Breaking News

ကလေးငယ်များအတွက်အထူးစီမံဖန်တီးထားသည့် စူပါဟီးရိုးနှာခေါင်းစည်းများ။

Marvel Comics များကို အဓိကရေးဆွဲဖန်တီးပေးနေသည့်ပုဂ္ဂိုလ်က ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလေးငယ်များအတွက် နှာခေါင်းစည်းများကို အထူးသီးသန့်စီမံဖန်တီးပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အိုင်ယာလန်သရုပ်ဖော်ဆရာဖြစ်သူ Will Sliney သည် Avengers ၊ Spider- Man နဲ့ X- Men တို့ကဲ့သို့ အဓိကဇာတ်ရုပ်များစွာကို သရုပ်ဖော်ရေးဆွဲခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ သူ့ရဲ့ပညာအရည်အချင်းများကို မျက်နှာဖုံးများဖန်တီးထုတ်လုပ်ရင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာသည့် EasyJet မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်ကာလအတွင်း လေကြောင်းလိုင်းပျံသန်းမှုများနဲ့ပတ်သက်၍ စည်းကမ်းအသစ်များထုတ်ပြန်ခဲ့ရာ ထိုအပေါ်၌ ကလေးငယ်များ ကြောက်ရွံ့ထိတ်လန့်မှုမဖြစ်စေရန် ရည်ရွယ်ကာ ယခုကဲ့သို့ကလေးငယ်များအကြိုက်ကို တီထွင်ကြံဆခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

EasyJet အနေဖြင့် လာမယ့်ဇွန်လ (၁၅) ရက်နေ့၌ သတ်မှတ်ထားသည့်လေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲရန် ရည်ရွယ်ထားပြီး အဆိုပါအစီအစဉ်အတွက် ထောင်နဲ့ချီသည့်နှာခေါင်းစည်းများကို ပြင်ဆင်ထားရကြောင်းလည်း ကြေညာခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်၍လည်း Will က “နှာခေါင်းစည်းတွေနဲ့ ေ လယာဉ်စီးရတာက လူတိုင်းအတွက် အတွေ့အကြုံအသစ်ဖြစ်နိုင်ပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက်ပါ။ အဲ့ဒါကြောင့် Comic စာအုပ်ထဲက ဒီလိုမျိုးဒီဇိုင်းတွေကို နမူနာယူဖန်တီးပေးခဲ့တာဖြစ်ပြီး ဒါကနှာခေါင်းစည်းတပ်ဆင်ရမယ့် ကလေးငယ်တွေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်။” ဟုပြောကြားခဲ့ပါတယ်။

လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲချိန်၌ လေဆိပ်နဲ့လေယာဉ်ပေါ်၌ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ထားရန် EasyJet က သတ်မှတ်ထားပြီး အဆိုပါအချက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်၍  ဘေးကင်းလုံခြုံရေးကိစ္စရပ်များအတွက် မဖြစ်မနေပါဝင်သည့်အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်ပျံသန်းနေစဉ်အတွင်း၌ အစားအသောက်များရောင်းချပေးသွားမည်မဟုတ်ဘဲ လေယာဉ်ပေါ်၌လည်း လက်သန့်စင်ဆေးရည်များကို ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

EasyJet ရဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာကပ္ပတိန် David Morgan က “မတူညီတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကလေးငယ်တွေလေယာဉ်စီးနင်းတဲ့အချိန်အတွက်အသုံးပြုမယ့် နှာခေါင်းစည်းတွေကို Comic တွေနဲ့ဖန်တီးဖို့ သရုပ်ဖော်ဆရာနဲ့ပူးပေါင်းခဲ့ရပါတယ်။ အဲ့ဒါကြောင့် လာမယ့်နွေရာသီကာလမှာ ကလေးငယ်တွေအနေနဲ့ ဒီနှာခေါင်းစည်းတွေကိုတပ်ဆင်ရင်း ကျွန်တော်တို့နဲ့အတူ ခရီးသွားလာနိုင်ပြီး ဒါကမိဘတွေအတွက်လည်း ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် EasyJet ရဲ့လေကြောင်းလိုင်းများကို ကနဦးအစီအစဉ်အနေဖြင့် ယူကေနဲ့ပြင်သစ်နိုင်ငံပြည်တွင်းတို့၌ စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ကေလးငယ္မ်ားအတြက္အထူးစီမံဖန္တီးထားသည့္ စူပါဟီးရိုးႏွာေခါင္းစည္းမ်ား။

