HomeHome & Propertyရန်ကုန်မြို့၌ မြေဝယ်ယူရန်လျှောက်ထားသည့်လျှောက်လွှာများအနက် (၅) ရာခိုင်နှုန်းသာ တရားဝင်ဖြစ်။

ရန်ကုန်မြို့၌ မြေဝယ်ယူရန်လျှောက်ထားသည့်လျှောက်လွှာများအနက် (၅) ရာခိုင်နှုန်းသာ တရားဝင်ဖြစ်။

- Advertisement -

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချသည့်မြေများကို ဝယ်ယူခွင့်ရရှိရန်အတွက်  လျှောက်ထားသည့်  လျှောက်လွှာပေါင်း (၁၂,၀၀၀) အနက် အစောင်ရေ (၆၀၀) ကသာ လိုအပ်သည့်အချက်အလက်များနဲ့ ကိုက်ညီမှုရှိနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အစိုးရဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်ဦးက “လျှောက်လွှာအများစုက မပြည့်စုံတာမျိုး ဒါမှမဟုတ် လိုအပ်တဲ့အချက်အလက်တွေနဲ့ မကိုက်ညီတာမျိုးတွေဖြစ်နေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံနဲ့  မှော်ဘီမြို့နယ်မှ  မြောင်းတကာစက်မှုဇုန်များရှိ မြေကွက်အများအပြားကို ရန်ကုန်မြို့ရှိမြေစျေးသတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ထားသောစျေးနှုန်းများဖြင့် ရောင်းချရန် ပြင်ဆင်ထားပါတယ်။ ဝယ်ယူသူများအနေနဲ့ မြေဝယ်ယူပြီး (၆) လအတွင်း အဆိုပါမြေပေါ်၌ လုပ်ငန်းစတင်ရမည်ဖြစ်ပြီး ဝယ်ယူပြီးပထမ (၃) နှစ်အတွင်း အဆိုပါမြေကို ပြန်လည်ရောင်းချခွင့်မရှိကြောင်းလည်း သိရှိရပါတယ်။

အဆိုပါမြေဝယ်ယူခွင့်လျှောက်လွှာများကို (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၌ တစ်စောင်လျှင် မြန်မာကျပ်ငွေ (၁) သောင်းနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဝယ်ယူသူများအနေဖြင့် နိုဝင်ဘာလ (၈) ရက်နေ့အထိ  လျှောက်လွှာများ ပြန်တင်ခဲ့ခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။ ဦးမောင်မောင်ဦးက “ကျွန်တော်တို့အနေနဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ မြေဝယ်ယူခွင့်လျှောက်လွှာတွေကိုပဲ  ရွေးချယ်ထားပါတယ်။  လျှောက်လွှာတော်တော်များများကတော့ အချက်အလက်တွေကို မှားယွင်းဖြည့်စွက်ထားပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း မီဒီယာများနဲ့ တွေ့ဆုံခန်း၌ အစိုးရမှရောင်းချသည့်မြေများကို အာမခံချက်အပြည့်ရှိပြီး စီးပွားရေးလုပ်ရန် ရည်ရွယ်ထားသူများကိုသာ ဝယ်ယူခွင့်ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

 

ရန္ကုန္ၿမိဳ႕၌ ေျမဝယ္ယူရန္ေလွ်ာက္ထားသည့္ေလွ်ာက္လႊာမ်ားအနက္ (၅) ရာခိုင္ႏႈန္းသာ တရားဝင္ျဖစ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖဲြ႕မွ ေရာင္းခ်သည့္ေျမမ်ားကို ဝယ္ယူခြင့္ရရွိရန္အတြက္  ေလွ်ာက္ထားသည့္  ေလွ်ာက္လႊာေပါင္း (၁၂,၀၀၀) အနက္ အေစာင္ေရ (၆၀၀) ကသာ လိုအပ္သည့္အခ်က္အလက္မ်ားနဲ႔ ကိုက္ညီမႈရွိေနေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အစိုးရဝန္ထမ္းေဟာင္းတစ္ဦးျဖစ္သူ ဦးေမာင္ေမာင္ဦးက “ေလွ်ာက္လႊာအမ်ားစုက မျပည့္စံုတာမ်ိဳး ဒါမွမဟုတ္ လိုအပ္တဲ့အခ်က္အလက္ေတြနဲ႔ မကိုက္ညီတာမ်ိဳးေတြျဖစ္ေနပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕သည္ လိႈင္သာယာ၊ ေရႊျပည္သာ၊ ဒဂံုနဲ႔  ေမွာ္ဘီၿမိဳ႕နယ္မွ  ေျမာင္းတကာစက္မႈဇုန္မ်ားရွိ ေျမကြက္အမ်ားအျပားကို ရန္ကုန္ၿမိဳ႕ရွိေျမေစ်းသတ္မွတ္ေရးအဖဲြ႕မွ သတ္မွတ္ထားေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ရန္ ျပင္ဆင္ထားပါတယ္။ ဝယ္ယူသူမ်ားအေနနဲ႔ ေျမဝယ္ယူၿပီး (၆) လအတြင္း အဆုိပါေျမေပၚ၌ လုပ္ငန္းစတင္ရမည္ျဖစ္ၿပီး ဝယ္ယူၿပီးပထမ (၃) ႏွစ္အတြင္း အဆုိပါေျမကို ျပန္လည္ေရာင္းခ်ခြင့္မရွိေၾကာင္းလည္း သိရွိရပါတယ္။

အဆုိပါေျမဝယ္ယူခြင့္ေလွ်ာက္လႊာမ်ားကို (၂၀၁၉) ခုႏွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔၌ တစ္ေစာင္လွ်င္ ျမန္မာက်ပ္ေငြ (၁) ေသာင္းႏႈန္းျဖင့္ ေရာင္းခ်ေပးခဲ့ၿပီး ဝယ္ယူသူမ်ားအေနျဖင့္ ႏိုဝင္ဘာလ (၈) ရက္ေန႔အထိ  ေလွ်ာက္လႊာမ်ား ျပန္တင္ခဲ့ျခင္းမရွိေၾကာင္းလည္း သိရွိရပါတယ္။ ဦးေမာင္ေမာင္ဦးက “ကြ်န္ေတာ္တုိ႔အေနနဲ႔ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့ ေျမဝယ္ယူခြင့္ေလွ်ာက္လႊာေတြကိုပဲ  ေရြးခ်ယ္ထားပါတယ္။  ေလွ်ာက္လႊာေတာ္ေတာ္မ်ားမ်ားကေတာ့ အခ်က္အလက္ေတြကို မွားယြင္းျဖည့္စြက္ထားပါတယ္။” ဟု ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကလည္း မီဒီယာမ်ားနဲ႔ ေတြ႕ဆံုခန္း၌ အစိုးရမွေရာင္းခ်သည့္ေျမမ်ားကို အာမခံခ်က္အျပည့္ရွိၿပီး စီးပြားေရးလုပ္ရန္ ရည္ရြယ္ထားသူမ်ားကိုသာ ဝယ္ယူခြင့္ေပးသြားမည္ျဖစ္ေၾကာင္း  ေျပာၾကားခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

 

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven − two =

Must Read

အီတလီ ဗဟိုနောက်ခံလူတဦးအတွက် အပြိုင်အဆိုင်ဖြစ်လာဦးမယ့် မန်စီးတီးနဲ့ ယူနိုက်တက်။

မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘာစတိုနီကို ခေါ်ယူဖို့အတွက် ထိပ်တိုက်တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ၂၀၁၇ တုန်းက Atalanta BC ကနေ San Siro သို့ ဆယ်ကျော်သက်အရွယ်တုန်းက ရောက်ရှိလာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အဆိုပါကစားသမားဟာ...