နာမည်ကျော်ကုမ္ပဏီ Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos က ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခုခံကာကွယ်ရန်အတွက် ရန်ပုံငွေဒေါ်လာ (၁၀) ဘီလျံစိုက်ထုတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါသတင်းကို Bezos က သူ့ရဲ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်၌တင်ထားခဲ့ပြီး ကမ္ဘာကြီးကိုကာကွယ်ရန်အတွက် ဖြစ်နိုင်သည့်နည်းလမ်းများနဲ့ ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
Jeff Bezos က “ရာသီဥတုပြောင်းလဲမှုက ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ပါပြီ။ ကျွန်တော်သိပြီးသားနည်းလမ်းတွေအပြင် အခြားသောနည်းလမ်းအသစ်တွေနဲ့အတူ ရာသီဥတုပြောင်းလဲမှုကို တားဆီးဖို့အတွက် ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။” ဟု ရေးသားခဲ့ပါတယ်။
Bezos သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ Amazon ကုမ္ပဏီသည် လေနဲ့နေရောင်ခြည်သုံးစွမ်းအင်များဖြင့် ၄င်းတို့ရဲ့ကုမ္ပဏီခွဲများကို တည်ဆောက်ရန် ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ထားပါတယ်။
၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းကလည်း Amazon ကုမ္ပဏီက (၂၀၄၀) ခုနှစ်၌ ကာဗွန်ဓာတ်များ သဘာဝအတိုင်းရှိနေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ လက်မှတ်ထိုးခဲ့သည့် အဆိုပါရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို သတ်မှတ်ထားသည့်ကာလထက် (၁၀) နှစ်စောပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် Amazon ကုမ္ပဏီက အခြားသောကုမ္ပဏီများကိုလည်း အဆိုပါသဘောတူညီချက်၌ ပါဝင်လက်မှတ်ထိုးစေရန် စည်းရုံးသိမ်းသွင်းခဲ့ပါသေးတယ်။
Carbon- neutral goal ဟုအမည်ရသည့် အဆိုပါအစီအစဉ်အောင်မြင်ရန်အတွက်လည်း Bezos က ဒေါ်လာသန်း (၁၀၀) ရင်းနှီးမြှုပ်နှံခဲ့ပြီး အဆိုပါရန်ပုံငွေများကို သစ်တောများပြန်လည်ပြုပြင်ခြင်း၊ ဒီဇယ်ဆီသုံးကားများအစား အသုံးပြုရန် လျှပ်စစ်ကားအရေအတွက် အစီး (၁၀၀, ၀၀၀) မှာယူခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
Amazon သည် (၂၀၂၄) ခုနှစ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (၈၀) ရာခိုင်နှုန်း၊ (၂၀၃၀) ပြည့်နှစ်၌ (၁၀၀) ရာခိုင်နှုန်းအပြည့်ဖြင့် တစ်ကမ္ဘာလုံးရှိ ၄င်းတို့ရဲ့အဆောက်အအုံများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြုသွားရန် ပစ်မှတ်ထားပြင်ဆင်လျက်ရှိပါတယ်။
<Unicode Version>
ရာသီဥတုေျပာင္းလဲမႈဒဏ္ကုိ ကာကြယ္ရန္အတြက္ ရန္ပံုေငြ ေဒၚလာ (၁၀) ဘီလ်ံ စိုက္ထုတ္ခဲ့သည့္ သူေဌးႀကီး။
နာမည္ေက်ာ္ကုမၸဏီ Amazon ရဲ႕ CEO ျဖစ္သူ Jeff Bezos က ရာသီဥတုေျပာင္းလဲမႈဒဏ္ကို ခုခံကာကြယ္ရန္အတြက္ ရန္ပံုေငြေဒၚလာ (၁၀) ဘီလ်ံစိုက္ထုတ္ေပးခဲ့ေၾကာင္းသိရွိရပါတယ္။ အဆိုပါသတင္းကို Bezos က သူ႔ရဲ႕ကိုယ္ပုိင္အင္စတာဂရမ္အေကာင့္၌တင္ထားခဲ့ၿပီး ကမာၻႀကီးကိုကာကြယ္ရန္အတြက္ ျဖစ္ႏုိင္သည့္နည္းလမ္းမ်ားနဲ႔ ႀကိဳးစားအားထုတ္သြားမည္ျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။
Jeff Bezos က “ရာသီဥတုေျပာင္းလဲမႈက ကြ်န္ေတာ္တုိ႔ ေနထိုင္ရာကမာၻႀကီးအတြက္ အႀကီးမားဆံုး ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာခဲ့ပါၿပီ။ ကြ်န္ေတာ္သိၿပီးသားနည္းလမ္းေတြအျပင္ အျခားေသာနည္းလမ္းအသစ္ေတြနဲ႔အတူ ရာသီဥတုေျပာင္းလဲမႈကို တားဆီးဖို႔အတြက္ ပူးေပါင္းလုပ္ေဆာင္ခ်င္ပါတယ္။” ဟု ေရးသားခဲ့ပါတယ္။
Bezos သည္ ကမာၻ႕အခ်မ္းသာဆံုးပုဂၢိဳလ္တစ္ေယာက္ျဖစ္ၿပီး ေနာက္ပိုင္းကာလမ်ား၌ Amazon ကုမၸဏီသည္ ေလနဲ႔ေနေရာင္ျခည္သံုးစြမ္းအင္မ်ားျဖင့္ ၄င္းတုိ႔ရဲ႕ကုမၸဏီခဲြမ်ားကို တည္ေဆာက္ရန္ ေရရွည္စီမံကိန္းျဖင့္ ေဆာင္ရြက္ထားပါတယ္။
၂၀၂၀ ခုႏွစ္ စက္တင္ဘာလအတြင္းကလည္း Amazon ကုမၸဏီက (၂၀၄၀) ခုႏွစ္၌ ကာဗြန္ဓာတ္မ်ား သဘာဝအတိုင္းရွိေနရမည္ဆိုသည့္ သေဘာတူစာခ်ဳပ္ကုိ လက္မွတ္ေရးထိုးခဲ့ၿပီး ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕၌ လက္မွတ္ထိုးခဲ့သည့္ အဆုိပါရာသီဥတုဆိုင္ရာ သေဘာတူညီခ်က္ကို သတ္မွတ္ထားသည့္ကာလထက္ (၁၀) ႏွစ္ေစာၿပီး ေအာင္ျမင္ေအာင္ေဆာင္ရြက္ႏိုင္ရန္ ရည္ရြယ္ထားပါတယ္။ ဒါ့အျပင္ Amazon ကုမၸဏီက အျခားေသာကုမၸဏီမ်ားကိုလည္း အဆိုပါသေဘာတူညီခ်က္၌ ပါဝင္လက္မွတ္ထိုးေစရန္ စည္းရံုးသိမ္းသြင္းခဲ့ပါေသးတယ္။
Carbon- neutral goal ဟုအမည္ရသည့္ အဆုိပါအစီအစဥ္ေအာင္ျမင္ရန္အတြက္လည္း Bezos က ေဒၚလာသန္း (၁၀၀) ရင္းႏွီးျမွဳပ္ႏံွခဲ့ၿပီး အဆိုပါရန္ပံုေငြမ်ားကို သစ္ေတာမ်ားျပန္လည္ျပဳျပင္ျခင္း၊ ဒီဇယ္ဆီသံုးကားမ်ားအစား အသံုးျပဳရန္ လွ်ပ္စစ္ကားအေရအတြက္ အစီး (၁၀၀, ၀၀၀) မွာယူျခင္းတုိ႔ကို ျပဳလုပ္ခဲ့ပါတယ္။
Amazon သည္ (၂၀၂၄) ခုႏွစ္၌ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ (၈၀) ရာခိုင္ႏႈန္း၊ (၂၀၃၀) ျပည့္ႏွစ္၌ (၁၀၀) ရာခိုင္ႏႈန္းအျပည့္ျဖင့္ တစ္ကမာၻလံုးရွိ ၄င္းတုိ႔ရဲ႕အေဆာက္အအံုမ်ားကို ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား အသံုးျပဳသြားရန္ ပစ္မွတ္ထားျပင္ဆင္လ်က္ရွိပါတယ္။
<Zawgyi Version>
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share