Marvel Comics မ်ားကို အဓိကေရးဆဲြဖန္တီးေပးေနသည့္ပုဂၢိဳလ္က ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း ကေလးငယ္မ်ားအတြက္ ႏွာေခါင္းစည္းမ်ားကို အထူးသီးသန္႔စီမံဖန္တီးေပးခဲ့ေၾကာင္း သိရွိရပါတယ္။ အဆုိပါ အိုင္ယာလန္သရုပ္ေဖာ္ဆရာျဖစ္သူ Will Sliney သည္ Avengers ၊ Spider- Man နဲ႔ X- Men တို႔ကဲ့သို႔ အဓိကဇာတ္ရုပ္မ်ားစြာကို သရုပ္ေဖာ္ေရးဆဲြခဲ့သူတစ္ဦးျဖစ္ၿပီး လက္ရိွအခ်ိန္၌ သူ႔ရဲ႕ပညာအရည္အခ်င္းမ်ားကို မ်က္ႏွာဖံုးမ်ားဖန္တီးထုတ္လုပ္ရင္း ေဖာ္ျပခဲ့ျခင္းျဖစ္ပါတယ္။ ကုန္က်စရိတ္သက္သာသည့္ EasyJet မွ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔ေနသည့္ကာလအတြင္း ေလေၾကာင္းလိုင္းပ်ံသန္းမႈမ်ားနဲ႔ပတ္သက္၍ စည္းကမ္းအသစ္မ်ားထုတ္ျပန္ခဲ့ရာ ထိုအေပၚ၌ ကေလးငယ္မ်ား ေၾကာက္ရံြ႕ထိတ္လန္႔မႈမျဖစ္ေစရန္ ရည္ရြယ္ကာ ယခုကဲ့သို႔ကေလးငယ္မ်ားအႀကိဳက္ကို တီထြင္ႀကံဆခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

EasyJet အေနျဖင့္ လာမယ့္ဇြန္လ (၁၅) ရက္ေန႔၌ သတ္မွတ္ထားသည့္ေလေၾကာင္းလိုင္းမ်ားကို ျပန္လည္ေျပးဆဲြရန္ ရည္ရြယ္ထားၿပီး အဆုိပါအစီအစဥ္အတြက္ ေထာင္နဲ႔ခ်ီသည့္ႏွာေခါင္းစည္းမ်ားကို ျပင္ဆင္ထားရေၾကာင္းလည္း ေၾကညာခဲ့ပါတယ္။ သူ႔ရဲ႕ရည္ရြယ္ခ်က္နဲ႔ပတ္သက္၍လည္း Will က “ႏွာေခါင္းစည္းေတြနဲ႔ ေ လယာဥ္စီးရတာက လူတိုင္းအတြက္ အေတြ႕အႀကံဳအသစ္ျဖစ္ႏိုင္ၿပီး အထူးသျဖင့္ ငယ္ရြယ္တဲ့ကေလးငယ္ေတြအတြက္ပါ။ အဲ့ဒါေၾကာင့္ Comic စာအုပ္ထဲက ဒီလိုမ်ိဳးဒီဇိုင္းေတြကို နမူနာယူဖန္တီးေပးခဲ့တာျဖစ္ၿပီး ဒါကႏွာေခါင္းစည္းတပ္ဆင္ရမယ့္ ကေလးငယ္ေတြအတြက္ အကူအညီျဖစ္ေစပါလိမ့္မယ္။” ဟုေျပာၾကားခဲ့ပါတယ္။

ေလေၾကာင္းလိုင္းမ်ားျပန္လည္ေျပးဆဲြခ်ိန္၌ ေလဆိပ္နဲ႔ေလယာဥ္ေပၚ၌ ႏွာေခါင္းစည္းမ်ား မျဖစ္မေနတပ္ဆင္ထားရန္ EasyJet က သတ္မွတ္ထားၿပီး အဆိုပါအခ်က္က ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္၍  ေဘးကင္းလံုၿခံဳေရးကိစၥရပ္မ်ားအတြက္ မျဖစ္မေနပါဝင္သည့္အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ေလယာဥ္ပ်ံသန္းေနစဥ္အတြင္း၌ အစားအေသာက္မ်ားေရာင္းခ်ေပးသြားမည္မဟုတ္ဘဲ ေလယာဥ္ေပၚ၌လည္း လက္သန္႔စင္ေဆးရည္မ်ားကို ထားရွိေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

EasyJet ရဲ႕ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာကပၸတိန္ David Morgan က “မတူညီတဲ့ပတ္ဝန္းက်င္တစ္ခုမွာ ကေလးငယ္ေတြေလယာဥ္စီးနင္းတဲ့အခ်ိန္အတြက္အသံုးျပဳမယ့္ ႏွာေခါင္းစည္းေတြကို Comic ေတြနဲ႔ဖန္တီးဖို႔ သရုပ္ေဖာ္ဆရာနဲ႔ပူးေပါင္းခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ လာမယ့္ေႏြရာသီကာလမွာ ကေလးငယ္ေတြအေနနဲ႔ ဒီႏွာေခါင္းစည္းေတြကိုတပ္ဆင္ရင္း ကြ်န္ေတာ္တုိ႔နဲ႔အတူ ခရီးသြားလာႏုိင္ၿပီး ဒါကမိဘေတြအတြက္လည္း ပိုၿပီးအဆင္ေျပေစႏုိင္ပါတယ္။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ရပ္နားထားရသည့္ EasyJet ရဲ႕ေလေၾကာင္းလိုင္းမ်ားကို ကနဦးအစီအစဥ္အေနျဖင့္ ယူေကနဲ႔ျပင္သစ္ႏိုင္ငံျပည္တြင္းတို႔၌ စတင္ပ်ံသန္းေျပးဆဲြသြားမည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Mirror

#HM(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro