Breaking News

ကမ္ဘာ့ပေါ်၌ လစာငွေအများဆုံးဘောလုံးသမား (၁၀) ယောက်။

ကမ္ဘာ့လစာငွေအများဆုံး ဘောလုံးသမား (၁၀) ယောက်စာရင်းကို နာမည်ကျော် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်ကြေညာခဲ့ရာ ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်မက်ဆီတို့က အဆင့် (၁) နဲ့ အဆင့် (၂) နေရာတို့၌ အသီးသီးရပ်တည်ခဲ့ကြောင်း သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ်ကစားသမား မက်ဆီသည် လက်ရှိအချိန်၌အသင်းရဲ့လစာငွေအများဆုံးရကစားသမားတစ်ဦးဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်း၌ ရော်နယ်ဒိုရရှိနေသည့် လစာငွေပမာဏကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်း၌ ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့ရဲ့နောက်၌ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားတစ်ဦးဖြစ်သည့် နေမာက လစာငွေအများဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေပြီး တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ကစားသမား အော်စကာကလည်း လစာငွေအများဆုံးကစားသမား (၁၀) ယောက်စာရင်း၌ အဆင့် (၉) နေရာမှ အံ့အားသင့်ဖွယ် ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့ကစားသမားဟောင်း အော်စကာသည် ချဲလ်ဆီးအသင်းမှ ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့ခဲ့စဉ်က မိသားစုရဲ့နောင်ရေးအတွက် ယခုကဲ့သို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်ဟုဆိုခဲ့ရာ လက်ရှိအချိန်၌  အော်စကာရဲ့ရည်မှန်းချက်များ ပြည့်မြောက်နေသည်ဟု ဆိုနိုင်ပါတယ်။

Forbes မဂ္ဂဇင်းကဖော်ပြပေးခဲ့သည့် ကမ္ဘာပေါ်၌လစာငွေအများဆုံးကစားသမား (၁၀) ယောက်စာရင်းကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရော်နယ်ဒို (ဂျူဗင်တပ်စ်)-  ပေါင် (၈၅.၈) သန်း။

၂။ မက်ဆီ (ဘာစီလိုနာ)- ပေါင် (၈၃.၄) သန်း။

၃။ နေမာ (PSG)- ပေါင် (၇၆.၆) သန်း။

၄။ ဆာလာ (လီဗာပူး)- ပေါင် (၂၈.၂) သန်း။

၅။ အမ်ဘာပေ (PSG)- ပေါင် (၂၇.၁) သန်း။

၆။ အင်နီယေစတာ (ဗက်ဆဲလ်ကိုဘေး)- ပေါင် (၂၃.၇) သန်း။

၇။ အိုဇေးလ် (အာဆင်နယ်)- ပေါင် (၂၃) သန်း။

၈။ ပေါ့ဘာ (ယူနိုက်တက်)- ပေါင် (၂၂.၈) သန်း။

၉။ အော်စကာ (ရှန်ဟိုင်းရှင်ဟွာ)- ပေါင် (၂၂) သန်း။

၁၀။ ဂရစ်ဇ်မန်း (ဘာစီလိုနာ)- ပေါင် (၂၁.၄) သန်း။

<Unicode Version>

 

 

ကမာၻ႕ေပၚ၌ လစာေငြအမ်ားဆံုးေဘာလံုးသမား (၁၀) ေယာက္။

ကမာၻ႕လစာေငြအမ်ားဆံုး ေဘာလံုးသမား (၁၀) ေယာက္စာရင္းကို နာမည္ေက်ာ္ Forbes မဂၢဇင္းမွ ထုတ္ျပန္ေၾကညာခဲ့ရာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕တုိက္စစ္မွဴးေရာ္နယ္ဒုိနဲ႔ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္မက္ဆီတို႔က အဆင့္ (၁) နဲ႔ အဆင့္ (၂) ေနရာတို႔၌ အသီးသီးရပ္တည္ခဲ့ေၾကာင္း သိရွိရပါတယ္။

ဘာစီလိုနာအသင္းရဲ႕ မရွိမျဖစ္ကစားသမား မက္ဆီသည္ လက္ရွိအခ်ိန္၌အသင္းရဲ႕လစာေငြအမ်ားဆံုးရကစားသမားတစ္ဦးျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္း၌ ေရာ္နယ္ဒိုရရွိေနသည့္ လစာေငြပမာဏကို ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိေသာေၾကာင့္ ယခုကဲ့သို႔ဝင္ေငြအေကာင္းဆံုး ကစားသမားစာရင္း၌ ဒုတိယေနရာ၌သာ ရပ္တည္ႏုိင္ခဲ့ျခင္းျဖစ္ပါတယ္။ ေရာ္နယ္ဒို၊ မက္ဆီတုိ႔ရဲ႕ေနာက္၌ ကမာၻ႕ေျပာင္းေရႊ႕ေၾကးအျမင့္မားဆံုး ကစားသမားတစ္ဦးျဖစ္သည့္ ေနမာက လစာေငြအမ်ားဆံုးကစားသမားတစ္ဦးအျဖစ္ရပ္တည္ေနၿပီး တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းရဲ႕ကစားသမား ေအာ္စကာကလည္း လစာေငြအမ်ားဆံုးကစားသမား (၁၀) ေယာက္စာရင္း၌ အဆင့္ (၉) ေနရာမွ အံ့အားသင့္ဖြယ္ ပါဝင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ကစားသမားေဟာင္း ေအာ္စကာသည္ ခ်ဲလ္ဆီးအသင္းမွ ရွန္ဟိုင္းရွင္ဟြာအသင္းသို႔ ေျပာင္းေရႊ႕ခဲ့စဥ္က မိသားစုရဲ႕ေနာင္ေရးအတြက္ ယခုကဲ့သို႔ ေျပာင္းေရႊ႕ခဲ့ရျခင္းျဖစ္သည္ဟုဆိုခဲ့ရာ လက္ရွိအခ်ိန္၌  ေအာ္စကာရဲ႕ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေနသည္ဟု ဆုိႏုိင္ပါတယ္။

Forbes မဂၢဇင္းကေဖာ္ျပေပးခဲ့သည့္ ကမာၻေပၚ၌လစာေငြအမ်ားဆံုးကစားသမား (၁၀) ေယာက္စာရင္းကို ေဖာ္ျပေပးလုိက္ရပါတယ္။

၁။ ေရာ္နယ္ဒို (ဂ်ဴဗင္တပ္စ္)-  ေပါင္ (၈၅.၈) သန္း။

၂။ မက္ဆီ (ဘာစီလိုနာ)- ေပါင္ (၈၃.၄) သန္း။

၃။ ေနမာ (PSG)- ေပါင္ (၇၆.၆) သန္း။

၄။ ဆာလာ (လီဗာပူး)- ေပါင္ (၂၈.၂) သန္း။

၅။ အမ္ဘာေပ (PSG)- ေပါင္ (၂၇.၁) သန္း။

၆။ အင္နီေယစတာ (ဗက္ဆဲလ္ကိုေဘး)- ေပါင္ (၂၃.၇) သန္း။

၇။ အိုေဇးလ္ (အာဆင္နယ္)- ေပါင္ (၂၃) သန္း။

၈။ ေပါ့ဘာ (ယူႏိုက္တက္)- ေပါင္ (၂၂.၈) သန္း။

၉။ ေအာ္စကာ (ရွန္ဟိုင္းရွင္ဟြာ)- ေပါင္ (၂၂) သန္း။

၁၀။ ဂရစ္ဇ္မန္း (ဘာစီလိုနာ)- ေပါင္ (၂၁.၄) သန္း။

<Zawgyi Version>

 

Source ~ Mirror

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro