HomeOtherAnimalsရယ်မောဖွယ်ကောင်းတဲ့ စင်ရော်ငှက်နှစ်ကောင်ရဲ့အပြုအမူကို မှတ်တမ်းတင်နိုင်ခဲ့သည့် ဓာတ်ပုံဆရာမ။

ရယ်မောဖွယ်ကောင်းတဲ့ စင်ရော်ငှက်နှစ်ကောင်ရဲ့အပြုအမူကို မှတ်တမ်းတင်နိုင်ခဲ့သည့် ဓာတ်ပုံဆရာမ။

- Advertisement -

စင်ရော်ငှက်များသည် တစ်ဖက်သားအပေါ် သူတို့ရဲ့ လှည့်စားနိုင်သည့်အရည်အသွေးများဖြင့် အထူးကျော်ကြားသည့်ငှက်များဖြစ်ပြီး အမွှေးခပ်ကြမ်းကြမ်းကို ပိုင်ဆိုင်ထားသလို သဲသောင်ပြင်အတွင်းသို့ ထိုးဆင်းရသည်ကို နှစ်သက်တတ်ကြပါတယ်။ တောရိုင်းတိရိစ္ဆာန်များရဲ့ သဘာဝတရားကို အမိအရ မှတ်တမ်းတင်လေ့ရှိသည့် ဓာတ်ပုံဆရာမ Jennifer Leigh သည် ပြီးခဲ့သည့်အင်္ဂါနေ့က California ပြည်နယ်၊ La Jolla ဒေသရှိ ကလေးရေကူးကန်ကို သွားရောက်လည်ပတ်ရင်းဖြင့် ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်၌ စင်ရော်ငှက်နှစ်ကောင်ဟာ အမျိုးသားအင်္ဂါအတုကို လုယက်ရင်း အပြန်အလှန်တိုက်ခိုက်နေသည့် ပုံရိပ်များကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

- Advertisement -

အဆိုပါငှက်နှစ်ကောင်သည် တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် လှည့်စားတိုက်ခိုက်ရင်း နောက်ဆုံး၌မူ ကျန်တစ်ကောင်က အဆိုပါလိင်အင်္ဂါအတုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဓာတ်ပုံများနဲ့ ပတ်သက်၍ အွန်လိုင်းပေါ်၌ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ စင်ရော်ငှက်နှစ်ကောင်ရဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဓာတ်ပုံပိုင်ရှင်ဖြစ်သူ Jennifer က “စစချင်း သူတို့လုနေတဲ့အရာက ဘာမှန်းသတိမထားမိခင် ကျွန်မ တော်တော်လေး စိတ်ဆိုးဒေါသထွက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပလတ်စတစ်တွေကို အလွယ်တကူစွန့်ပစ်တဲ့ပြဿနာက တကယ်ကို ဆိုးရွားတဲ့အရာတစ်ခုဖြစ်နေပြီး တောရိုင်းတိရိစ္ဆာန်တွေရဲ့ သဘာဝအပေါ် လူတွေရဲ့အကျိုးသက်ရောက်မှုကို ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ တင်ပြနိုင်ဖို့ ရည်ရွယ်ရိုက်ကူးခဲ့တာပါ။”

- Advertisement -

“ဒါပေမယ့် သူတို့လုနေတဲ့အရာကို သတိထားမိလိုက်ချိန်မှာတော့ တခြားစိတ်ခံစားချက်တွေလည်း  ရောထွေးကုန်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ရယ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။” ဟု  ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

ဒါပေမယ့် Jennifer ရဲ့ ဓာတ်ပုံများကြောင့် ကမ္ဘာပေါ်ရှိသမုဒ္ဒရာများအပေါ် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများရဲ့ အကျိုးသက်ရောက်မှုကို လူအများမှ ပိုမိုသတိထားမိစေလာပါတယ်။ (၂၀၁၈) ခုနှစ်၌ Greenpeace USA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တစ်နှစ်လျှင် ပလတ်စတစ်တန်ချိန် (၁၂.၇) သန်းကို ပင်လယ်အတွင်းသို့ စွန့်ပစ်လျက်ရှိကြောင်း သိရှိရပါတယ်။

ပင်လယ်ငှက် (၁၀) ကောင်အနက် (၉) ကောင်၊ ပင်လယ်လိပ် (၃) ကောင်အနက် (၁) ကောင်၊ ဝေလငါးနဲ့ ငါးမန်းမျိုးစိတ်များရဲ့ တစ်ဝက်သည် ပလတ်စတစ်များကို စားသုံးမိနေကြပါတယ်။ အာတိတ်သမုဒ္ဒရာရဲ့ ကနေဒါဘက်ခြမ်း၌လည်း ပင်လယ်ငှက်များရဲ့ (၈၇) ရာခိုင်နှုန်းက ပလတ်စတစ်များကို စားသုံးမိနေကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

ရယ္ေမာဖြယ္ေကာင္းတ့ဲ စင္ေရာ္ငွက္ႏွစ္ေကာင္ရဲ႕အျပဳအမူကို မွတ္တမ္းတင္ႏိုင္ခ့ဲသည့္ ဓာတ္ပုံဆရာမ။

စင္ေရာ္ငွက္မ်ားသည္ တစ္ဖက္သားအေပၚ သူတုိ႔ရဲ႕ လွည့္စားႏိုင္သည့္အရည္အေသြးမ်ားျဖင့္ အထူးေက်ာ္ၾကားသည့္ငွက္မ်ားျဖစ္ၿပီး အေမႊးခပ္ၾကမ္းၾကမ္းကို ပုိင္ဆုိင္ထားသလို သဲေသာင္ျပင္အတြင္းသို႔ ထုိးဆင္းရသည္ကို ႏွစ္သက္တတ္ၾကပါတယ္။ ေတာရိုင္းတိရိစာၦန္မ်ားရဲ႕ သဘာဝတရားကို အမိအရ မွတ္တမ္းတင္ေလ့ရွိသည့္ ဓာတ္ပံုဆရာမ Jennifer Leigh သည္ ၿပီးခဲ့သည့္အဂၤါေန႔က California ျပည္နယ္၊ La Jolla ေဒသရွိ ကေလးေရကူးကန္ကို သြားေရာက္လည္ပတ္ရင္းျဖင့္ ကမ္းေျခရဲ႕ သဲေသာင္ျပင္ေပၚ၌ စင္ေရာ္ငွက္ႏွစ္ေကာင္ဟာ အမ်ိဳးသားအဂၤါအတုကို လုယက္ရင္း အျပန္အလွန္တိုက္ခိုက္ေနသည့္ ပံုရိပ္မ်ားကို မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

အဆိုပါငွက္ႏွစ္ေကာင္သည္ တစ္ေကာင္နဲ႔တစ္ေကာင္ အျပန္အလွန္ လွည့္စားတိုက္ခိုက္ရင္း ေနာက္ဆံုး၌မူ က်န္တစ္ေကာင္က အဆိုပါလိင္အဂၤါအတုကို ရယူသြားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါဓာတ္ပံုမ်ားနဲ႔ ပတ္သက္၍ အြန္လိုင္းေပၚ၌ ေဝဖန္မႈမ်ားလည္း ထြက္ေပၚခဲ့ပါေသးတယ္။ စင္ေရာ္ငွက္ႏွစ္ေကာင္ရဲ႕ ဓာတ္ပံုနဲ႔ ပတ္သက္ၿပီး ဓာတ္ပံုပိုင္ရွင္ျဖစ္သူ Jennifer က “စစခ်င္း သူတုိ႔လုေနတဲ့အရာက ဘာမွန္းသတိမထားမိခင္ ကြ်န္မ ေတာ္ေတာ္ေလး စိတ္ဆုိးေဒါသထြက္ေနတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ပလတ္စတစ္ေတြကို အလြယ္တကူစြန္႔ပစ္တဲ့ျပႆနာက တကယ္ကို ဆိုးရြားတဲ့အရာတစ္ခုျဖစ္ေနၿပီး ေတာရိုင္းတိရိစာၦန္ေတြရဲ႕ သဘာဝအေပၚ လူေတြရဲ႕အက်ိဳးသက္ေရာက္မႈကို ဓာတ္ပံုဆရာတစ္ေယာက္အေနနဲ႔ တင္ျပႏိုင္ဖုိ႔ ရည္ရြယ္ရိုက္ကူးခဲ့တာပါ။”

“ဒါေပမယ့္ သူတို႔လုေနတဲ့အရာကို သတိထားမိလိုက္ခ်ိန္မွာေတာ့ တျခားစိတ္ခံစားခ်က္ေတြလည္း  ေရာေထြးကုန္ပါတယ္။ ဒါေပမယ့္ ဒီကိစၥက ရယ္စရာကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။” ဟု  ေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္ Jennifer ရဲ႕ ဓာတ္ပံုမ်ားေၾကာင့္ ကမာၻေပၚရွိသမုဒၵရာမ်ားအေပၚ ပလတ္စတစ္စြန္႔ပစ္ပစၥည္းမ်ားရဲ႕ အက်ိဳးသက္ေရာက္မႈကို လူအမ်ားမွ ပိုမိုသတိထားမိေစလာပါတယ္။ (၂၀၁၈) ခုႏွစ္၌ Greenpeace USA အဖဲြ႕ရဲ႕ ထုတ္ျပန္ခ်က္အရ တစ္ႏွစ္လွ်င္ ပလတ္စတစ္တန္ခ်ိန္ (၁၂.၇) သန္းကို ပင္လယ္အတြင္းသို႔ စြန္႔ပစ္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

ပင္လယ္ငွက္ (၁၀) ေကာင္အနက္ (၉) ေကာင္၊ ပင္လယ္လိပ္ (၃) ေကာင္အနက္ (၁) ေကာင္၊ ေဝလငါးနဲ႔ ငါးမန္းမ်ိဳးစိတ္မ်ားရဲ႕ တစ္ဝက္သည္ ပလတ္စတစ္မ်ားကို စားသံုးမိေနၾကပါတယ္။ အာတိတ္သမုဒၵရာရဲ႕ ကေနဒါဘက္ျခမ္း၌လည္း ပင္လယ္ငွက္မ်ားရဲ႕ (၈၇) ရာခိုင္ႏႈန္းက ပလတ္စတစ္မ်ားကို စားသံုးမိေနေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Unilad

#HM(Soshwe)

#SoshweFunny

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read