Breaking News

ငွေကြေးခဝါချသည့်နိုင်ငံများစာရင်း၌ ထည့်သွင်းစောင့်ကြည့်ခြင်းခံနေရသည့် မြန်မာနိုင်ငံ။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုဆိုင်ရာကိစ္စရပ်များကြောင့် ဘဏ္ဍာရေးဆိုင်ရာ  လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ စောင့်ကြည့်ခြင်းခံနေရကြောင်း သိရှိရပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် Financial Action Task Force (FATF) က မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချခြင်းကို ရပ်တန့်ရန်ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုမရရှိသေးကြောင်း ပြီးခဲ့သည့်  သောကြာနေ့က  ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုထုတ်ပြန်လိုက်သည့် ငွေကြေးခဝါချမှုကိစ္စကြောင့် စောင့်ကြည့်ခံနေရသည့် နိုင်ငံများစာရင်း၌ အယ်လ်ဘေးနီးယား၊ ဘာဘေးဒိုးစ်၊ ဂျမေကာ၊ မောရစ်သျှ၊ နီကာဂွါရာနဲ့ ယူဂန်ဒါနိုင်ငံတို့လည်း ပါဝင်နေပြီး အဆိုပါနိုင်ငံများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာစာရင်းအင်းကွာဟချက်များ၊ အကြမ်းဖက်အဖွဲ့များထံသို့  ငွေကြေးစီးဆင်းမှုများနဲ့ ငွေကြေးခဝါချခြင်းများကြောင့် ယခုစာရင်း၌ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။

FATF က အဆိုပါနိုင်ငံများကို ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး တားမြစ်ပိတ်ဆို့သည့် ပြစ်ဒဏ်များမကျခံစေရန် ယခုပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် အမိန့်ပေးထားပါတယ်။ မြန်မာနိုင်ငံသည် အာရှတိုက်အတွင်း ဘိန်းနဲ့ဓာတုဆေးဝါးများထုတ်လုပ်မှုရဲ့ အဓိကဗဟိုချက်နေရာဖြစ်နေပြီး ကုလသမဂ္ဂဆိုင်ရာမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) မှ ယခုလအစောပိုင်း၌ ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ မြန်မာနိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုသည် ဒေါ်လာဘီလီယံနဲ့ချီဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပြဿနာများအပြင် တရားမဝင်ကျောက်စိမ်းတူးဖော်ခြင်း၊ သစ်ခိုးထုတ်ခြင်းများက တိုင်းပြည်ရဲ့အဓိကပြဿနာများအဖြစ်ရှိနေပြီး ပြီးခဲ့သည့်အပတ်က ကျင်းပပြုလုပ်ခဲ့သည့် FATF အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည့် ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှုများကို တိုက်ဖျက်ရန်အတွက် မဟာဗျူဟာများကို အသေးစိတ်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိနေကြောင်း Reuters သတင်းဌာနနဲ့  တွေ့ဆုံရာ၌  ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ငွေကြေးခဝါချသည့်နိုင်ငံများစာရင်း၌ ထည့်သွင်းခံရခြင်းက ကမ္ဘာ့ဘဏ်အပါအဝင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့များထံမှ ချေးငွေများရရှိရန်ကိစ္စရပ်များ၌လည်း အကျိူးသက်ရောက်မှုရှိလာနိုင်ပါတယ်။ UNODC မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုက တဖြည်းဖြည်းကျဆင်းသွားခဲ့ပေမယ့် တစ်ဖက်က Methamphetamin ကဲ့သို့သော မူးယစ်ဆေးဝါးထုတ်လုပ်မှုက ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရှိရပါတယ်။

ကုလသမဂ္ဂအေဂျင်စီရဲ့ ပြောကြားချက်အရ နိုင်ငံတကာမှရာဇဝတ်မှုအဖွဲ့များသည် နယ်စပ်ဒေသများ၌ ပဋိပက္ခများဖြစ်ပွားနေသည့်အပေါ် အခွင့်ကောင်းယူ၍ ငွေကြေးခဝါချမှုများ ပြုလုပ်နေကြသည်ဟုလည်း သိရှိရပါတယ်။ မြန်မာအစိုးရသည် ပြီးခဲ့သည့် (၅) နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော်လည်း အဆိုပါဆွေးနွေးမှုများက တစ်စုံတစ်ရာတိုးတက်မှုမရှိခဲ့ဘဲ အခြားသော လက်နက်ကိုင်အဖွဲ့များနဲ့လည်း လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ခြင်းကလည်း တိုင်းပြည်ရဲ့ဘက်စုံတိုးတက်ရေးကိစ္စရပ်များ၌ အနှောင့်အယှက်များဖြစ်ပေါ်စေပါတယ်။

<Unicode Version>

 

 

ေငြေၾကးခဝါခ်သည့္ႏိုင္ငံမ်ားစာရင္း၌ ထည့္သြင္းေစာင့္ၾကည့္ျခင္းခံေနရသည့္ ျမန္မာႏိုင္ငံ။

ျမန္မာႏုိင္ငံသည္ ေငြေၾကးခဝါခ်မႈဆိုင္ရာကိစၥရပ္မ်ားေၾကာင့္ ဘ​႑ာေရးဆိုင္ရာ  ေလ့လာေစာင့္ၾကည့္ေရးအဖဲြ႕ရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရေၾကာင္း သိရွိရပါတယ္။ ျပင္သစ္ႏုိင္ငံ၊ ပဲရစ္ၿမိဳ႕အေျခစိုက္ Financial Action Task Force (FATF) က ျမန္မာႏိုင္ငံအေနနဲ႔ ေငြေၾကးခဝါခ်ျခင္းကို ရပ္တန္႔ရန္ႀကိဳးစားေနေပမယ့္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈမရရွိေသးေၾကာင္း ၿပီးခဲ့သည့္  ေသာၾကာေန႔က  ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ယခုထုတ္ျပန္လုိက္သည့္ ေငြေၾကးခဝါခ်မႈကိစၥေၾကာင့္ ေစာင့္ၾကည့္ခံေနရသည့္ ႏုိင္ငံမ်ားစာရင္း၌ အယ္လ္ေဘးနီးယား၊ ဘာေဘးဒိုးစ္၊ ဂ်ေမကာ၊ ေမာရစ္သွ်၊ နီကာဂြါရာနဲ႔ ယူဂန္ဒါႏိုင္ငံတို႔လည္း ပါဝင္ေနၿပီး အဆုိပါႏိုင္ငံမ်ားအေနျဖင့္ ဘ႑ာေရးဆုိင္ရာစာရင္းအင္းကြာဟခ်က္မ်ား၊ အၾကမ္းဖက္အဖဲြ႕မ်ားထံသို႔  ေငြေၾကးစီးဆင္းမႈမ်ားနဲ႔ ေငြေၾကးခဝါခ်ျခင္းမ်ားေၾကာင့္ ယခုစာရင္း၌ ပါဝင္ခဲ့ျခင္းျဖစ္ပါတယ္။

FATF က အဆုိပါႏိုင္ငံမ်ားကို ဘ႑ာေရးနဲ႔ပတ္သက္ၿပီး တားျမစ္ပိတ္ဆို႔သည့္ ျပစ္ဒဏ္မ်ားမက်ခံေစရန္ ယခုျပႆနာမ်ားကို အျမန္ဆံုးေျဖရွင္းရန္ အမိန္႔ေပးထားပါတယ္။ ျမန္မာႏုိင္ငံသည္ အာရွတိုက္အတြင္း ဘိန္းနဲ႔ဓာတုေဆးဝါးမ်ားထုတ္လုပ္မႈရဲ႕ အဓိကဗဟိုခ်က္ေနရာျဖစ္ေနၿပီး ကုလသမဂၢဆိုင္ရာမူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈရံုး (UNODC) မွ ယခုလအေစာပုိင္း၌ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာ၌ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ကုန္သြယ္မႈသည္ ေဒၚလာဘီလီယံနဲ႔ခ်ီျဖစ္ေပၚေနေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါးျပႆနာမ်ားအျပင္ တရားမဝင္ေက်ာက္စိမ္းတူးေဖာ္ျခင္း၊ သစ္ခိုးထုတ္ျခင္းမ်ားက တိုင္းျပည္ရဲ႕အဓိကျပႆနာမ်ားအျဖစ္ရွိေနၿပီး ၿပီးခဲ့သည့္အပတ္က က်င္းပျပဳလုပ္ခဲ့သည့္ FATF အစည္းအေဝးသို႔ ျမန္မာႏုိင္ငံကိုယ္စားျပဳအျဖစ္ တက္ေရာက္ခဲ့သည့္ ဦးေက်ာ္ဝင္းသိန္းက ျမန္မာႏုိင္ငံ၌ ေငြေၾကးခဝါခ်မႈမ်ားကို တုိက္ဖ်က္ရန္အတြက္ မဟာဗ်ဴဟာမ်ားကို အေသးစိတ္အေကာင္အထည္ေဖာ္ရန္ အစီအစဥ္ရွိေနေၾကာင္း Reuters သတင္းဌာနနဲ႔  ေတြ႕ဆံုရာ၌  ေျပာၾကားသြားခဲ့ပါတယ္။

ျမန္မာႏုိင္ငံအေနျဖင့္ ယခုကဲ့သို႔ ေငြေၾကးခဝါခ်သည့္ႏိုင္ငံမ်ားစာရင္း၌ ထည့္သြင္းခံရျခင္းက ကမာၻ႕ဘဏ္အပါအဝင္ အျပည္ျပည္ဆုိင္ရာေငြေၾကးရန္ပံုေငြအဖဲြ႕မ်ားထံမွ ေခ်းေငြမ်ားရရွိရန္ကိစၥရပ္မ်ား၌လည္း အက်ိဴးသက္ေရာက္မႈရွိလာႏုိင္ပါတယ္။ UNODC မွ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံအတြင္း ဘိန္းစုိက္ပ်ိဳးမႈက တျဖည္းျဖည္းက်ဆင္းသြားခဲ့ေပမယ့္ တစ္ဖက္က Methamphetamin ကဲ့သို႔ေသာ မူးယစ္ေဆးဝါးထုတ္လုပ္မႈက ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရွိရပါတယ္။

ကုလသမ​ဂၢေအဂ်င္စီရဲ႕ ေျပာၾကားခ်က္အရ ႏုိင္ငံတကာမွရာဇဝတ္မႈအဖဲြ႕မ်ားသည္ နယ္စပ္ေဒသမ်ား၌ ပဋိပကၡမ်ားျဖစ္ပြားေနသည့္အေပၚ အခြင့္ေကာင္းယူ၍ ေငြေၾကးခဝါခ်မႈမ်ား ျပဳလုပ္ေနၾကသည္ဟုလည္း သိရွိရပါတယ္။ ျမန္မာအစိုးရသည္ ၿပီးခဲ့သည့္ (၅) ႏွစ္အတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ (၁၀) ဖဲြ႕နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးခဲ့ေသာ္လည္း အဆုိပါေဆြးေႏြးမႈမ်ားက တစ္စံုတစ္ရာတုိးတက္မႈမရွိခဲ့ဘဲ အျခားေသာ လက္နက္ကိုင္အဖဲြ႕မ်ားနဲ႔လည္း လက္ရွိအခ်ိန္အထိ ၿငိမ္းခ်မ္းေရးမေဆြးေႏြးႏိုင္ျခင္းကလည္း တိုင္းျပည္ရဲ႕ဘက္စံုတိုးတက္ေရးကိစၥရပ္မ်ား၌ အေႏွာင့္အယွက္မ်ားျဖစ္ေပၚေစပါတယ္။

<Zawgyi Version>

 

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

About So Shwe

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro