ယူနိုက်တက်အသင်းသည် စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဟယ်ရီဝင့်ခ်ကို ခေါ်ယူရန်အတွက် လှုပ်ရှားလာနိုင်ကြောင်း သိရှိရပါတယ်။ အသက် (၂၄) နှစ်အရွယ် အဆိုပါအင်္ဂလန်ကွင်းလယ်ကစားသမားသည် ပြီးခဲ့သည့်ဇူလိုင်လကမှ အသင်းနဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားသည့် ကစားသမားဖြစ်ပြီး (၂၀၂၄) ခုနှစ်၊ ဇွန်လအထိ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသည့် ကစားသမားလည်းဖြစ်ပါတယ်။
လက်ရှိဘောလုံးရာသီမှာ စပါးအသင်းနည်းပြမော်ရင်ဟိုရဲ့အဓိက ကစားသမားတစ်ဦးဖြစ်လာသည့် ဟယ်ရီဝင့်ခ်ကို ခေါ်ယူရန်အတွက် ယူနိုက်တက်အသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ကြိုးစားလာဖွယ်ရှိသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့ပြီး နည်းပြဆိုးလ်ရှားအနေနဲ့ ဟယ်ရီဝင့်ခ်ကို နွေရာသီအပြောင်းအရွှေ့အတွက် ဦးစားပေးပစ်မှတ်ကစားသမားတွေထဲမှတစ်ယောက်အဖြစ် ဟယ်ရီဝင့်ခ်ကို စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။
<Unicode Version>
စပါးကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရန်ကြိုးပမ်းလာဖွယ်ရှိသည့် ယူနိုက်တက်။
<Zawgyi Version>
Source ~ Sportsmole
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share