HomeLifeStyleကမ္ဘာပေါ်၌ အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဟိုတယ်။

ကမ္ဘာပေါ်၌ အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဟိုတယ်။

- Advertisement -

ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့ TripAdvisor Travelers’ Choice Awards ဆုကို ကော်စတာရီကာနိုင်ငံရှိ Manuel Antonio ကမ်းခြေမှ Tulemar Bungalows & Villas က ရရှိခဲ့ကြောင်းသိရှိရပါတယ်။ သန်းပေါင်းများစွာသော ခရီးသွားများက အဆိုပါဟိုတယ်ကို အကောင်းဆုံးဟိုတယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး (၃၃) ဧကကျယ်ဝန်းသည့် အဆိုပါအပန်းဖြေစခန်းကြီးမှာ ပစိဖိတ်သမုဒ္ဒရာကို အပေါ်စီးမှမြင်နိုင်သည့်  တောင်စောင်းပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ဧည့်သည်များအနေဖြင့် အဆိုပါဟိုတယ်၌ ဘန်ဂလိုများ သို့မဟုတ် သီးသန့်တည်ဆောက်ထားသည့် Villa များကို ရွေးချယ်တည်းခိုနိုင်ပြီး ကိုယ်ပိုင်ကမ်းခြေနဲ့ ကြည်လင်တောင်ပနေသည့် ရေကန် (၄) ကန်ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဆိုပါဟိုတယ်ရဲ့  နောက်ထပ်ဆွဲဆောင်မှုတစ်ခုမှာ  ကော်စတာရီကာနိုင်ငံမှ ကျွမ်းကျင်သူများရဲ့ ရိုမန်တစ်ဆန်ဆန် ချက်ပြုတ်သည့် နည်းလမ်းများကို သင်ယူနိုင်ခြင်းပင်ဖြစ်ပါတယ်။

- Advertisement -

အဆိုပါဟိုတယ်အတွင်းရှိ စားသောက်ဆိုင်များမှလည်း စျေးနှုန်းချိုသာပြီး အရသာရှိသည့် အစားအသောက်များကို ဝယ်ယူစားသောက်နိုင်သလို ဟိုတယ်မှ အထူးစပါယ်ရှယ်အစားအသောက်များကိုလည်း သင့်ရဲ့ကိုယ်ပိုင်စားဖိုမှူးဖြင့် ချက်ပြုတ်စေနိုင်ပါတယ်။

- Advertisement -

အဆိုပါဟိုတယ်၌ လာရောက်တည်းခိုခဲ့သည့် ဧည့်သည်တစ်ဦးက ပြီးပြည့်စုံသောအားလပ်ရက်တစ်ခုအဖြစ် အမွှန်းတင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ အလှအပကိုခံစားရင်း ကြက်တူရွေးငှက်လေးများ ပျံသန်းနေသည်ကို ကြည့်ရှုခဲ့ရကြောင်း ချီးမွမ်းရေးသားခဲ့ပါတယ်။ နောက်ထပ်ဧည့်သည်တစ်ဦးကလည်း “ကျွန်တော်တို့ ပင်လယ်ငါးဖမ်းပြီး ဟိုတယ်က စားသောက်ဆိုင်မှာ ချက်ပြုတ်ခိုင်းတော့ သူတို့ကတကယ်ကို အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်ပေးခဲ့ကြပါတယ်။ Ashley ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကျွန်တော်တို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်ပေးခဲ့ပြီး နောက်တစ်ခါ ဒီဟိုတယ်ကို သေချာပေါက် ပြန်လာဦးမှာပါ။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ကမာၻေပၚ၌ အေကာင္းဆံုးအျဖစ္ သတ္မွတ္ခံခဲ့ရသည့္ ဟိုတယ္။

ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္ရဲ႕ TripAdvisor Travelers’ Choice Awards ဆုကို ေကာ္စတာရီကာႏိုင္ငံရွိ Manuel Antonio ကမ္းေျခမွ Tulemar Bungalows & Villas က ရရွိခဲ့ေၾကာင္းသိရွိရပါတယ္။ သန္းေပါင္းမ်ားစြာေသာ ခရီးသြားမ်ားက အဆိုပါဟုိတယ္ကို အေကာင္းဆံုးဟိုတယ္တစ္ခုအျဖစ္ သတ္မွတ္ခဲ့ၾကၿပီး (၃၃) ဧကက်ယ္ဝန္းသည့္ အဆုိပါအပန္းေျဖစခန္းႀကီးမွာ ပစိဖိတ္သမုဒၵရာကို အေပၚစီးမွျမင္ႏုိင္သည့္  ေတာင္ေစာင္းေပၚ၌ တည္ေဆာက္ထားျခင္းျဖစ္ပါတယ္။

- Advertisement -

ဧည့္သည္မ်ားအေနျဖင့္ အဆိုပါဟိုတယ္၌ ဘန္ဂလိုမ်ား သို႔မဟုတ္ သီးသန္႔တည္ေဆာက္ထားသည့္ Villa မ်ားကို ေရြးခ်ယ္တည္းခိုႏိုင္ၿပီး ကိုယ္ပိုင္ကမ္းေျခနဲ႔ ၾကည္လင္ေတာင္ပေနသည့္ ေရကန္ (၄) ကန္ကုိလည္း ထည့္သြင္းတည္ေဆာက္ထားပါတယ္။ အဆိုပါဟိုတယ္ရဲ႕  ေနာက္ထပ္ဆဲြေဆာင္မႈတစ္ခုမွာ  ေကာ္စတာရီကာႏိုင္ငံမွ ကြ်မ္းက်င္သူမ်ားရဲ႕ ရိုမန္တစ္ဆန္ဆန္ ခ်က္ျပဳတ္သည့္ နည္းလမ္းမ်ားကို သင္ယူႏိုင္ျခင္းပင္ျဖစ္ပါတယ္။

အဆိုပါဟုိတယ္အတြင္းရွိ စားေသာက္ဆိုင္မ်ားမွလည္း ေစ်းႏႈန္းခ်ိဳသာၿပီး အရသာရွိသည့္ အစားအေသာက္မ်ားကို ဝယ္ယူစားေသာက္ႏုိင္သလို ဟုိတယ္မွ အထူးစပါယ္ရွယ္အစားအေသာက္မ်ားကိုလည္း သင့္ရဲ႕ကိုယ္ပိုင္စားဖိုမွဴးျဖင့္ ခ်က္ျပဳတ္ေစႏိုင္ပါတယ္။

အဆုိပါဟိုတယ္၌ လာေရာက္တည္းခိုခဲ့သည့္ ဧည့္သည္တစ္ဦးက ၿပီးျပည့္စံုေသာအားလပ္ရက္တစ္ခုအျဖစ္ အမႊန္းတင္ခဲ့ၿပီး ပစိဖိတ္သမုဒၵရာႀကီးရဲ႕ အလွအပကိုခံစားရင္း ၾကက္တူေရြးငွက္ေလးမ်ား ပ်ံသန္းေနသည္ကို ၾကည့္ရႈခဲ့ရေၾကာင္း ခ်ီးမြမ္းေရးသားခဲ့ပါတယ္။ ေနာက္ထပ္ဧည့္သည္တစ္ဦးကလည္း “ကြ်န္ေတာ္တို႔ ပင္လယ္ငါးဖမ္းၿပီး ဟိုတယ္က စားေသာက္ဆုိင္မွာ ခ်က္ျပဳတ္ခိုင္းေတာ့ သူတို႔ကတကယ္ကို အေကာင္းဆံုး ခ်က္ျပဳတ္ျပင္ဆင္ေပးခဲ့ၾကပါတယ္။ Ashley ဆိုတဲ့ ပုဂၢိဳလ္ကလည္း ကြ်န္ေတာ္တို႔ရဲ႕ လိုအပ္ခ်က္အားလံုးကို ျဖည့္ဆည္ေပးခဲ့ၿပီး ေနာက္တစ္ခါ ဒီဟိုတယ္ကို ေသခ်ာေပါက္ ျပန္လာဦးမွာပါ။” ဟု ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ RD

#HM(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 + 7 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...