HomeHome & Propertyတောင်ဒဂုံနဲ့အရှေ့ဒဂုံမြို့နယ်တို့အကြား၌ ပေါ်ပေါက်လာတော့မည့် ဒေါ်လာ (၁) ဘီလျံတန်ဖိုးရှိ Smart City

တောင်ဒဂုံနဲ့အရှေ့ဒဂုံမြို့နယ်တို့အကြား၌ ပေါ်ပေါက်လာတော့မည့် ဒေါ်လာ (၁) ဘီလျံတန်ဖိုးရှိ Smart City

- Advertisement -

မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံမှဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Amata Asia တို့သည် ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ပိုင်းဒေသ၌ ဒေါ်လာ (၁) ဘီလျံတန်ဖိုးရှိ Smart City တစ်ခုတည်ဆောက်ရန် စာချုပ်၌သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုစီမံကိန်းကြီးပေါ်ပေါက်လာခြင်းသည်လည်း ရန်ကုန်မြို့ကို ဗဟိုအစိုးရမှချုပ်ကိုင်ထားသည့် စနစ်ကို လျှော့ချလိုသည်ဆိုခြင်းအပေါ် ထင်ဟပ်နေကြောင်း Colliers International မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တောင်ဒဂုံနဲ့ အရှေ့ဒဂုံမြို့နယ်အကြား၊ လေးထောင့်ကန်ရွာအနီး မြေဧကပေါင်း (၂) ထောင်ကျော်ပေါ်၌ ယခုစီမံကိန်းကို အကောင်းအထည်ဖော်သွားမည်ဖြစ်ပြီး စီမံကိန်းရဲ့ပထမအဆင့်အဖြစ် လာမည့် (၅) နှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ပါတယ်။ အဆိုပါ Smart City ၌ လူနေအိမ်များ၊ ရုံးခန်းများနဲ့ စက်ရုံ၊ အလုပ်ရုံများကိုပါ ထည့်သွင်းတည်ဆောက်သွားရန် စီစဉ်ထားပါတယ်။

ယခုကဲ့သို့ သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနဲ့ ပတ်သက်၍ Colliers Senior မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနပညာရှင်တစ်ဦးဖြစ်သည့် Paul Ryan Cuevas က “ဒီစီမံကိန်းရဲ့ အဓိကမဟာဗျူဟာက ရန်ကုန်မြို့ရဲ့ အစွန်အဖျားကိုရောက်နေတဲ့ အရှေ့မြောက်ပိုင်းနေရာတွေက အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ပေးရင်း မြို့လယ်ခေါင်နဲ့ ချိတ်ဆက်ပေးနိုင်ဖို့ပါ။” ဟု မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင်ဆက်လက်၍လည်း Cuevas က “ကမ္ဘာတစ်ဝှမ်းက စီမံကိန်းကောင်းကောင်းနဲ့ မြို့တွေမှာ ကုန်ထုတ်လုပ်မှုနဲ့စက်မှုလုပ်ငန်းတွေကို မြို့အစွန်အဖျားတွေမှာပဲမြင်တွေ့ရပါတယ်။ အစိုးရအနေနဲ့လည်း ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုကိုလျှော့ချဖို့ ကြိုးစားနေတာနဲ့တစ်ပြိုင်နက် ဒီလိုနေရာတွေက အနာဂတ်ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေကို ကိုယ်စားပြုတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း မြို့အစွန်အဖျားမှာရှိတဲ့ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းချင်ပါတယ်။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

 

ေတာင္ဒဂံုနဲ႔အေရွ႕ဒဂံုၿမိဳ႕နယ္တို႔အၾကား၌ ေပၚေပါက္လာေတာ့မည့္ ေဒၚလာ (၁) ဘီလ်ံတန္ဖိုးရွိ Smart City

ျမန္မာ့ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ ထိုင္းႏုိင္ငံမွေဆာက္လုပ္ေရး ကုမၸဏီတစ္ခုျဖစ္သည့္ Amata Asia တို႔သည္ ရန္ကုန္ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ပိုင္းေဒသ၌ ေဒၚလာ (၁) ဘီလ်ံတန္ဖိုးရွိ Smart City တစ္ခုတည္ေဆာက္ရန္ စာခ်ဳပ္၌သေဘာတူညီမႈလက္မွတ္ ေရးထုိးခဲ့ၾကၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ယခုစီမံကိန္းႀကီးေပၚေပါက္လာျခင္းသည္လည္း ရန္ကုန္ၿမိဳ႕ကို ဗဟိုအစိုးရမွခ်ဳပ္ကိုင္ထားသည့္ စနစ္ကို ေလွ်ာ့ခ်လိုသည္ဆိုျခင္းအေပၚ ထင္ဟပ္ေနေၾကာင္း Colliers International မွ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

ေတာင္ဒဂံုနဲ႔ အေရွ႕ဒဂံုၿမိဳ႕နယ္အၾကား၊ ေလးေထာင့္ကန္ရြာအနီး ေျမဧကေပါင္း (၂) ေထာင္ေက်ာ္ေပၚ၌ ယခုစီမံကိန္းကို အေကာင္းအထည္ေဖာ္သြားမည္ျဖစ္ၿပီး စီမံကိန္းရဲ႕ပထမအဆင့္အျဖစ္ လာမည့္ (၅) ႏွစ္အတြင္း စတင္တည္ေဆာက္သြားမည္ျဖစ္ပါတယ္။ အဆိုပါ Smart City ၌ လူေနအိမ္မ်ား၊ ရံုးခန္းမ်ားနဲ႔ စက္ရံု၊ အလုပ္ရံုမ်ားကိုပါ ထည့္သြင္းတည္ေဆာက္သြားရန္ စီစဥ္ထားပါတယ္။

ယခုကဲ့သုိ႔ သေဘာတူညီမႈ လက္မွတ္ေရးထိုးႏိုင္ခဲ့ျခင္းနဲ႔ ပတ္သက္၍ Colliers Senior မွ ျမန္မာႏိုင္ငံဆိုင္ရာ သုေတသနပညာရွင္တစ္ဦးျဖစ္သည့္ Paul Ryan Cuevas က “ဒီစီမံကိန္းရဲ႕ အဓိကမဟာဗ်ဴဟာက ရန္ကုန္ၿမိဳ႕ရဲ႕ အစြန္အဖ်ားကိုေရာက္ေနတဲ့ အေရွ႕ေျမာက္ပိုင္းေနရာေတြက အေျခခံအေဆာက္အအံုေတြကို အဆင့္ျမွင့္တင္ေပးရင္း ၿမိဳ႕လယ္ေခါင္နဲ႔ ခ်ိတ္ဆက္ေပးႏိုင္ဖုိ႔ပါ။” ဟု မွတ္ခ်က္ျပဳသံုးသပ္ခဲ့ပါတယ္။

ဒါ့အျပင္ဆက္လက္၍လည္း Cuevas က “ကမာၻတစ္ဝွမ္းက စီမံကိန္းေကာင္းေကာင္းနဲ႔ ၿမိဳ႕ေတြမွာ ကုန္ထုတ္လုပ္မႈနဲ႔စက္မႈလုပ္ငန္းေတြကို ၿမိဳ႕အစြန္အဖ်ားေတြမွာပဲျမင္ေတြ႕ရပါတယ္။ အစိုးရအေနနဲ႔လည္း ဗဟိုအစိုးရရဲ႕ ထိန္းခ်ဳပ္မႈကိုေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတာနဲ႔တစ္ၿပိဳင္နက္ ဒီလိုေနရာေတြက အနာဂတ္ရဲ႕ ၿမိဳ႕ျပဖံြ႕ၿဖိဳးတိုးတက္မႈေတြကို ကိုယ္စားျပဳတာေၾကာင့္ ရင္းႏွီးျမွဳပ္ႏွံသူေတြအေနနဲ႔လည္း ၿမိဳ႕အစြန္အဖ်ားမွာရွိတဲ့ အိမ္ၿခံေျမေတြမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ တိုက္တြန္းခ်င္ပါတယ္။” ဟု ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

- Advertisement -

 

 

Source ~ MingalarRealEstate

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one + sixteen =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...