HomeSportအသင်းရဲ့ကွင်းလယ်ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ လုခ်ရှော။

အသင်းရဲ့ကွင်းလယ်ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ လုခ်ရှော။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံလူတစ်ဦးဖြစ်သူလုခ်ရှောက အသင်းဖော်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့ညက ဝက်ဖို့ဒ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သည့်ပွဲ၌ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့သည့် ဘရူနိုဖာနန်ဒက်စ်သည် ဂရင်းဝုဒ်ရဲ့ပွဲသိမ်းဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

ပွဲအပြီး MUTV နဲ့ တွေ့ဆုံခန်း၌ ဘရူနိုဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး လုခ်ရှောက “ဘရူနိုဖာနန်ဒက်စ်က အသင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိစေတဲ့ ကစားသမားပါ။ သူ ဒီအသင်းကိုရောက်တာ မကြာသေးပေမယ့် သူ့ရဲ့ပုံစံက ဒီအသင်းမှာ အချိန်ကြာကြာရှိခဲ့တဲ့ ကစားသမားလိုမျိုးဖြစ်နေပါတယ်။ သူ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းမှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုသူ့ရဲ့ ဦးဆောင်မှုတွေကို ဒီအသင်းရဲ့ကွင်းတွင်းကွင်းပြင်ကိစ္စအားလုံးမှာ အကူအညီပေးနိုင်ဖို့ အသုံးချနေပါပြီ။”

- Advertisement -

“သူ့ရဲ့လက်ရှိ ပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယူနိုက်တက်အသင်းကို သူရောက်တာမကြာသေးပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် အကောင်းဆုံး တောက်ပနေပြီး ဒီလိုမျိုးမြင်ရတာ တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌လည်း မက်ဂွိုင်းရားသွင်းဂိုးအတွက် ထောင့်ကန်ဘောကတစ်ဆင့် ဖန်တီးပေးနိုင်ခဲ့ပြီး လာမယ့်ကြာသပတေးနေ့၌ ကစားမည့် ဘရုဂေးအသင်းနဲ့ ယူရိုပါလိဂ် (၃၂) သင်း ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်၌ အသင်းအတွက် အကောင်းဆုံးပုံစံတွေ ဆက်လက်ပြသနိုင်ဦးမလား  စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

အသင္းရဲ႕ကြင္းလယ္ကစားသမားသစ္ ဘရူႏိုဖာနန္ဒက္စ္နဲ႕ပက္သက္ၿပီး ထုတ္ေဖာ္ေျပာၾကားလာတ့ဲ လုခ္ေရွာ။

ယူႏိုက္တက္အသင္းရဲ႕ဘယ္ေနာက္ခံလူတစ္ဦးျဖစ္သူလုခ္ေရွာက အသင္းေဖာ္ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ကို ခ်ီးက်ဴးစကားေျပာၾကားလုိက္ပါတယ္။ တနဂၤေႏြေန႔ညက ဝက္ဖုိ႔ဒ္အသင္းကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့သည့္ပဲြ၌ ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ပင္နယ္တီကတစ္ဆင့္ သြင္းယူေပးခဲ့သည့္ ဘရူႏိုဖာနန္ဒက္စ္သည္ ဂရင္းဝုဒ္ရဲ႕ပဲြသိမ္းဂိုးအတြက္လည္း အေကာင္းဆံုး ဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။

ပဲြအၿပီး MUTV နဲ႔ ေတြ႕ဆံုခန္း၌ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ပတ္သက္ၿပီး လုခ္ေရွာက “ဘရူႏုိဖာနန္ဒက္စ္က အသင္းအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈရွိေစတဲ့ ကစားသမားပါ။ သူ ဒီအသင္းကိုေရာက္တာ မၾကာေသးေပမယ့္ သူ႔ရဲ႕ပံုစံက ဒီအသင္းမွာ အခ်ိန္ၾကာၾကာရွိခဲ့တဲ့ ကစားသမားလိုမ်ိဳးျဖစ္ေနပါတယ္။ သူ႔အသင္းေဟာင္း စပို႔တင္းလစၥဘြန္းအသင္းမွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့ၿပီး အခုသူ႔ရဲ႕ ဦးေဆာင္မႈေတြကို ဒီအသင္းရဲ႕ကြင္းတြင္းကြင္းျပင္ကိစၥအားလံုးမွာ အကူအညီေပးႏုိင္ဖုိ႔ အသံုးခ်ေနပါၿပီ။”

“သူ႔ရဲ႕လက္ရွိ ပံုစံေကာင္းကိုဆက္လက္ထိန္းသိမ္းထားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ယူႏိုက္တက္အသင္းကို သူေရာက္တာမၾကာေသးပါဘူး။ ဒါေပမယ့္ သူက ကြ်န္ေတာ္တို႔အတြက္ အေကာင္းဆံုး ေတာက္ပေနၿပီး ဒီလိုမ်ိဳးျမင္ရတာ တကယ္ကုိ ႀကီးက်ယ္ခမ္းနားပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ ဘရူႏိုဖာနန္ဒက္စ္သည္ ခ်ဲလ္ဆီးအသင္းကို အႏုိင္ရရွိခဲ့သည့္ပြဲ၌လည္း မက္ဂိြဳင္းရားသြင္းဂိုးအတြက္ ေထာင့္ကန္ေဘာကတစ္ဆင့္ ဖန္တီးေပးႏိုင္ခဲ့ၿပီး လာမယ့္ၾကာသပေတးေန႔၌ ကစားမည့္ ဘရုေဂးအသင္းနဲ႔ ယူရိုပါလိဂ္ (၃၂) သင္း ရံႈးထြက္ဒုတိယအေက်ာ့ပဲြစဥ္၌ အသင္းအတြက္ အေကာင္းဆံုးပံုစံေတြ ဆက္လက္ျပသႏိုင္ဦးမလား  ေစာင့္ၾကည့္ရေတာ့မွာလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweFor]YourDailyLife

#Like&Share

 

 

- Advertisement -

Must Read