ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုက ကမ္ဘာတစ်ဝှမ်းရှိကဏ္ဍအသီးသီးကို အကြီးအကျယ်ဒုက္ခပေးခဲ့ပြီး ထိုအထဲ၌ ပညာရေးကိစ္စရပ်များသည်လည်း အပါအဝင်ပင်ဖြစ်ပါတယ်။ မိမိနေရပ်မှတစ်ဆင့် ရေခြားမြေခြားသို့ သွားရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများသည် Lockdown စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ထားမှု၊ လေဆိပ်များပိတ်ဆို့ထားမှုကြောင့် မိမိတို့နေရပ်သို့မပြန်နိုင်ဘဲ နေရပ်နဲ့ဝေးရာ၌သာ သောင်တင်လျက်ရှိပါတယ်။
အိန္ဒိယနိုင်ငံမှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူပေါင်း (၁) သိန်းခွဲခန့်သည် ကွန်ပျူတာသိပ္ပံ၊ ဘဏ္ဍာရေးနဲ့ အခြားသောအဆင့်မြင့်ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ထားကြပြီး လက်ရှိအချိန်၌ ၄င်းတို့အတွက် နိုင်ငံခြားဗီဇာများလျှောက်ထားရန် အခက်အခဲများနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လက်ရှိပညာသင်နှစ်၌ ဘွဲ့ရရှိမည့် Bharath ဆိုသည့်ကျောင်းသားတစ်ဦးက “လက်ရှိအချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက မနှစ်ကနဲ့ယှဉ်လိုက်ရင် အရမ်းကိုနိမ့်ကျသွားပါပြီ။” ဟု ပြောကြားသွားခဲ့ပါတယ်။
EAD ဟုခေါ်သည့် Employment Authorization Document များအတွက် လျှောက်ထားမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် လအချို့ အချိန်နှောင့်နှေးခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါ Document များသည် အိန္ဒိယမှဘွဲ့ရကျောင်းသား၊ ကျောင်းသူများအတွက် တရားဝင်အလုပ်လုပ်ခွင့် လျှောက်လွှာများဖြစ်ပြီး ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းက တက္ကသိုလ်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအတွက် အကြီးအကျယ် အထိနာစေခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းရှိ Deakin တက္ကသိုလ်မှ အမည်မဖော်လိုသည့် ကျောင်းသားတစ်ဦးက “လက်ရှိအချိန်က ဘွဲ့ယူဖို့ အဆိုးရွားဆုံးအချိန်ဖြစ်နေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေက အရမ်းကို ဆိုးရွားနေပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ထိခိုက်နစ်နာနေရပြီး ဝန်ထမ်းများသည်လည်း ၄င်းတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းများကို ဆုံးရှုံးနေရပါတယ်။ Amit Gainda ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူက လက်ရှိအချိန်၌ ပညာရေးနဲ့ပတ်သက်သည့် ချေးငွေများကို အရေးပေါ်ဖြည့်တင်းပေးနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Mindler ရဲ့တည်ထောင်သူ Prateek Bharagava က “ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ပညာရေးအတွက် အသုံးပြုခဲ့ရသည့်ငွေကြေးများအပြင် အခြားအရေးပါတဲ့ကွန်ယက်အတွေ့အကြုံများကိုပါ ဆုံးရှုံးခဲ့ရပါတယ်။” ဟု ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။ ယူကေ၊ ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံမှ တက္ကသိုလ်များက လာမယ့်ပညာသင်နှစ်၌ သူတို့ရဲ့သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သကဲ့သို့ နာမည်ကျော် Cambridge တက္ကသိုလ်ကလည်း လာမယ့်ပညာသင်နှစ်အတွက် အတန်းများအားလုံးကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
<Unicode Version>
တက္ကသိုလ်ဘွဲ့ရများရဲ့ ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုများ။
<Zawgyi Version>
#HM(Soshwe)
#soshweeducation
#soshweforyourdailylife
#llikeandshare