HomeEducationပုဂ္ဂလိကပညာရေးရင်းနှီးမြုပ်နှံမှုဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မှီတဲ့ ပညာရှင်တွေ မွေးထုတ်ပေးနိုင်မည်လား?

ပုဂ္ဂလိကပညာရေးရင်းနှီးမြုပ်နှံမှုဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မှီတဲ့ ပညာရှင်တွေ မွေးထုတ်ပေးနိုင်မည်လား?

- Advertisement -

၂၀၁၈ ခုနှစ် ဟနွိုင်းမှာကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် ASEAN စီးပွားရေးဆွေးနွေးပွဲညီလာခံမှာ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်မှီတဲ့ ပညာရှင်ကောင်းတွေထွက်ပေါ်လာဖို့ ပညာရေးကဏ္ဍမှာ အမှန်တကယ် ကူညီနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေကြောင်း ပြောပြခဲ့ပါတယ်။ ပြည်တွင်းမှာ စွန့်ဦးတီထွင်စီးပွားရေး ပညာရှင်များပေါ်ပေါက်လာစေဖို့အတွက် နိုင်ငံတကာအဆင့်မှီ သင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားပေးဖို့ လိုအပ်နေကြောင်းကို မီးမောင်းထိုးပြခဲ့တယ်လို့ ဆိုရပါမယ်။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေများပြားလာခြင်းဟာ တက္ကသိုလ်တွေမှာသင်ယူခဲ့တဲ့ ပညာတွေကို လုပ်ငန်းခွင်မှာ ပြန်လည်အသုံးမပြုနိုင်တာလား? ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အသုံးပြုဖို့လိုအပ်တဲ့ အရည်အချင်းတွေကို တက္ကသိုလ်က မသင်ကြားပေးလိုက်တာလား? ဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကို ရှာဖွေကြည့်မယ်ဆိုရင်တော့ နိုင်ငံပိုင်တက္ကသိုလ်ကျောင်းတွေရဲ့ သင်ရိုးညွှန်တန်းတွေကို ပြန်လည်ကြည့်ရှုသုံးသပ်ရမှာပဲဖြစ်ပါတယ်။

- Advertisement -

မြန်မာနိုင်ငံအနှံ့အပြားမှာ အထည်ချုပ်လုပ်ငန်းတွေများပြားလာပြီးနောက် မြန်မာနိုင်ငံရဲ့ ပို့ကုန်စီးပွားရေးအတွက် အရေးကြီးဆုံးသော အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ အထည်ချုပ်ခြင်းပညာရပ်ဟာလည်း နိုင်ငံခြားမှရင်းနှီးမြှုပ်နှံမှုတွေကြောင့် တိုးတက်လို့လာပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေစပြီး ရေတွက်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အထည်ချုပ်ပို့ကုန်လုပ်ငန်းကနေ ဒေါ်လာ ၂.၂ ဘီလီယံလောက် ရရှိခဲ့တာကို တွေ့ရှိရပါတယ်။

- Advertisement -

မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေစီးဝင်မှုအများဆုံးသော စီးပွားရေးကဏ္ဍတွေထဲကတစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားဘာသာစကားတတ်ကျွမ်းပြီး နိုင်ငံခြားဧည့်သည်တော်များကို  ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို များစွာလိုအပ်လာပါတယ်။

- Advertisement -

ဒါ့အပြင် ငွေကြေးဝန်ဆောင်မှုပေးတဲ့ ဘဏ်လုပ်ငန်းတွေဟာလည်း ကျွမ်းကျင်စာရင်းကိုင်ပညာရှင်များစွာကို လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးပညာရှင်အဖွဲ့အစည်းကလည်း ဆောက်လုပ်ရေးကဏ္ဍမှာ အခြေခံအဆောက်အအုံတွေနဲ့ အဆင့်မြင့်တိုက်တာအိမ်ယာတွေကို တည်ဆောက်ဖို့ အရည်အသွေးပြည့်ဝတဲ့ ကျွမ်းကျင်အဆောက်အုံပညာရှင်တွေ လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အဆင့်မြင့်ပညာရေးပေါ်ပေါက်လာအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံခွင့်ပြုပေးခြင်းကလည်း  တန်ဖိုးရှိတဲ့အထောက်အကူတစ်ခုလို့ပြောလို့ရပါတယ်။ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူဖြစ်တဲ့ ဦးကျော်ထင်လတ်က “နိုင်ငံတော်မှာ အမှန်တကယ်လိုအပ်နေတဲ့ ပညာရှင်တွေပေါ်ပေါက်လာဖို့ အစိုးရအဖွဲ့အနေနဲ့ ဘွဲ့လက်မှတ်ရှိမှ လုပ်ငန်းခွင်ဝင်နိုင်မယ်ဆိုတဲ့ သာမန်အတွေးအခေါ်တွေကို  ပြောင်းလဲပေးဖို့အတွက် နိုင်ငံခြားကနေ မြန်မာနိုင်ငံမှာ ဌာနခွဲလာဖွင့်တဲ့ ပုဂ္ဂလိကပညာသင်ကျောင်းတွေကို ကြိုဆိုခဲ့တာပါ။ ဒါကြောင့် အဆိုပါပုဂ္ဂလိကပညာသင်ကျောင်းတွေမှာ လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ ပညာရပ်တွေကို သင်ယူစေခြင်းအားဖြင့် အလုပ်လက်မဲ့ဦးရေ နည်းပါးလာဖို့ မျှော်လင့်နိုင်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

 

ပုဂ္ဂလိကပညာရေးကျောင်းတွေအတွက် အခွင့်အလမ်းပိုရှိလာစေခြင်း။

အရည်အချင်းပြည့်မှီတဲ့ ပညာရေးကိုပေးစွမ်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိကပညာသင်ကျောင်းတွေကို ပိုပြီးအားကိုးလာတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများရဲ့ ခွင့်တောင်းချက်ကို ခွင့်ပြုပေးရတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ပုဂ္ဂလိကပညာရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို အပြည့်အဝခွင့်ပြုခဲ့ပါတယ်။ ဆရာအတတ်သင် ပုဂ္ဂလိကပညာသင်ကျောင်းတွေဟာ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက ချမှတ်ပေးထားတဲ့ သင်ရိုးညွှန်တန်းတွေကို အသုံးပြုရမယ် (သို့) နိုင်ငံတကာအဆင့်မှီပညာရေးတွေကို သင်ကြားပြသပေးရမှာပဲဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ ပညာသင်ကျောင်းအသစ်များစွာ ပေါ်ပေါက်လာပြီး နိုင်ငံတကာအဆင့်မှီ ပညာရေးဝန်ဆောင်မှုပေးလိုတဲ့ အေဂျင်စီများစွာကလည်း မြန်မာနိုင်ငံပညာရေးတိုးတက်အောင် ကူညီပေးလိုတဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့နေရပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လမှာတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ပုဂ္ဂလိကပိုင် Kaplan ကောလိပ်ကျောင်းက ဌာနခွဲတစ်ခုကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါတက္ကသိုလ်ကျောင်းတွင် ဒီဂရီဘွဲ့၊ အရည်အသွေးပြည့်မီဘွဲ့လက်မှတ်၊ MBA ဘွဲ့နဲ့ အခြားပညာရပ်ဆိုင်ရာ ဘွဲ့များစွာကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ ကိုရီးယားနိုင်ငံဆရာအတတ်သင်ကောလိပ်တစ်ခုက ဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုလိုသူတွေကို အဆင့်မြင့်ဆရာအတတ်သင်ပညာများ သင်ကြားပေးဖို့အတွက် မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ခဲ့ပါတယ်။

<Unicode Version>

 

 

ပုဂၢလိကပညာေရးရင္းႏွီးျမဳပ္ႏွံမႈဟာ ျမန္မာႏိုင္ငံအတြက္ အရည္အခ်င္းျပည့္မွီတဲ့ ပညာရွင္ေတြ ေမြးထုတ္ေပးႏိုင္မည္လား?

၂၀၁၈ ခုႏွစ္ ဟႏြိဳင္းမွာက်င္းပခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ASEAN စီးပြားေရးေဆြးေႏြးပြဲညီလာခံမွာ ျမန္မာႏိုင္ငံရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖြံ႔ၿဖိဳးတိုးတက္ၿပီးေသာႏိုင္ငံေတြကို အမွီလိုက္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံမွာ အရည္အခ်င္းျပည့္မွီတဲ့ ပညာရွင္ေကာင္းေတြထြက္ေပၚလာဖို႔ ပညာေရးက႑မွာ အမွန္တကယ္ ကူညီႏိုင္မယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လိုအပ္ေနေၾကာင္း ေျပာျပခဲ့ပါတယ္။ ျပည္တြင္းမွာ စြန္႔ဦးတီထြင္စီးပြားေရး ပညာရွင္မ်ားေပၚေပါက္လာေစဖို႔အတြက္ ႏိုင္ငံတကာအဆင့္မွီ သင္႐ိုးၫႊန္းတန္းေတြနဲ႔ သင္ၾကားေပးဖို႔ လိုအပ္ေနေၾကာင္းကို မီးေမာင္းထိုးျပခဲ့တယ္လို႔ ဆိုရပါမယ္။

ျမန္မာႏိုင္ငံမွာ အလုပ္လက္မဲ့ဦးေရမ်ားျပားလာျခင္းဟာ တကၠသိုလ္ေတြမွာသင္ယူခဲ့တဲ့ ပညာေတြကို လုပ္ငန္းခြင္မွာ ျပန္လည္အသံုးမျပဳႏိုင္တာလား? ဒါမွမဟုတ္ လုပ္ငန္းခြင္မွာ အသံုးျပဳဖို႔လိုအပ္တဲ့ အရည္အခ်င္းေတြကို တကၠသိုလ္က မသင္ၾကားေပးလိုက္တာလား? ဆိုတဲ့ ေမးခြန္းေတြရဲ႕အေျဖကို ရွာေဖြၾကည့္မယ္ဆိုရင္ေတာ့ ႏိုင္ငံပိုင္တကၠသိုလ္ေက်ာင္းေတြရဲ႕ သင္႐ိုးၫႊန္တန္းေတြကို ျပန္လည္ၾကည့္႐ႈသံုးသပ္ရမွာပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ အထည္ခ်ဳပ္လုပ္ငန္းေတြမ်ားျပားလာၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕ ပို႔ကုန္စီးပြားေရးအတြက္ အေရးႀကီးဆံုးေသာ အသက္ေမြးဝမ္းေက်ာင္းပညာျဖစ္တဲ့ အထည္ခ်ဳပ္ျခင္းပညာရပ္ဟာလည္း ႏိုင္ငံျခားမွရင္းႏွီးျမႇဳပ္ႏွံမႈေတြေၾကာင့္ တိုးတက္လို႔လာပါတယ္။ ၂၀၁၈ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကေနစၿပီး ေရတြက္ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ အထည္ခ်ဳပ္ပို႔ကုန္လုပ္ငန္းကေန ေဒၚလာ ၂.၂ ဘီလီယံေလာက္ ရရွိခဲ့တာကို ေတြ႕ရွိရပါတယ္။

ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံျခားေငြစီးဝင္မႈအမ်ားဆံုးေသာ စီးပြားေရးက႑ေတြထဲကတစ္ခုျဖစ္တဲ့ ခရီးသြားလုပ္ငန္းမွာ ႏိုင္ငံျခားဘာသာစကားတတ္ကၽြမ္းၿပီး ႏိုင္ငံျခားဧည့္သည္ေတာ္မ်ားကို  ေကာင္းမြန္စြာ ဝန္ေဆာင္မႈေပးႏိုင္တဲ့ ကၽြမ္းက်င္ဝန္ထမ္းေတြကို မ်ားစြာလိုအပ္လာပါတယ္။

ဒါ့အျပင္ ေငြေၾကးဝန္ေဆာင္မႈေပးတဲ့ ဘဏ္လုပ္ငန္းေတြဟာလည္း ကၽြမ္းက်င္စာရင္းကိုင္ပညာရွင္မ်ားစြာကို လိုအပ္ေနပါေသးတယ္။ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးပညာရွင္အဖြဲ႔အစည္းကလည္း ေဆာက္လုပ္ေရးက႑မွာ အေျခခံအေဆာက္အအံုေတြနဲ႔ အဆင့္ျမင့္တိုက္တာအိမ္ယာေတြကို တည္ေဆာက္ဖို႔ အရည္အေသြးျပည့္ဝတဲ့ ကၽြမ္းက်င္အေဆာက္အံုပညာရွင္ေတြ လိုအပ္ေနပါတယ္။

ဒါေပမယ့္လည္း ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ အဆင့္ျမင့္ပညာေရးေပၚေပါက္လာေအာင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လက္ခံခြင့္ျပဳေပးျခင္းကလည္း  တန္ဖိုးရွိတဲ့အေထာက္အကူတစ္ခုလို႔ေျပာလို႔ရပါတယ္။ ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူျဖစ္တဲ့ ဦးေက်ာ္ထင္လတ္က “ႏိုင္ငံေတာ္မွာ အမွန္တကယ္လိုအပ္ေနတဲ့ ပညာရွင္ေတြေပၚေပါက္လာဖို႔ အစိုးရအဖြဲ႕အေနနဲ႔ ဘြဲ႔လက္မွတ္ရွိမွ လုပ္ငန္းခြင္ဝင္ႏိုင္မယ္ဆိုတဲ့ သာမန္အေတြးအေခၚေတြကို  ေျပာင္းလဲေပးဖို႔အတြက္ ႏိုင္ငံျခားကေန ျမန္မာႏိုင္ငံမွာ ဌာနခြဲလာဖြင့္တဲ့ ပုဂၢလိကပညာသင္ေက်ာင္းေတြကို ႀကိဳဆိုခဲ့တာပါ။ ဒါေၾကာင့္ အဆိုပါပုဂၢလိကပညာသင္ေက်ာင္းေတြမွာ လုပ္ငန္းခြင္အတြက္လိုအပ္တဲ့ ပညာရပ္ေတြကို သင္ယူေစျခင္းအားျဖင့္ အလုပ္လက္မဲ့ဦးေရ နည္းပါးလာဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

 

ပုဂၢလိကပညာေရးေက်ာင္းေတြအတြက္ အခြင့္အလမ္းပိုရွိလာေစျခင္း။

အရည္အခ်င္းျပည့္မွီတဲ့ ပညာေရးကိုေပးစြမ္းႏိုင္ဖို႔အတြက္ အစိုးရအေနနဲ႔ ပုဂၢလိကပညာသင္ေက်ာင္းေတြကို ပိုၿပီးအားကိုးလာတာကို ေတြ႕ရပါတယ္။ ၂၀၁၈ ခုႏွစ္ ဧၿပီလတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္လိုသူမ်ားရဲ႕ ခြင့္ေတာင္းခ်က္ကို ခြင့္ျပဳေပးရတဲ့ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႔အစည္းက ပုဂၢလိကပညာေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားကို အျပည့္အဝခြင့္ျပဳခဲ့ပါတယ္။ ဆရာအတတ္သင္ ပုဂၢလိကပညာသင္ေက်ာင္းေတြဟာ ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာနက ခ်မွတ္ေပးထားတဲ့ သင္႐ိုးၫႊန္တန္းေတြကို အသံုးျပဳရမယ္ (သို႔) ႏိုင္ငံတကာအဆင့္မွီပညာေရးေတြကို သင္ၾကားျပသေပးရမွာပဲျဖစ္ပါတယ္။

ယခုေနာက္ပိုင္းမွာေတာ့ ပညာသင္ေက်ာင္းအသစ္မ်ားစြာ ေပၚေပါက္လာၿပီး ႏိုင္ငံတကာအဆင့္မွီ ပညာေရးဝန္ေဆာင္မႈေပးလိုတဲ့ ေအဂ်င္စီမ်ားစြာကလည္း ျမန္မာႏိုင္ငံပညာေရးတိုးတက္ေအာင္ ကူညီေပးလိုတဲ့ စိတ္အားထက္သန္မႈေတြကို ျမင္ေတြ႕ေနရပါတယ္။

၂၀၁၈ ခုႏွစ္ ဇြန္လမွာေတာ့ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ ပုဂၢလိကပိုင္ Kaplan ေကာလိပ္ေက်ာင္းက ဌာနခြဲတစ္ခုကို ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕တြင္ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အဆိုပါတကၠသိုလ္ေက်ာင္းတြင္ ဒီဂရီဘြဲ႔၊ အရည္အေသြးျပည့္မီဘြဲ႔လက္မွတ္၊ MBA ဘြဲ႔နဲ႔ အျခားပညာရပ္ဆိုင္ရာ ဘြဲ႕မ်ားစြာကို ရယူႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္းမွာ ကိုရီးယားႏိုင္ငံဆရာအတတ္သင္ေကာလိပ္တစ္ခုက ဆရာအျဖစ္အသက္ေမြးဝမ္းေက်ာင္းျပဳလိုသူေတြကို အဆင့္ျမင့္ဆရာအတတ္သင္ပညာမ်ား သင္ၾကားေပးဖို႔အတြက္ ျမန္မာႏိုင္ငံမွာ ႐ံုးခြဲဖြင့္ခဲ့ပါတယ္။

<Zawgyi Version>

 

 

- Advertisement -

Must Read