UNESCO မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံမှ ဆရာ၊ ဆရာမပေါင်း (၂.၅) သန်းခန့်သည် ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားနေရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့သိပ္ပံနဲ့ယဉ်ကျေးမှုသတင်းအချက်အလက်စုဆောင်းမှုဆိုင်ရာ အစည်းအဝေးမှ ရရှိသည့်အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းများပိတ်လိုက်ရခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ဆရာ၊ ဆရာမပေါင်း (၉.၁) သန်းကို ထိခိုက်စေခဲ့ပြီး (၆၃) သန်းသော ဆရာ၊ ဆရာမများသည်လည်း သူတို့ရဲ့လက်ရှိအလုပ်အကိုင်များအတွက် စိုးရိမ်ပူပန်နေရကြောင်း သိရှိရပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေး၌ ယူကေအခြေစိုက် Varkey ဖောင်ဒေးရှင်းက ဆရာ၊ ဆရာမများအတွက် အလုပ်တာဝန်အသစ် (၉) ခုကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်တာများကို UNESCO မှ ဆရာ၊ ဆရာမများအဖွဲ့အစည်းနဲ့ ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါလုပ်ငန်းဆောင်တာအသစ် (၉) ခု၌ ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ချရသည့် အင်တာနက်ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ အင်တာနက်မရှိသည့်နေရာများ၌ သင်ခန်းစာများသင်ယူနိုင်ရန် နည်းလမ်းများကိုဖော်ဆောင်ပေးခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အချိန်၌ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ချရသည့်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်း အစရှိသည့် အချက်များပါဝင်ကြောင်း သိရှိရပါတယ်။
UNESCO ရဲ့ အထွေထွေလက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်သူ Stefania Giannini က “UNESCO က ထုတ်ပြန်လိုက်တဲ့အချက်အလက်တွေအရ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဆရာ၊ ဆရာမပေါင်း (၂.၇) သန်းက ကျောင်းတွေပိတ်ထားတဲ့ကာလအတွင်းမှာ လိုအပ်တဲ့သင်တန်းတွေကို သင်ကြားနိုင်ခြင်းမရှိပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Giannini က “ဒီလိုမျိုးအဓိကကျတဲ့ကိစ္စတွေကို ဆန်းစစ်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံမှာရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့ ထူးခြားဆန်းသစ်တဲ့အမြင်တွေကို ထုတ်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။” ဟုလည်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။
ထို့ကြောင့်လည်း အဆိုပါထိပ်သီးအစည်းအဝေး၌ UNESCO မှ ဆရာ၊ ဆရာမများက ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ သူတို့အတွက်လိုအပ်သည့် ထောက်ပံ့မှုများ၊ ဘေးကင်းလုံခြုံစိတ်ချရမှုများအတွက် သက်ဆိုင်ရာကျောင်းများမှခေါင်းဆောင်များနဲ့အတူ လက်တွေ့ကျသည့် အကြံဉာဏ်များ၊ လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
<Unicode Version>
အိႏၵိယႏုိင္ငံမွ သန္းနဲ႔ခ်ီသည့္ဆရာ၊ ဆရာမမ်ားကို ထိခိုက္ေစခဲ့သည့္ ကိုရိုနာဗုိင္းရပ္စ္။
UNESCO မွ ထုတ္ျပန္ခဲ့သည့္ အခ်က္အလက္မ်ားအရ အိႏၵိယႏုိင္ငံမွ ဆရာ၊ ဆရာမေပါင္း (၂.၅) သန္းခန္႔သည္ ကိုရိုနာဗုိင္းရပ္စ္ရဲ႕ ေနာက္ဆက္တဲြအက်ိဳးဆက္မ်ားကို ခံစားေနရေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ ကုလသမဂၢရဲ႕သိပၸံနဲ႔ယဥ္ေက်းမႈသတင္းအခ်က္အလက္စုေဆာင္းမႈဆုိင္ရာ အစည္းအေဝးမွ ရရွိသည့္အခ်က္အလက္မ်ားအရ ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း ေက်ာင္းမ်ားပိတ္လုိက္ရျခင္းေၾကာင့္ ကမာၻတစ္ဝွမ္းရွိ ဆရာ၊ ဆရာမေပါင္း (၉.၁) သန္းကို ထိခိုက္ေစခဲ့ၿပီး (၆၃) သန္းေသာ ဆရာ၊ ဆရာမမ်ားသည္လည္း သူတုိ႔ရဲ႕လက္ရွိအလုပ္အကိုင္မ်ားအတြက္ စိုးရိမ္ပူပန္ေနရေၾကာင္း သိရွိရပါတယ္။
အဆိုပါထိပ္သီးအစည္းအေဝး၌ ယူေကအေျခစိုက္ Varkey ေဖာင္ေဒးရွင္းက ဆရာ၊ ဆရာမမ်ားအတြက္ အလုပ္တာဝန္အသစ္ (၉) ခုကို မိတ္ဆက္ေပးခဲ့ၿပီး အဆိုပါလုပ္ငန္းေဆာင္တာမ်ားကို UNESCO မွ ဆရာ၊ ဆရာမမ်ားအဖဲြ႕အစည္းနဲ႔ ညိွႏိႈင္းေဆြးေႏြးကာ ပူးေပါင္းေဆာင္ရြက္သြားမည္ဟု ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဆုိပါလုပ္ငန္းေဆာင္တာအသစ္ (၉) ခု၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စိတ္ခ်ရသည့္ အင္တာနက္ရရွိေအာင္ေဆာင္ရြက္ေပးျခင္း၊ အင္တာနက္မရွိသည့္ေနရာမ်ား၌ သင္ခန္းစာမ်ားသင္ယူႏိုင္ရန္ နည္းလမ္းမ်ားကိုေဖာ္ေဆာင္ေပးျခင္း၊ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္သည့္အခ်ိန္၌ ဆရာ၊ ဆရာမမ်ားနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စိတ္ခ်ရသည့္ပတ္ဝန္းက်င္တစ္ခုကို ဖန္တီးေပးျခင္း အစရွိသည့္ အခ်က္မ်ားပါဝင္ေၾကာင္း သိရွိရပါတယ္။
UNESCO ရဲ႕ အေထြေထြလက္ေထာက္ဒါရိုက္တာတစ္ဦးျဖစ္သူ Stefania Giannini က “UNESCO က ထုတ္ျပန္လိုက္တဲ့အခ်က္အလက္ေတြအရ အိႏၵိယႏုိင္ငံမွာရွိတဲ့ ဆရာ၊ ဆရာမေပါင္း (၂.၇) သန္းက ေက်ာင္းေတြပိတ္ထားတဲ့ကာလအတြင္းမွာ လုိအပ္တဲ့သင္တန္းေတြကို သင္ၾကားႏုိင္ျခင္းမရွိပါဘူး။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ Giannini က “ဒီလိုမ်ိဳးအဓိကက်တဲ့ကိစၥေတြကို ဆန္းစစ္ႏိုင္ဖို႔အတြက္ အိႏၵိယႏုိင္ငံမွာရွိတဲ့ ဆရာ၊ ဆရာမေတြရဲ႕ ထူးျခားဆန္းသစ္တဲ့အျမင္ေတြကို ထုတ္ေဖာ္ႏိုင္ဖို႔ အေရးႀကီးပါတယ္။” ဟုလည္း ဖြင့္ဟေျပာၾကားခဲ့ပါေသးတယ္။
ထို႔ေၾကာင့္လည္း အဆုိပါထိပ္သီးအစည္းအေဝး၌ UNESCO မွ ဆရာ၊ ဆရာမမ်ားက ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ သူတုိ႔အတြက္လိုအပ္သည့္ ေထာက္ပံ့မႈမ်ား၊ ေဘးကင္းလံုၿခံဳစိတ္ခ်ရမႈမ်ားအတြက္ သက္ဆိုင္ရာေက်ာင္းမ်ားမွေခါင္းေဆာင္မ်ားနဲ႔အတူ လက္ေတြ႕က်သည့္ အႀကံဥာဏ္မ်ား၊ လမ္းညႊန္ခ်က္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
#HM(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare