HomeEntertainment(၅) နှစ်အတွင်း ပထမဆုံးအယ်လ်ဘမ်ထုတ်ဝေမည့် Justin Bieber

(၅) နှစ်အတွင်း ပထမဆုံးအယ်လ်ဘမ်ထုတ်ဝေမည့် Justin Bieber

- Advertisement -

နာမည်ကျော် R&B အဆိုတော်တစ်ဦးဖြစ်သည့် Justin Bieber သည် (၅) နှစ်အတွင်း သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်သည့် Changes အယ်လ်ဘမ်ကို ပြီးခဲ့သည့်ကြာသပတေးနေ့က ပရိသတ်များထံ မိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါအယ်လ်ဘမ်၌ သီချင်း (၁၇) ပုဒ်ပါဝင်ပြီး Quavo၊ Post Malone၊ Travis Scott၊ Lil Dicky နဲ့ Kehlani တို့လည်း ပါဝင်ကူညီအားဖြည့်ပေးထားကြပါတယ်။

Justin Bieber သည် အဆိုပါအယ်လ်ဘမ်အတွင်းမှ သီချင်း (၃) ပုဒ်ကို ယခုအယ်လ်ဘမ်အသစ် မထွက်ခင်အချိန်တည်းက ပရိသတ်တွေထံ ဖြန့်ဝေပေးခဲ့ပြီး Yummy သီချင်းကို ဇန်နဝါရီလ (၃) ရက်နေ့၊ Kehlani နဲ့အတူ တွဲဖက်သီဆိုထားသည့် Get Me သီချင်းကို ဇန်နဝါရီလ (၂၈) ရက်နေ့၊ Quavo နဲ့ တွဲဖက်သီဆိုထားသည့် Intentions သီချင်းကို ဖေဖော်ဝါရီလ (၇) ရက်နေ့တို့၌ ပရိသတ်များထံ မျှဝေပေးခဲ့ပါတယ်။

Justin Bieber ရဲ့ Yummy သီချင်းသည် Billboard Hot 100 စာရင်း၌ နံပါတ် (၁) နေရာ၌ ရပ်တည်နေဆဲဖြစ်ပြီး သူ့ရဲ့ Seasons ဆိုသည့် မှတ်တမ်းရုပ်ရှင်သည်လည်း YouTube မှတစ်ဆင့် ဝင်ငွေအများဆုံးရရှိသည့် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ်။ ပြီးခဲ့သည့်စနေနေ့က ပြုလုပ်ခဲ့သည့် Saturday Night Live အစီအစဉ်၌လည်း ဧည့်သည်အဆိုတော်အဖြစ် ပါဝင်ဖျော်ဖြေခဲ့သည့် Justin Bieber သည် ပြီးခဲ့သည့် ကြာသပတေးနေ့နဲ့ သောကြာနေ့တို့၌ ပြုလုပ်ခဲ့သည့် The Tonight Show အစီအစဉ်၌ ပါဝင်ခဲ့သလို The Late Show အစီအစဉ် နဲ့ Spill Your Guts or Fill Your Guts ဂိမ်းအစီအစဉ်တို့၌လည်း ပါဝင်လာဦးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် သူ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် Kehlani နဲ့ Jaden Smith တို့ ပါဝင်အားဖြည့်ပေးမည့် Changes Tour အစီအစဉ်ကိုလည်း လာမယ့်မေလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ  ပြုလုပ်သွားဦးမည်ဖြစ်ပြီး အဆိုပါပွဲအတွက် လက်မှတ်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ စတင်ရောင်းချခဲ့ကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

(၅) ႏွစ္အတြင္း ပထမဆံုးအယ္လ္ဘမ္ထုတ္ေဝမည့္ Justin Bieber

နာမည္ေက်ာ္ R&B အဆိုေတာ္တစ္ဦးျဖစ္သည့္ Justin Bieber သည္ (၅) ႏွစ္အတြင္း သူ႔ရဲ႕ ပထမဆံုးအယ္လ္ဘမ္ျဖစ္သည့္ Changes အယ္လ္ဘမ္ကို ၿပီးခဲ့သည့္ၾကာသပေတးေန႔က ပရိသတ္မ်ားထံ မိတ္ဆက္ေပးလိုက္ပါတယ္။ အဆိုပါအယ္လ္ဘမ္၌ သီခ်င္း (၁၇) ပုဒ္ပါဝင္ၿပီး Quavo၊ Post Malone၊ Travis Scott၊ Lil Dicky နဲ႔ Kehlani တို႔လည္း ပါဝင္ကူညီအားျဖည့္ေပးထားၾကပါတယ္။

Justin Bieber သည္ အဆိုပါအယ္လ္ဘမ္အတြင္းမွ သီခ်င္း (၃) ပုဒ္ကုိ ယခုအယ္လ္ဘမ္အသစ္ မထြက္ခင္အခ်ိန္တည္းက ပရိသတ္ေတြထံ ျဖန္႔ေဝေပးခဲ့ၿပီး Yummy သီခ်င္းကို ဇန္နဝါရီလ (၃) ရက္ေန႔၊ Kehlani နဲ႔အတူ တဲြဖက္သီဆိုထားသည့္ Get Me သီခ်င္းကို ဇန္နဝါရီလ (၂၈) ရက္ေန႔၊ Quavo နဲ႔ တဲြဖက္သီဆိုထားသည့္ Intentions သီခ်င္းကို ေဖေဖာ္ဝါရီလ (၇) ရက္ေန႔တို႔၌ ပရိသတ္မ်ားထံ မွ်ေဝေပးခဲ့ပါတယ္။

Justin Bieber ရဲ႕ Yummy သီခ်င္းသည္ Billboard Hot 100 စာရင္း၌ နံပါတ္ (၁) ေနရာ၌ ရပ္တည္ေနဆဲျဖစ္ၿပီး သူ႔ရဲ႕ Seasons ဆိုသည့္ မွတ္တမ္းရုပ္ရွင္သည္လည္း YouTube မွတစ္ဆင့္ ဝင္ေငြအမ်ားဆံုးရရွိသည့္ မွတ္တမ္းရုပ္ရွင္တစ္ခုျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့သည့္စေနေန႔က ျပဳလုပ္ခဲ့သည့္ Saturday Night Live အစီအစဥ္၌လည္း ဧည့္သည္အဆိုေတာ္အျဖစ္ ပါဝင္ေဖ်ာ္ေျဖခဲ့သည့္ Justin Bieber သည္ ၿပီးခဲ့သည့္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔တို႔၌ ျပဳလုပ္ခဲ့သည့္ The Tonight Show အစီအစဥ္၌ ပါဝင္ခဲ့သလို The Late Show အစီအစဥ္ နဲ႔ Spill Your Guts or Fill Your Guts ဂိမ္းအစီအစဥ္တုိ႔၌လည္း ပါဝင္လာဦးမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ အယ္လ္ဘမ္အသစ္အတြက္ Kehlani နဲ႔ Jaden Smith တို႔ ပါဝင္အားျဖည့္ေပးမည့္ Changes Tour အစီအစဥ္ကိုလည္း လာမယ့္ေမလ (၁၄) ရက္ေန႔မွ စက္တင္ဘာလ (၂၆) ရက္ေန႔အထိ  ျပဳလုပ္သြားဦးမည္ျဖစ္ၿပီး အဆိုပါပဲြအတြက္ လက္မွတ္မ်ားကို ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔မွ စတင္ေရာင္းခ်ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

 

Source ~ Entertainment Weekly

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one + fifteen =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...