HomeSportနာမည်ကြီးတိုက်စစ်မှူးတစ်ဦးကို စျေးသက်သက်သာသာနဲ့ခေါ်ယူနိုင်တော့မည့် လီဗာပူး။

နာမည်ကြီးတိုက်စစ်မှူးတစ်ဦးကို စျေးသက်သက်သာသာနဲ့ခေါ်ယူနိုင်တော့မည့် လီဗာပူး။

- Advertisement -

လီဗာပူးအသင်းသည် လိုက်ဇစ်ပ်အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ တီမိုဝါနာကို ခေါ်ယူလိုပါက လာမယ့်နွေရာသီ၌  ပြောင်းရွှေ့ကြေးယူရိုသန်း (၃၀) ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၂၃) နှစ်အရွယ် အဆိုပါ ဂျာမန်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေးက ပေါင် (၅၁) သန်းအထိ ရှိနေပြီး လီဗာပူးအသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ကိုအင်အားဖြည့်တင်းရန်အတွက် လာမယ့်နွေရာသီ၌ တီမိုဝါနာကို ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေပါတယ်။

Sport 1 သတင်းဌာနရဲ့ ဖော်ပြချက်အရ လိုက်ဇစ်ပ်အသင်းအနေနဲ့ တီမိုဝါနာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) ရရှိမည်ဆိုပါက လာမယ့်နွေရာသီ၌ပင် ရောင်းချသွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ လီဗာပူးအသင်းဟာ တီမိုဝါနာကို ကာလရှည်ပစ်မှတ်ထားခဲ့သည့်အသင်းဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးအသင်းနဲ့ သတင်းများထွက်ပေါ်နေခြင်းအတွက် ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

- Advertisement -

တီမိုဝါနာကို ခေါ်ယူရန်အတွက် ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်အသင်းတို့အပြင် ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဒါပေမယ့် တီမိုဝါနာအနေနဲ့ လီဗာပူးအသင်းကို  ပြောင်းရွှေ့ဖြစ်ခဲ့ပါက မာနေး၊ ဆာလာ၊ ဖေမီနိုတို့ရဲ့နောက် အရံခုံမှာသာ အချိန်ကုန်ရဖွယ်ရှိခြင်းကြောင့် လီဗာပူးအသင်းထက် ယူနိုက်တက် ဒါမှမဟုတ် ချဲလ်ဆီးအသင်းကိုသာ ရွေးချယ်သင့်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

နာမည္ႀကီးတိုက္စစ္မွဴးတစ္ဦးကို ေစ်းသက္သက္သာသာနဲ႔ေခၚယူႏိုင္ေတာ့မည့္ လီဗာပူး။

လီဗာပူးအသင္းသည္ လိုက္ဇစ္ပ္အသင္းရဲ႕တိုက္စစ္မွဴးျဖစ္သူ တီမိုဝါနာကို ေခၚယူလိုပါက လာမယ့္ေႏြရာသီ၌  ေျပာင္းေရႊ႕ေၾကးယူရိုသန္း (၃၀) ျဖင့္ ေခၚယူႏိုင္မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အသက္ (၂၃) ႏွစ္အရြယ္ အဆိုပါ ဂ်ာမန္တိုက္စစ္မွဴးရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက ေပါင္ (၅၁) သန္းအထိ ရွိေနၿပီး လီဗာပူးအသင္းအေနနဲ႔ အသင္းရဲ႕တိုက္စစ္ကိုအင္အားျဖည့္တင္းရန္အတြက္ လာမယ့္ေႏြရာသီ၌ တီမိုဝါနာကို ေခၚယူႏိုင္ရန္ ပစ္မွတ္ထားေနပါတယ္။

Sport 1 သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ လိုက္ဇစ္ပ္အသင္းအေနနဲ႔ တီမုိဝါနာအတြက္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၃၀) ရရွိမည္ဆိုပါက လာမယ့္ေႏြရာသီ၌ပင္ ေရာင္းခ်သြားရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ လီဗာပူးအသင္းဟာ တီမုိဝါနာကို ကာလရွည္ပစ္မွတ္ထားခဲ့သည့္အသင္းျဖစ္ၿပီး ကစားသမားကုိယ္တိုင္ကလည္း လီဗာပူးအသင္းနဲ႔ သတင္းမ်ားထြက္ေပၚေနျခင္းအတြက္ ဂုဏ္ယူမိေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။

တီမိုဝါနာကို ေခၚယူရန္အတြက္ ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲယ္မက္ဒရစ္အသင္းတို႔အျပင္ ယူႏုိက္တက္အသင္းကလည္း စိတ္ဝင္စားေနပါေသးတယ္။ ဒါေပမယ့္ တီမိုဝါနာအေနနဲ႔ လီဗာပူးအသင္းကို  ေျပာင္းေရႊ႕ျဖစ္ခဲ့ပါက မာေနး၊ ဆာလာ၊ ေဖမီႏိုတုိ႔ရဲ႕ေနာက္ အရံခံုမွာသာ အခ်ိန္ကုန္ရဖြယ္ရွိျခင္းေၾကာင့္ လီဗာပူးအသင္းထက္ ယူႏိုက္တက္ ဒါမွမဟုတ္ ခ်ဲလ္ဆီးအသင္းကိုသာ ေရြးခ်ယ္သင့္ေၾကာင္း သံုးသပ္မႈမ်ားလည္း ထြက္ေပၚေနပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read