Breaking News

ချစ်သူဖြစ်သူ Zayn Malik ဘက်မှ အပြည့်အဝကာကွယ်ပေးခဲ့သည့် Gigi Hadid

One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ကို YouTuber တစ်ဦးဖြစ်သူ Jake Paul မှ စတင်တိုက်ခိုက်ခဲ့တဲ့အပေါ် Gigi Hadid မှ မဆိုင်းမတွ ပြန်လည်တုံ့ပြန်သွားခဲ့တယ်လို့ သိရှိရပါတယ်။ Paul နဲ့ Zayn တို့နှစ်ဦးသည် ပြီးခဲ့သည့် စနေနေ့က ရင်ဆိုင်ထိုးသတ်ခဲ့သည့် Deontay Wilder နဲ့ Tyson Fury တို့ နှစ်ဦးရဲ့ လက်ဝှေ့ပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါပွဲ၌ Tyson Fury က Deontay Wilder ကိုအလဲထိုး အနိုင်ရရှိခဲ့ပါတယ်။

One Direction ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Zayn က သူ့ရဲ့တွစ်တာမှတစ်ဆင့် Tyson Fury ကို ချီးကျူးပြောကြားခဲ့ပြီး နောက်ထပ်နာရီအနည်းငယ်အကြာတွင် အဆိုပါပို့စ်အောက်၌ Paul က “Zayn တစ်ယောက် One Direction အဖွဲ့က ထွက်သွားတာကို ကျွန်တော်လက်ခုပ်မတီးရုံတမယ် ဝမ်းသာခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကျွန်တော်သူ့ကို  ကောင်းကောင်းဆက်ဆံနေချိန်မှာတောင် ကျွန်တော့်ကို ဆဲဆိုခဲ့တဲ့ စိတ်ထားမျိုးရှိလို့ပါ။ Zayn ရေ။ မင်းဒါကို ဖတ်နေတဲ့အချိန်မှာ ဒေါသမဖြစ်ပါနဲ့။” ဟု ရေးသားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် Hadid ကလည်း ယခုစကားလုံးတိုက်ပွဲ၌ ပါဝင်လာခဲ့ပြီး “ရယ်စရာတစ်ခုပဲ။ Zayn က ရှင်နဲ့ရှင့်ရဲ့ YouTube အဖွဲဲ့သားတွေကို ဂရုမစိုက်ပါဘူး။ Zayn က အိမ်မှာပဲ သူ့ရဲ့အခင်မင်ဆုံးသူငယ်ချင်းတွေနဲ့အတူ  လေးစားမှုအပြည့်ရှိတဲ့ ဘုရင်တစ်ပါးလို နေနေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ကျွန်မရှိပြီးသားမို့လို့ပါ။ ရှင့်လိုရုပ်ဆိုးဆိုးလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ပါဘူး။ အိပ်ပဲအိပ်နေစမ်းပါ။” ဟု ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ရေးသားခဲ့ပါတယ်။

Zayn နဲ့ Hadid တို့နှစ်ဦးသည် တစ်နှစ်ကြာပြတ်စဲခဲ့ပြီးနောက် လူသိရှင်ကြားပြန်လည်တွဲခုတ်နေကြပြီး အတွင်းလူတစ်ဦးက “သူတို့နှစ်ယောက် မကြာခင်ကပဲ ပြန်လည်တွဲခုတ်နေကြပါပြီ။ (၃) လလောက်ရှိပြီဆိုပေမယ့် ဖြည်းဖြည်းမှန်မှန်နဲ့ပဲ တည်ငြိမ်မှုရှိအောင် ကြိုးစားနေကြပါတယ်။” ဟု US မဂ္ဂဇင်းသို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ခ်စ္သူျဖစ္သူ Zayn Malik ဘက္မွ အျပည့္အဝကာကြယ္ေပးခဲ့သည့္ Gigi Hadid

One Direction အဖြဲ႕ဝင္ေဟာင္း Zayn Malik ကို YouTuber တစ္ဦးျဖစ္သူ Jake Paul မွ စတင္တိုက္ခိုက္ခ့ဲတ့ဲအေပၚ Gigi Hadid မွ မဆိုင္းမတြ ျပန္လည္တံု႔ျပန္သြားခဲ့တယ္လို႔ သိရွိရပါတယ္။ Paul နဲ႔ Zayn တို႔ႏွစ္ဦးသည္ ၿပီးခဲ့သည့္ စေနေန႔က ရင္ဆုိင္ထိုးသတ္ခဲ့သည့္ Deontay Wilder နဲ႔ Tyson Fury တို႔ ႏွစ္ဦးရဲ႕ လက္ေဝွ႕ပဲြကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး အဆိုပါပဲြ၌ Tyson Fury က Deontay Wilder ကိုအလဲထိုး အႏိုင္ရရွိခဲ့ပါတယ္။

One Direction ရဲ႕ အဖဲြ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ Zayn က သူ႔ရဲ႕တြစ္တာမွတစ္ဆင့္ Tyson Fury ကို ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ေနာက္ထပ္နာရီအနည္းငယ္အၾကာတြင္ အဆိုပါပို႔စ္ေအာက္၌ Paul က “Zayn တစ္ေယာက္ One Direction အဖဲြ႕က ထြက္သြားတာကို ကြ်န္ေတာ္လက္ခုပ္မတီးရံုတမယ္ ဝမ္းသာခဲ့တာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ငယ္ရြယ္တဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး ကြ်န္ေတာ္သူ႔ကို  ေကာင္းေကာင္းဆက္ဆံေနခ်ိန္မွာေတာင္ ကြ်န္ေတာ့္ကို ဆဲဆုိခဲ့တဲ့ စိတ္ထားမ်ိဳးရွိလို႔ပါ။ Zayn ေရ။ မင္းဒါကို ဖတ္ေနတဲ့အခ်ိန္မွာ ေဒါသမျဖစ္ပါနဲ႔။” ဟု ေရးသားတုိက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ Hadid ကလည္း ယခုစကားလံုးတိုက္ပဲြ၌ ပါဝင္လာခဲ့ၿပီး “ရယ္စရာတစ္ခုပဲ။ Zayn က ရွင္နဲ႔ရွင့္ရဲ႕ YouTube အဖဲြဲ႕သားေတြကို ဂရုမစိုက္ပါဘူး။ Zayn က အိမ္မွာပဲ သူ႔ရဲ႕အခင္မင္ဆံုးသူငယ္ခ်င္းေတြနဲ႔အတူ  ေလးစားမႈအျပည့္ရွိတဲ့ ဘုရင္တစ္ပါးလုိ ေနေနပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ဆီမွာ ကြ်န္မရွိၿပီးသားမုိ႔လို႔ပါ။ ရွင့္လိုရုပ္ဆုိးဆုိးလူမ်ိဳးေတြနဲ႔ အေပါင္းအသင္းမလုပ္ပါဘူး။ အိပ္ပဲအိပ္ေနစမ္းပါ။” ဟု ခ်က္ခ်င္းဆိုသလိုပဲ တံု႔ျပန္ေရးသားခဲ့ပါတယ္။

Zayn နဲ႔ Hadid တုိ႔ႏွစ္ဦးသည္ တစ္ႏွစ္ၾကာျပတ္စဲခဲ့ၿပီးေနာက္ လူသိရွင္ၾကားျပန္လည္တဲြခုတ္ေနၾကၿပီး အတြင္းလူတစ္ဦးက “သူတုိ႔ႏွစ္ေယာက္ မၾကာခင္ကပဲ ျပန္လည္တဲြခုတ္ေနၾကပါၿပီ။ (၃) လေလာက္ရွိၿပီဆိုေပမယ့္ ျဖည္းျဖည္းမွန္မွန္နဲ႔ပဲ တည္ၿငိမ္မႈရွိေအာင္ ႀကိဳးစားေနၾကပါတယ္။” ဟု US မဂၢဇင္းသို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ US Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro