ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ Coronavirus ဟာ ခန္ဓာကိုယ်ခုခံအားကျဆင်းနေပြီဖြစ်တဲ့ အသက်ကြီးသူတွေ၊ မွေးရာပါရောဂါဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်တွေနဲ့ ကလေးငယ်တွေကို အလွယ်တကူ ကူးစက်လေ့ရှိပါတယ်။ ကပ်ရောဂါဆိုးကြီး ကူးစက်ခံရပြီးတဲ့နောက် အသက်ကြီးသူတွေဟာ အများဆုံး အသက်ဆုံးရှုံးလေ့ရှိပါတယ်။
ကပ်ရောဂါဆိုးကြီးကို ပြင်းထန်စွာခံစားနေရတဲ့ ရုရှားနိုင်ငံမှာဆိုရင် အဘိုး ၊ အဘွားတွေဟာ သူတို့အနေနဲ့ လောကကြီးမှာ အချိန်အကြာကြီးနေပြီးပြီဖြစ်တာကြောင့် လူငယ်တွေကိုသာ ကယ်တင်ပေးဖို့ တောင်းဆိုပြီး သူတို့ရဲ့အသက်ကို စတေးခဲ့ကြပါတယ်။ ဒီသတင်းကို ကြားသိရတဲ့ လူတွေအားလုံးဟာ အဆိုပါ အဘိုး/အဘွားတွေရဲ့ စိတ်သဘောထားပြည့်ဝမှုကို အံ့အားသင့်ရပြီး ကြေကွဲရပါတယ်။
ဒီရောဂါဆိုးကြီးကို အဘိုး/အဘွားအများစုဟာ မတိုက်ထုတ်နိုင်ပေမယ့် ၉၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှ အဘိုးအိုဟာ ပြန်လည်နလန်ထူလာခဲ့တာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ပြောကြားချက်အရ အဆိုပါအဘိုးအိုဟာ အိန္ဒိယနိုင်ငံမှာ အသက်အကြီးဆုံးနဲ့ ရောဂါဆိုးကိုတိုက်ထုတ်နိုင်သူဖြစ်တယ်ဆိုပြီး သိရှိရပါတယ်။
အဘိုးအိုရဲ့ဇနီးဖြစ်သူ အသက် ၈၈ နှစ်အရွယ် အဘွားကလည်း အဘိုးအိုနဲ့အတူ ရောဂါဝေဒနာကို ၁ လနီးပါး ခံစားပြီးရတဲ့နောက်မှာတော့ ပြန်လည်နလန်ထူလာနိုင်တာပဲ ဖြစ်ပါတယ်။ Kerala ပြည်နယ် တောင်ပိုင်းမှာနေထိုင်ကြတဲ့ အဘိုးအိုနဲ့အဘွားတို့ဟာ အီတလီနိုင်ငံက ပြန်လာတဲ့ သမီးဖြစ်သူနဲ့ သားမက်ဖြစ်သူတို့မှတဆင့် ရောဂါပိုးကူးစက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
<Unicode Version>
Coronavirus ကို တိုက်ထုတ်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ အသက်၉၃နှစ်အရွယ် အဘိုးအို။
<Zawgyi Version>
#SY(Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare