HomeEntertainmentဘီလျံနာမလေး Kylie Jenner နဲ့ ငွေကြေးအရှုပ်တော်ပုံ။ (Kylie Jenner တစ်ယောက် ဘီလျံနာမဟုတ်တော့ဘူးလား ? ? ?)
ဘီလျံနာမလေး Kylie Jenner နဲ့ ငွေကြေးအရှုပ်တော်ပုံ။ (Kylie Jenner တစ်ယောက် ဘီလျံနာမဟုတ်တော့ဘူးလား ? ? ?)
- Advertisement -
ဆိုရှယ်မီဒီယာပေါ်၌ ဘုရင်မတစ်ဦးအဖြစ် နာမည်ကြီးသည့် Kylie Jenner သည် ကိုယ်ပိုင်ဂျက်လေယာဉ်များ၊ ဇိိမ်ခံအိမ်များအတွက် ပေါင်သန်းနဲ့ချီအသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ သုံးဖြန်းခဲ့ပြီးနောက်ပိုင်း နာမည်ကျော် Forbes မဂ္ဂဇင်းက အသက် (၂၂) နှစ်အရွယ် အဆိုပါအမျိုးသမီးရဲ့  ငွေကြေးနဲ့အခွန်ငွေဆိုင်ရာအရှုပ်တော်ပုံများကိုဖွင့်ချခဲ့ကြောင်း သိရှိရပါတယ်။
အသက် (၂၂) နှစ်အရွယ် Kylie Jenner အနေဖြင့် အများထင်မှတ်ထားသကဲ့သို့ ဘီလျံနာတစ်ဦးမဟုတ်ဘဲ အခွန်တိမ်းရှောင်ခဲ့ကြောင်း Forbes မဂ္ဂဇင်းကဖော်ပြခဲ့ပေမယ့် Kylie ကမူ အဆိုပါဖော်ပြချက်များကို အခြေအမြစ်မရှိသည့် ဖော်ပြချက်များသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းက “Kylie Jenner အနေဖြင့် လူအများရဲ့အမြင်၌ ဘီလျံနာတစ်ဦးအဖြစ်ရှိနေပေမယ့် လက်တွေ့၌မူ သူမရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာသန်း (၉၀၀) အောက်သာရှိပါတယ်။” ဟုဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ သတင်းရင်းမြစ်များရဲ့အဆိုအရ “Kylie က ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ သူ့သမီး Stormi ရဲ့မွေးနေ့မှာအသုံးပြုဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် ဒေါ်လာသန်း (၅၀) ကနေ သန်း (၇၀) အထိ သုံးဖြုန်းခဲ့ပါတယ်။” ဟု  ပြောကြားခဲ့ပါတယ်။ Kylie ၌ ထိုကဲ့သို့အသုံးအဖြုန်းကြီးမားသည့် အကျင့်ဆိုးကြီးတစ်ခု စွဲကပ်နေပြီး “သူ့ရဲ့ညီအစ်မတွေက Kylie တစ်ယောက် အသုံးအဖြုန်းကြီးတဲ့အပေါ် စိုးရိမ်နေကြပါတယ်။” ဟု အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
- Advertisement -
ဒါ့အပြင် Kylie အနေဖြင့် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်အတွင်း၌ ဒေါ်လာသန်း (၁၃၀) နဲ့အထက် အသုံးပြုခဲ့ကြောင်း သိရှိရပြီး California ရှိ Holmby Hills အတွက် ဒေါ်လာ (၃၆.၅) သန်းအသုံးပြုခဲ့ပြီး Palm Springs အတွက်လည်း ဒေါ်လာ (၃.၂၅) သန်းအထိ အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Kylie နဲ့ သူမရဲ့မိခင်ဖြစ်သူ Kris Jenner တို့နှစ်ဦးအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုရှိနေသည်ဟုကြားသိရပေမယ့် Kylie အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အမေရိကန်နိုင်ငံ၌ မတရားသေဆုံးခဲ့ရသည့် လူမည်းအမျိုးသား George Floyd အတွက် တရားမျှတမှုရရှိရေးလှုပ်ရှားမှုများကို အွန်လိုင်းပေါ်မှတစ်ဆင့်ဆောင်ရွက်ခဲ့သေးကြောင်း သိရှိရပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
<Zawgyi Version>
Source ~ Mirror
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
seventeen − 15 =
Must Read
ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။
မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...