲ႕ မဂၤလာေဆာင္ကို႐ိုက္ကူးထားတဲ့ အပိုင္းမွာ Justin တစ္ေယာက္ အရမ္းကိုစိတ္လႈပ္ရွားၿပီး စကားေတြ အထစ္ထစ္အေငါ့ေငါ့ ျဖစ္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။
Justin ရဲ႕ မိဘအသိုင္းအဝိုင္းေတြအျပင္ ပရိသတ္ထုႀကီးကပါ Justin အေပၚ အရာရာနားလည္ေပးၿပီး သည္းခံမႈအျပည့္နဲ႔ အစစအရာရာ ဂ႐ုစိုက္ေပးတတ္တဲ့ Hailey ကိုေတာ့ ေက်းဇူးတင္မဆံုးျဖစ္ခဲ့ရပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare