Breaking News

Mate Xs ဖုန်းအသစ်ကို စတင်မိတ်ဆက်လိုက်သည့် Huawei

Huawei ကုမ္ပဏီသည် သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်သည့် Huawei Mate Xs ဖုန်းအသစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါမိတ်ဆက်ပွဲကို ဘာစီလိုနာမြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Huawei ကုမ္ပဏီအပေါ် ပိတ်ဆို့အရေးယူမှုများအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအခြေအနေများကြောင့် အွန်လိုင်းမှတစ်ဆင့်သာ မိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါမိတ်ဆက်ပွဲ၌ Huawei ရဲ့ CEO ဖြစ်သူ Richard Yu က Huawei ရဲ့ ကမ္ဘာ့ပထမဆုံးခေါက်ဖုန်းဖြစ်သည့် Mate X ရဲ့ ဆက်ခံသူဖုန်းအဖြစ် နာမည်ကြီးသည် Mate Xs အပြင် အခြားသော 5G ထုတ်ကုန်သစ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါဖုန်းအသစ်ကို လက်ရှိအချိန်အထိ တရုတ်နိုင်ငံ၌ မဖြန့်ချီနိုင်သေးခြင်းကြောင့် နိုင်ငံတကာ၌ ဖြန့်ချီရန်အတွက်မှာမူ အနည်းငယ် အလှမ်းဝေးနေဆဲလည်း ဖြစ်ပါတယ်။

အဆိုပါ Mate Xs ရဲ့ Screen ကို ခေါက်ထားချိန်၌ (၆.၆) လက်မရှိပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက်ထောင့်၌  ဒေါင်လိုက်ကင်မရာနဲ့ အနောက်ဘက်တွင် (၆.၃၈) လက်မရှိ Screen တစ်ခုလည်း ထပ်မံပါရှိပါတယ်။ Mate Xs ကို လုံးဝဖြန့်ချထားပါက Tablet ပုံစံကဲ့သို့ ဖြစ်နေကာ ထိုအချိန်၌ Screen အကျယ်အဝန်းကလည်း (၈) လက်မနီးပါးအထိရှိပြီး စာအုပ်ဖတ်ခြင်း၊ အလုပ်လုပ်ခြင်းနဲ့ ဂိမ်းဆော့ခြင်းစသည့်အရာများကို လုပ်ဆောင်နိုင်ရန် သင့်တော်ပါတယ်။

Mate Xs ၌ Huawei ရဲ့ Android 10 ကို အခြေပြုထားသည့် EMUI 10 ကို အသုံးပြုထားကာ Huawei ရဲ့ Kirin 990 5G chipset နဲ့ 5G Frequency Band (၈) ခု ပါဝင်ပါတယ်။ Huawei CEO ရဲ့ အဆိုအရ Mate Xs ရဲ့မျက်နှာပြင်သည် နှစ်ထပ်အလွှာမျက်နှာပြင်ဖြစ်ပြီး အဆိုပါအလွှာနှစ်ခုကို အပြည့်အဝ ကြည်လင်သော  ကော်ဖြစ်သည့် Polyimide ဖြင့် ကပ်ထားကြောင်းလည်း သိရှိရပါတယ်။ ယခုကဲ့သို့ အလွှာ (၂) ခုထားခြင်းက အလွှာတစ်ခုတည်းထားခြင်းထက် (၈၀) ရာခိုင်နှုန်းပိုမိုကောင်းမွန်ပါတယ်။

Mate Xs ရဲ့ တန်ဖိုးသည် ဒေါ်လာ (၂, ၄၉၉) အထိရှိပြီး ရွှေထက်ပင်ပိုမိုတန်ဖိုးကြီးမားနေကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 







<Zawgyi Version>

 

 

Source ~ E&T

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

အမေရိကန်တွေကို ပြစ်တင်ပြောဆိုလိုက်တဲ့ အီလွန်မတ်စ်

Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်ပါတယ်။ “အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro