Breaking News

လီဗာပူးကစားသမားတွေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းတော့မည့် ဘာစီလိုနာ။

ဘာစီလိုနာအသင်းသည် လီဗာပူးအသင်းရဲ့ကြယ်ပွင့်ကစားသမားများဖြစ်သည့် ဆာလာ သို့မဟုတ် မာနေးတစ်ယောက်ယောက်ကို ခေါ်ယူလိုပါက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် (၂၂၅) သန်းကို  ပေးချေရမည်ဖြစ်ကြောင်း သိရှိရပါတယ်။ လီဗာပူးအသင်းသည် ကော်တင်ဟိုကို ဘာစီလိုနာအသင်းထံ  ရောင်းချခဲ့စဉ်က နောက်ထပ် (၃) နှစ်အတွင်း လီဗာပူးအသင်းရဲ့ ကစားသမားတစ်ယောက်ယောက်ကို ဘာစီလိုနာအသင်းအနေဖြင့့် ခေါ်ယူမည်ဆိုပါက အပိုပြောင်းရွှေ့ကြေး (၈၉) သန်း ပေးချေရမည့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မာနေးနဲ့ ဆာလာတို့ရဲ့ လက်ရှိတန်ကြေးက ပေါင် (၁၃၅) သန်းအထိ ရှိနေခြင်းကြောင့် ဘာစီလိုနာအသင်းအနေနဲ့ အပိုပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းကိုပါ ထပ်မံပေးချေရမည်ဆိုပါက နေမာကို PSG အသင်းထံ ရောင်းချစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကိုပါ ကျော်လွန်သွားမည်လည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းသည် လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမားများဖြစ်သည့် ဆွာရက်ဇ်၊ ကော်တင်ဟိုတို့ကို စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ခေါ်ယူခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်၌လည်း မာနေးနဲ့ ဆာလာတို့ကို ထပ်မံပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိဘာစီလိုနာအသင်းမှာ ကစားနေသည့် လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်အနေဖြင့် အသက်အရွယ်အရအကျပိုင်းရောက်လာခဲ့ပြီး ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်နေရသလို  နောက်ဆုံးခေါ်ယူထားသည့် ကော်တင်ဟိုမှာလည်း အသင်းတွင် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရခြင်းကြောင့် လက်ရှိဘောလုံးရာသီ၌မူ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချထားကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

လီဗာပူးကစားသမားေတြကို ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖင့္ ကမ္းလွမ္းေတာ့မည့္ ဘာစီလိုနာ။

ဘာစီလိုနာအသင္းသည္ လီဗာပူးအသင္းရဲ႕ၾကယ္ပြင့္ကစားသမားမ်ားျဖစ္သည့္ ဆာလာ သို႔မဟုတ္ မာေနးတစ္ေယာက္ေယာက္ကို ေခၚယူလိုပါက ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္သည့္ ေပါင္ (၂၂၅) သန္းကို  ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ လီဗာပူးအသင္းသည္ ေကာ္တင္ဟိုကို ဘာစီလိုနာအသင္းထံ  ေရာင္းခ်ခဲ့စဥ္က ေနာက္ထပ္ (၃) ႏွစ္အတြင္း လီဗာပူးအသင္းရဲ႕ ကစားသမားတစ္ေယာက္ေယာက္ကုိ ဘာစီလိုနာအသင္းအေနျဖင့့္ ေခၚယူမည္ဆိုပါက အပိုေျပာင္းေရႊ႕ေၾကး (၈၉) သန္း ေပးေခ်ရမည့္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

မာေနးနဲ႔ ဆာလာတို႔ရဲ႕ လက္ရွိတန္ေၾကးက ေပါင္ (၁၃၅) သန္းအထိ ရွိေနျခင္းေၾကာင့္ ဘာစီလိုနာအသင္းအေနနဲ႔ အပိုေျပာင္းေရႊ႕ေၾကး ေပါင္ (၈၉) သန္းကိုပါ ထပ္မံေပးေခ်ရမည္ဆုိပါက ေနမာကို PSG အသင္းထံ ေရာင္းခ်စဥ္က ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကိုပါ ေက်ာ္လြန္သြားမည္လည္းျဖစ္ပါတယ္။ ဘာစီလိုနာအသင္းသည္ လီဗာပူးအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားမ်ားျဖစ္သည့္ ဆြာရက္ဇ္၊ ေကာ္တင္ဟိုတို႔ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးမ်ားျဖင့္ ေခၚယူခဲ့သည့္ အသင္းတစ္သင္းျဖစ္ၿပီး လက္ရွိအခ်ိန္၌လည္း မာေနးနဲ႔ ဆာလာတို႔ကို ထပ္မံပစ္မွတ္ထားလာခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိဘာစီလိုနာအသင္းမွာ ကစားေနသည့္ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဆြာရက္ဇ္အေနျဖင့္ အသက္အရြယ္အရအက်ပိုင္းေရာက္လာခဲ့ၿပီး ဒဏ္ရာျပႆနာမ်ားနဲ႔ ရုန္းကန္ေနရသလို  ေနာက္ဆံုးေခၚယူထားသည့္ ေကာ္တင္ဟိုမွာလည္း အသင္းတြင္ ပံုမွန္ေျခစြမ္းျပသႏိုင္ရန္ ရုန္းကန္ခဲ့ရျခင္းေၾကာင့္ လက္ရွိေဘာလံုးရာသီ၌မူ ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားခ်ထားေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro