Breaking News

Apple ရဲ့ 5G iPhone အသစ်နဲ့ပတ်သက်သည့် ကောလာဟလထွက်ရှိလာ။

ယခု (၂၀၂၀) ခုနှစ်အတွင်း၌ ထွက်ပေါ်လာနိုင်သည့် Apple ရဲ့ 5G iPhone ၌ ကိုယ်ပိုင်အင်တာနာ ပါဝင်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ သို့ရာတွင်မူ Apple အနေဖြင့် နာမည်ကြီး Qualcomm ကုမ္ပဏီရဲ့ အင်တင်နာအစိတ်အပိုင်းများကို သူတို့လိုအပ်သည့် အချက်အလက်များနဲ့ မကိုက်ညီခြင်းကြောင့် အသုံးပြုသွားမည်မဟုတ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ယခုနှစ်အတွင်း၌ Apple ရဲ့ အဓိကပြိုင်ဘက်ကုမ္ပဏီဖြစ်သည့် Samsung က Galaxy S20 ကို စတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်သလို အခြားသောကုမ္ပဏီများကလည်း နှစ်သစ်အတွက် သူတို့ရဲ့ထုတ်ကုန်အသစ်များကို မိတ်ဆက်ပေးခဲ့ကြပြီးဖြစ်ပေမယ့် Apple ကမူ လက်ရှိအချိန်အထိ သူတို့ရဲ့ ပရိသတ်များအတွက် ကုန်ပစ္စည်းအသစ်ကို မိတ်ဆက်ပေးနိုင်ခြင်းမရှိသေးပေ။ Apple ကုမ္ပဏီရဲ့  လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သည့် Ming Chi Kuo က Apple အနေဖြင့် ယခုနှစ်အတွင်း၌ 5G ဖုန်းအမျိုးအစား (၃) မျိုးအထိ ထုတ်လုပ်နိုင်ကြောင်း ခန့်မှန်းထားပေမယ့် Apple ဘက်ကမူ အဆိုပါပြောစကားကို တစ်စုံတစ်ရာတုံ့ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

Apple ကုမ္ပဏီအနေဖြင့် ယခုနှစ်၊ စက်တင်ဘာလအတွင်း၌ iPhone 12၊ 12 Pro နဲ့ 12 Pro Max တို့ကို မိတ်ဆက်ပေးသွားဖွယ်ရှိကြောင်းလည်း ကောလာဟလများထွက်ပေါ်နေပါတယ်။ Apple နဲ့ နာမည်ကြီး Qualcomm တို့အကြား အရှုပ်အထွေးများလည်းရှိခဲ့ဖူးပြီး (၂၀၁၁) ခုနှစ်မှ စတင်လက်တွဲခဲ့သည့် အဆိုပါကုမ္ပဏီနှစ်ခုသည် Qualcomm ရဲ့ လိုင်စင်မူပိုင်ခွင့်နဲ့ပတ်သက်၍လည်း အငြင်းပွားမှုများရှိခဲ့ဖူးပါတယ်။

တရားရုံးအထိတက်ပြီး အဆုံးအဖြတ်ခံယူခဲ့ရသည့် အဆိုပါကုမ္ပဏီနှစ်ခုသည် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ ဧပြီလ၌ ကာလရှည်စာချုပ်ပြန်လည်ချုပ်ဆိုဖြစ်ခဲ့ကြပြီး iPhone ရဲ့ 5G Chip များကို Qualcomm ကုမ္ပဏီမှ ပြန်လည်ထောက်ပံ့ပေးသွားတော့မည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

Apple ရဲ႕ 5G iPhone အသစ္နဲ႔ပတ္သက္သည့္ ေကာလာဟလထြက္ရွိလာ။

ယခု (၂၀၂၀) ခုႏွစ္အတြင္း၌ ထြက္ေပၚလာႏိုင္သည့္ Apple ရဲ႕ 5G iPhone ၌ ကုိယ္ပိုင္အင္တာနာ ပါဝင္လာႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ သုိ႔ရာတြင္မူ Apple အေနျဖင့္ နာမည္ႀကီး Qualcomm ကုမၸဏီရဲ႕ အင္တင္နာအစိတ္အပိုင္းမ်ားကို သူတုိ႔လိုအပ္သည့္ အခ်က္အလက္မ်ားနဲ႔ မကိုက္ညီျခင္းေၾကာင့္ အသံုးျပဳသြားမည္မဟုတ္ေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

ယခုႏွစ္အတြင္း၌ Apple ရဲ႕ အဓိကၿပိဳင္ဘက္ကုမၸဏီျဖစ္သည့္ Samsung က Galaxy S20 ကို စတင္မိတ္ဆက္ေပးခဲ့ၿပီးျဖစ္သလို အျခားေသာကုမၸဏီမ်ားကလည္း ႏွစ္သစ္အတြက္ သူတုိ႔ရဲ႕ထုတ္ကုန္အသစ္မ်ားကို မိတ္ဆက္ေပးခဲ့ၾကၿပီးျဖစ္ေပမယ့္ Apple ကမူ လက္ရွိအခ်ိန္အထိ သူတုိ႔ရဲ႕ ပရိသတ္မ်ားအတြက္ ကုန္ပစၥည္းအသစ္ကို မိတ္ဆက္ေပးႏိုင္ျခင္းမရွိေသးေပ။ Apple ကုမၸဏီရဲ႕  ေလ့လာဆန္းစစ္သူတစ္ဦးျဖစ္သည့္ Ming Chi Kuo က Apple အေနျဖင့္ ယခုႏွစ္အတြင္း၌ 5G ဖုန္းအမ်ိဳးအစား (၃) မ်ိဳးအထိ ထုတ္လုပ္ႏိုင္ေၾကာင္း ခန္႔မွန္းထားေပမယ့္ Apple ဘက္ကမူ အဆုိပါေျပာစကားကို တစ္စံုတစ္ရာတံု႔ျပန္ခဲ့ျခင္းမရွိေၾကာင္း သိရွိရပါတယ္။

Apple ကုမၸဏီအေနျဖင့္ ယခုႏွစ္၊ စက္တင္ဘာလအတြင္း၌ iPhone 12၊ 12 Pro နဲ႔ 12 Pro Max တို႔ကို မိတ္ဆက္ေပးသြားဖြယ္ရွိေၾကာင္းလည္း ေကာလာဟလမ်ားထြက္ေပၚေနပါတယ္။ Apple နဲ႔ နာမည္ႀကီး Qualcomm တို႔အၾကား အရႈပ္အေထြးမ်ားလည္းရွိခဲ့ဖူးၿပီး (၂၀၁၁) ခုႏွစ္မွ စတင္လက္တဲြခဲ့သည့္ အဆုိပါကုမၸဏီႏွစ္ခုသည္ Qualcomm ရဲ႕ လိုင္စင္မူပိုင္ခြင့္နဲ႔ပတ္သက္၍လည္း အျငင္းပြားမႈမ်ားရွိခဲ့ဖူးပါတယ္။

တရားရံုးအထိတက္ၿပီး အဆံုးအျဖတ္ခံယူခဲ့ရသည့္ အဆိုပါကုမၸဏီႏွစ္ခုသည္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၊ ဧၿပီလ၌ ကာလရွည္စာခ်ဳပ္ျပန္လည္ခ်ဳပ္ဆိုျဖစ္ခဲ့ၾကၿပီး iPhone ရဲ႕ 5G Chip မ်ားကို Qualcomm ကုမၸဏီမွ ျပန္လည္ေထာက္ပံ့ေပးသြားေတာ့မည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ CNet

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

မိုက်ခရိုဆော့ဖ်ပိုင်ရှင်ကပါ အံ့သြတကြီးဖြစ်ခဲ့ရဖူးတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့လက်ထက်တုန်းက “American First” ဆိုတဲ့ အမေရိကန်လူမျိုးကြီးဝါဒကို အဓိကလက်ကိုင်ထားခဲ့ပြီး အမေရိကန်ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားလာတဲ့ တရုတ်နဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်ဖို့အထိကို ရည်ရွယ်ခဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro