Breaking News

အသင်းရဲ့တိုက်စစ်မှူးသစ်ကို စိန်ခေါ်စကားပြောကြားလိုက်သည့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှား။

ယူနိုက်တက်အသင်းနည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ပြီးခဲ့သည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူးသစ် အီယာလိုနဲ့ ပတ်သက်ပြီး အသင်းကို အပြီးသတ်ပြောင်းရွှေ့လာနိုင်ရန်အတွက် စိန်ခေါ်စကားပြောကြားလိုက်ပါတယ်။ အဆိုပါနိုင်ဂျီးရီးယားလူမျိုးတိုက်စစ်မှူးသည် ယူနိုက်တက်အသင်းကို (၆) လအငှားစာချုပ်ဖြင့်  ရောက်ရှိလာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့အငှားစာချုပ်၌ အပြီးသတ်ခေါ်ယူခွင့်အတွက် စာချုပ်ချုပ်ဆိုထားခြင်းမရှိကြောင်း သိရှိရပါတယ်။

အသက် (၃၀) အရွယ်ရှိပြီဖြစ်သူ အီယာလိုနဲ့ ပတ်သက်၍ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ဒါက အငှားပဲရှိပါသေးတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အသင်းကိုရောက်နေပြီး ပုံစံကောင်းပြသနိုင်မယ်ဆိုရင် ဒါက အခွင့်အရေးတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီအချက်က အသင်းမှာရှိနေတဲ့လူတိုင်းအတွက် အတူတူပါပဲ။ အသင်းရဲ့အမြဲတမ်းကစားသမားပဲဖြစ်ဖြစ်၊ အငှားခေါ်ယူထားတဲ့ ကစားသမားပဲဖြစ်ဖြစ် အကောင်းဆုံးပုံစံတစ်ခုကို ပြသနိုင်မယ်၊ အသင်းကိုတိုးတက်အောင် ကူညီပေးနိုင်မယ်ဆိုရင် အပြီးသတ်စာချုပ်ချုပ်ဖို့၊ စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေးရှိပြီးသားပါ။”

“အီယာလိုတစ်ယောက်တည်းအတွက် အခွင့်အရေးမဟုတ်ပါဘူး။ ဒါပေမယ့် သူကအသင်းအတွက် တတ်နိုင်သလောက် ပေးဆပ်ချင်နေပြီး သူသာဆက်နေချင်တယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတော့တယ်။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ အီယာလိုသည် ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီးသား ကစားသမားဖြစ်ပြီး ဝက်ဖို့ဒ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

အသင္းရဲ႕တိုက္စစ္မွဴးသစ္ကို စိန္ေခၚစကားေျပာၾကားလိုက္သည့္ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား။

ယူႏိုက္တက္အသင္းနည္းျပျဖစ္သူ ဆိုးလ္ရွားဟာ ၿပီးခဲ့သည့္ေဆာင္းရာသီ အေျပာင္းအေရႊ႕၌ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းမွ အငွားျဖင့္ေခၚယူထားသည့္ တိုက္စစ္မွဴးသစ္ အီယာလိုနဲ႔ ပတ္သက္ၿပီး အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕လာႏုိင္ရန္အတြက္ စိန္ေခၚစကားေျပာၾကားလိုက္ပါတယ္။ အဆိုပါႏိုင္ဂ်ီးရီးယားလူမ်ိဳးတိုက္စစ္မွဴးသည္ ယူႏိုက္တက္အသင္းကို (၆) လအငွားစာခ်ဳပ္ျဖင့္  ေရာက္ရွိလာခဲ့သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕အငွားစာခ်ဳပ္၌ အၿပီးသတ္ေခၚယူခြင့္အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းမရွိေၾကာင္း သိရွိရပါတယ္။

အသက္ (၃၀) အရြယ္ရွိၿပီျဖစ္သူ အီယာလိုနဲ႔ ပတ္သက္၍ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “ဒါက အငွားပဲရွိပါေသးတယ္။ ဒါေပမယ့္ ခင္ဗ်ားအေနနဲ႔ အသင္းကိုေရာက္ေနၿပီး ပံုစံေကာင္းျပသႏိုင္မယ္ဆိုရင္ ဒါက အခြင့္အေရးတစ္ခုျဖစ္လာပါလိမ့္မယ္။ ဒီအခ်က္က အသင္းမွာရွိေနတဲ့လူတိုင္းအတြက္ အတူတူပါပဲ။ အသင္းရဲ႕အၿမဲတမ္းကစားသမားပဲျဖစ္ျဖစ္၊ အငွားေခၚယူထားတဲ့ ကစားသမားပဲျဖစ္ျဖစ္ အေကာင္းဆံုးပံုစံတစ္ခုကို ျပသႏိုင္မယ္၊ အသင္းကိုတိုးတက္ေအာင္ ကူညီေပးႏိုင္မယ္ဆိုရင္ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဖုိ႔၊ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ အခြင့္အေရးရွိၿပီးသားပါ။”

“အီယာလိုတစ္ေယာက္တည္းအတြက္ အခြင့္အေရးမဟုတ္ပါဘူး။ ဒါေပမယ့္ သူကအသင္းအတြက္ တတ္ႏိုင္သေလာက္ ေပးဆပ္ခ်င္ေနၿပီး သူသာဆက္ေနခ်င္တယ္ဆိုရင္ ကြ်န္ေတာ္တို႔အေပၚမွာပဲ မူတည္ပါေတာ့တယ္။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ အီယာလိုသည္ ပရီးမီးယားလိဂ္အေတြ႕အႀကံဳရွိၿပီးသား ကစားသမားျဖစ္ၿပီး ဝက္ဖို႔ဒ္အသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro