တောင်ကိုရီးယားနိုင်ငံရှိ အကြီးမားဆုံးဘဏ်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် Hana Bank သည် မြန်မာနိုင်ငံရှိဘဏ်တစ်ခု၌ ရှယ်ယာများရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ပြည်ပဘဏ်များ၌ ရင်းနှီးမြှုပ်နှံခွင့်ရရှိပြီဖြစ်သော်လည်း လက်ရှိအချိန်၌မူ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားပါတယ်။
ယခုထွက်ပေါ်နေသောသတင်းများနဲ့ ပတ်သက်၍လည်း Hana Bank ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက “Hana Bank အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစျေးကွက်တစ်ခု လာရောက်ချဲ့ထွင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းခံထားပြီး ပြည်တွင်းက အဓိကဘဏ်တစ်ခုမှာလည်း ရှယ်ယာတွေဝယ်ယူဖို့အတွက်လည်း စိတ်ဝင်စားနေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
သို့ရာတွင်မူ မည်သည့်ဘဏ်ရဲ့ရှယ်ယာကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမည်လဲဆိုခြင်းကိုမူ အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ Hana Bank သည် ငွေလွှဲခြင်း၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးကဏ္ဍများနဲ့ ပတ်သက်၍ မြန်မာနိုင်ငံရှိပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် KBZ ဘဏ်နဲ့ (၂၀၁၆) ခုနှစ်မှစတင်၍ အကျိုးတူပူးပေါင်းသည့် စာချုပ်တစ်ရပ်ချုပ်ဆိုထားသလို AYA ဘဏ်နဲ့လည်း (၂၀၁၂) ခုနှစ်မှစတင်ပြီး အရောင်းပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ်တစ်ရပ် ချုပ်ဆိုထားပါတယ်။
အဆိုပါတောင်ကိုရီးယားဘဏ်သည် ပြည်တွင်းဘဏ်တစ်ခုမှ ရှယ်ယာများဝယ်ယူရန်ပြင်ဆင်နေသည့်အပြင် မြန်မာနိုင်ငံ၌ဘဏ်ခွဲတစ်ခုဖွင့်လှစ်ရန်အတွက်လည်း လေလံဆွဲလျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြနေပါတယ်။ မြန်မာနိုင်ငံ၌ နိုင်ငံရပ်ခြားမှ ဘဏ် (၁၃) ခုသာ ဘဏ်ခွဲများလာရောက်ဖွင့်လှစ်ထားပြီး သြစတြေးလျ၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့မှ ဘဏ်များသာ မြန်မာနိုင်ငံပြည်တွင်း၌ လာရောက်ဖွင့်လှစ်ထားပါတယ်။
(၂၀၁၆) ခုနှစ်၌ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ Shinhan Bank သည် လက်ရှိပြည်တွင်း၌ ဖွင့်လှစ်ထားသည့် တစ်ခုတည်းသော တောင်ကိုရီးယားဘဏ်လည်းဖြစ်ပါတယ်။ ယခုနှစ်အတွင်း၌မူ မြန်မာအာဏာပိုင်များအနေဖြင့် ကမ္ဘာ့ဘဏ်အချို့ကို နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင််ရန်အတွက် မြန်မာနိုင်ငံ၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပေးသွားဖွယ်ရှိနေပါတယ်။
<UnicodeVersion>
ျမန္မာ့နာမည္ႀကီးဘဏ္တစ္ခု၌ ရင္းႏွီးျမွဳပ္ႏွံရန္စဥ္းစားေနသည့္ ေတာင္ကိုရီးယားဘဏ္ႀကီးတစ္ခု။
ေတာင္ကိုရီးယားႏိုင္ငံရွိ အႀကီးမားဆံုးဘဏ္မ်ား၌ တစ္ခုအပါအဝင္ျဖစ္သည့္ Hana Bank သည္ ျမန္မာႏိုင္ငံရွိဘဏ္တစ္ခု၌ ရွယ္ယာမ်ားရင္းႏွီးျမွဳပ္ႏံွရန္ စဥ္းစားေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအေနျဖင့္ ျပည္ပဘဏ္မ်ား၌ ရင္းႏွီးျမွဳပ္ႏွံခြင့္ရရွိၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္၌မူ အကန္႔အသတ္ျဖင့္သာ ခြင့္ျပဳထားပါတယ္။
ယခုထြက္ေပၚေနေသာသတင္းမ်ားနဲ႔ ပတ္သက္၍လည္း Hana Bank ရဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက “Hana Bank အေနနဲ႔ ျမန္မာႏိုင္ငံမွာ ျပည္တြင္းေစ်းကြက္တစ္ခု လာေရာက္ခ်ဲ႕ထြင္ဖို႔ သက္ဆိုင္ရာအာဏာပုိင္ေတြထံ ခြင့္ျပဳခ်က္ေတာင္းခံထားၿပီး ျပည္တြင္းက အဓိကဘဏ္တစ္ခုမွာလည္း ရွယ္ယာေတြဝယ္ယူဖို႔အတြက္လည္း စိတ္ဝင္စားေနပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။
သို႔ရာတြင္မူ မည္သည့္ဘဏ္ရဲ႕ရွယ္ယာကို ဝယ္ယူၿပီး ရင္းႏွီးျမွဳပ္ႏွံမည္လဲဆိုျခင္းကိုမူ အတည္ျပဳႏိုင္ခဲ့ျခင္းမရွိေပ။ Hana Bank သည္ ေငြလဲႊျခင္း၊ ကုန္သြယ္ေရး၊ ဘ႑ာေရးက႑မ်ားနဲ႔ ပတ္သက္၍ ျမန္မာႏိုင္ငံရွိျပည္တြင္းဘဏ္တစ္ခုျဖစ္သည့္ KBZ ဘဏ္နဲ႔ (၂၀၁၆) ခုႏွစ္မွစတင္၍ အက်ိဳးတူပူးေပါင္းသည့္ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုထားသလို AYA ဘဏ္နဲ႔လည္း (၂၀၁၂) ခုႏွစ္မွစတင္ၿပီး အေရာင္းပိုင္းနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈကိစၥရပ္မ်ား၌ ပူးေပါင္းေဆာင္ရြက္ရန္ သေဘာတူညီမႈစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုထားပါတယ္။
အဆိုပါေတာင္ကိုရီးယားဘဏ္သည္ ျပည္တြင္းဘဏ္တစ္ခုမွ ရွယ္ယာမ်ားဝယ္ယူရန္ျပင္ဆင္ေနသည့္အျပင္ ျမန္မာႏုိင္ငံ၌ဘဏ္ခဲြတစ္ခုဖြင့္လွစ္ရန္အတြက္လည္း ေလလံဆဲြေလွ်ာက္ထားခဲ့ၿပီးျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပေနပါတယ္။ ျမန္မာႏိုင္ငံ၌ ႏိုင္ငံရပ္ျခားမွ ဘဏ္ (၁၃) ခုသာ ဘဏ္ခဲြမ်ားလာေရာက္ဖြင့္လွစ္ထားၿပီး ၾသစေၾတးလ်၊ ထိုင္း၊ ဂ်ပန္၊ မေလးရွား၊ စင္ကာပူနဲ႔ တရုတ္ႏိုင္ငံတို႔မွ ဘဏ္မ်ားသာ ျမန္မာႏိုင္ငံျပည္တြင္း၌ လာေရာက္ဖြင့္လွစ္ထားပါတယ္။
(၂၀၁၆) ခုႏွစ္၌ ျမန္မာႏိုင္ငံတြင္ ဘဏ္ခဲြဖြင့္လွစ္ရန္ ခြင့္ျပဳခ်က္ရရွိခဲ့သည့္ ေတာင္ကိုရီးယားႏိုင္ငံမွ Shinhan Bank သည္ လက္ရွိျပည္တြင္း၌ ဖြင့္လွစ္ထားသည့္ တစ္ခုတည္းေသာ ေတာင္ကိုရီးယားဘဏ္လည္းျဖစ္ပါတယ္။ ယခုႏွစ္အတြင္း၌မူ ျမန္မာအာဏာပိုင္မ်ားအေနျဖင့္ ကမာၻ႕ဘဏ္အခ်ိဳ႕ကို ႏိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ႏိုင္္ရန္အတြက္ ျမန္မာႏိုင္ငံ၌ ဘဏ္ခဲြဖြင့္လွစ္ခြင့္ေပးသြားဖြယ္ရွိေနပါတယ္။
<Zawgyi Version>
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share