Breaking News

ခွဲစိတ်ဆရာဝန်တစ်ဦးကို တရားစွဲဆိုတော့မယ့် Justin Bieber ရဲ့ ဇနီးချောလေး Hailey Bieber

လွန်ခဲ့တဲ့လအချို့က Beverly Hills မှာနေထိုင်တဲ့ ရုပ်ပြင်ခွဲစိတ်ဆရာဝန် Dr.Daniel Barrett ဟာ အလှပြင်ဆင်ထားခြင်းမရှိတဲ့ အသက် ၁၃ နှစ်အရွယ် Hailey Baldwin နဲ့ အလှပြင်ထားတဲ့ အသက်၂၃ နှစ်အရွယ် Hailey Bieber ရဲ့ ရုပ်ရည်အသွင်ပြင်ကို နှိုင်းယှဉ်ပြထားပြီး Hailey Bieber က မျက်နှာပေါ်က ဘယ်အစိတ်အပိုင်းတွေကို ပြုပြင်ပြောင်းလဲထားသလဲဆိုတာကို ထောက်ပြထားတဲ့ ဗီဒီယိုကို သူ့ရဲ့Tik Tok အကောင့်မှာ တင်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုကို မြင်လိုက်ရတဲ့ Hailey Bieber ဟာ Dr.Barrett တစ်ယောက်ကတော့ သူမရဲ့မျက်နှာပြင် အလှအပဆိုင်ရာ ပြောင်းလဲလာမှုတွေကို တိတိကျကျမသိပဲနဲ့ ရုပ်ပြင်ခွဲစိတ်ထားတယ်လို့ ဝေဖန်ပြောဆိုနေတာကြောင့် တရားစွဲဆိုမယ်လို့ Dr.Barrett ကို သတိပေးစာပို့ခဲ့ပါတယ်။ ဒါ့အပြင် Dr.Barrett အနေနဲ့ ၁၃ နှစ်အရွယ် Hailey နဲ့ ၂၃ နှစ်အရွယ် Hailey ရဲ့ အလှအပကို နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ မိတ်ကပ်မလိမ်းထားတဲ့ ပုံတွေကိုသာ အသုံးပြုပြီး နှိုင်းယှဉ်သင့်တယ်လို့ ဆိုထားပါတယ်။

@barrettplasticsurgery

Is it too late now to say sorry…👀#greenscreen #plasticsurgeon #inyourface #beautyhacks #fyp #secrets #haileybieber #foryou #spillthetea

♬ original sound – Dr Daniel Barrett

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်နဲ့ မျက်နှာပုံစံဟာ နောက်ထပ် အချိန် ၁၀ နှစ်အတွင်းမှာ အနည်းနဲ့အများတော့ ပြောင်းလဲလာနိုင်ပါတယ်။ Hailey Bieber က သူမအနေနဲ့ ဘယ်သောအခါကမှ သူ့ရဲ့မျက်နှာကို ခွဲစိတ်မှုတွေမပြုလုပ်ဘဲ အရှိကိုအရှိအတိုင်းထားခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း Dr. Barrett က Hailey ဟာ သူမရဲ့မျက်နှာပေါ်က ဘယ်အစိတ်အပိုင်းတွေကို ဘယ်လိုပြုပြင်ထားတယ်လို့ မှတ်ချက်ပေးမှုအပေါ် Hailey က စိတ်ဆိုးခဲ့တာပဲဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

အနုပညာရှင်တော်တော်များများဟာလည်း ရုပ်ရည်အသွင်ပြင်ပိုင်း ပြင်ဆင်နိုင်ဖို့အတွက် Dr.Barrett ရဲ့ ခွဲစိတ်ပြုပြုမှုနဲ့ လမ်းညွှန်မှုတွေကို လက်ခံရယူလေ့ ရှိပါတယ်။ Dr.Barrett ရဲ့ ပြောကြားချက်အရ အခုနောက်ပိုင်းမှာ မျက်နှာနဲ့ခန္ဓာကိုယ် ပြုပြင်ခွဲစိတ်မှုကို လူတော်တော်များများက လက်ခံလာကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ပြင်ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ Dr.Barrett က သူ့ရဲ့ TikTok ဗီဒီယိုတွေထဲမှာ ရုပ်ပြင်ခွဲစိတ်လိုသူတွေအနေနဲ့ သိသင့်သိထားထိုက်တဲ့ ကျန်းမာရေးအချက်အလက်တွေကို အမြဲတမ်း မျှဝေပေးလေ့ရှိပါတယ်။

Teen Vouge မဂ္ဂဇင်းနဲ့ပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခုမှာ Dr. Barrett က သူ့ရဲ့ပရိသတ်တွေက Hailey ရဲ့ အလှတရားနဲ့ပတ်သက်ပြီး ဝေဖန်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် Hailey ကို TikTok ဗီဒီယိုထဲမှာ ဖော်ပြခဲ့ကြောင်း ဆိုပါတယ်။ Dr. Barrett က TikTok ဗီဒီယိုပြုလုပ်ရာမှာ Hailey ရဲ့စိတ်ခံစားချက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိတဲ့အပြင် သူမရဲ့အလှတရားကို လှောင်ပြောင်သရော်ထားခြင်း မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် Dr. Barrett က သူတွေ့မြင်တဲ့အရာတွေကို ထောက်ပြခဲ့ခြင်းဖြစ်တဲ့အတွက် Justin Bieber နဲ့ Hailey Bieber တို့ဆီက သတိပေးစာကို လက်ခံရရှိလိုက်ရတဲ့အချိန်မှာ အံ့သြစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

 

ခြဲစိတ္ဆရာဝန္တစ္ဦးကို တရားစြဲဆိုေတာ့မယ့္ Justin Bieber ရဲ႕ ဇနီးေခ်ာေလး Hailey Bieber

လြန္ခဲ့တဲ့လအခ်ိဳ႕က Beverly Hills မွာေနထိုင္တ့ဲ ႐ုပ္ျပင္ခြဲစိတ္ဆရာဝန္ Dr.Daniel Barrett ဟာ အလွျပင္ဆင္ထားျခင္းမရွိတ့ဲ အသက္ ၁၃ ႏွစ္အရြယ္ Hailey Baldwin နဲ႔ အလွျပင္ထားတဲ့ အသက္၂၃ ႏွစ္အရြယ္ Hailey Bieber ရဲ႕ ႐ုပ္ရည္အသြင္ျပင္ကို ႏႈိင္းယွဥ္ျပထားၿပီး Hailey Bieber က မ်က္ႏွာေပၚက ဘယ္အစိတ္အပိုင္းေတြကို ျပဳျပင္ေျပာင္းလဲထားသလဲဆိုတာကို ေထာက္ျပထားတဲ့ ဗီဒီယိုကို သူ႔ရဲ႕Tik Tok အေကာင့္မွာ တင္ခဲ့ပါတယ္။

အဆိုပါဗီဒီယိုကို ျမင္လိုက္ရတဲ့ Hailey Bieber ဟာ Dr.Barrett တစ္ေယာက္ကေတာ့ သူမရဲ႕မ်က္ႏွာျပင္ အလွအပဆိုင္ရာ ေျပာင္းလဲလာမႈေတြကို တိတိက်က်မသိပဲနဲ႔ ႐ုပ္ျပင္ခြဲစိတ္ထားတယ္လို႔ ေဝဖန္ေျပာဆိုေနတာေၾကာင့္ တရားစြဲဆိုမယ္လို႔ Dr.Barrett ကို သတိေပးစာပို႔ခဲ့ပါတယ္။ ဒါ့အျပင္ Dr.Barrett အေနနဲ႔ ၁၃ ႏွစ္အရြယ္ Hailey နဲ႔ ၂၃ ႏွစ္အရြယ္ Hailey ရဲ႕ အလွအပကို ႏႈိင္းယွဥ္ေဖာ္ျပတဲ့အခါမွာ မိတ္ကပ္မလိမ္းထားတဲ့ ပံုေတြကိုသာ အသံုးျပဳၿပီး ႏႈိင္းယွဥ္သင့္တယ္လို႔ ဆိုထားပါတယ္။

@barrettplasticsurgery

Is it too late now to say sorry…👀#greenscreen #plasticsurgeon #inyourface #beautyhacks #fyp #secrets #haileybieber #foryou #spillthetea

♬ original sound – Dr Daniel Barrett

အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ရဲ႕ အသားအရည္နဲ႔ မ်က္ႏွာပံုစံဟာ ေနာက္ထပ္ အခ်ိန္ ၁၀ ႏွစ္အတြင္းမွာ အနည္းနဲ႔အမ်ားေတာ့ ေျပာင္းလဲလာႏိုင္ပါတယ္။ Hailey Bieber က သူမအေနနဲ႔ ဘယ္ေသာအခါကမွ သူ႔ရဲ႕မ်က္ႏွာကို ခြဲစိတ္မႈေတြမျပဳလုပ္ဘဲ အရွိကိုအရွိအတိုင္းထားခဲ့တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္လည္း Dr. Barrett က Hailey ဟာ သူမရဲ႕မ်က္ႏွာေပၚက ဘယ္အစိတ္အပိုင္းေတြကို ဘယ္လိုျပဳျပင္ထားတယ္လို႔ မွတ္ခ်က္ေပးမႈအေပၚ Hailey က စိတ္ဆိုးခဲ့တာပဲျဖစ္တယ္လို႔ ယူဆလို႔ရပါတယ္။

အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားဟာလည္း ႐ုပ္ရည္အသြင္ျပင္ပိုင္း ျပင္ဆင္ႏိုင္ဖို႔အတြက္ Dr.Barrett ရဲ႕ ခြဲစိတ္ျပဳျပဳမႈနဲ႔ လမ္းၫႊန္မႈေတြကို လက္ခံရယူေလ့ ရွိပါတယ္။ Dr.Barrett ရဲ႕ ေျပာၾကားခ်က္အရ အခုေနာက္ပိုင္းမွာ မ်က္ႏွာနဲ႔ခႏၶာကိုယ္ ျပဳျပင္ခြဲစိတ္မႈကို လူေတာ္ေတာ္မ်ားမ်ားက လက္ခံလာၾကၿပီပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုပ္ျပင္ခြဲစိတ္ဆရာဝန္ျဖစ္တဲ့ Dr.Barrett က သူ႕ရဲ႕ TikTok ဗီဒီယိုေတြထဲမွာ ႐ုပ္ျပင္ခြဲစိတ္လိုသူေတြအေနနဲ႔ သိသင့္သိထားထိုက္တဲ့ က်န္းမာေရးအခ်က္အလက္ေတြကို အၿမဲတမ္း မွ်ေဝေပးေလ့ရွိပါတယ္။

Teen Vouge မဂၢဇင္းနဲ႔ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးတစ္ခုမွာ Dr. Barrett က သူ႔ရဲ႕ပရိသတ္ေတြက Hailey ရဲ႕ အလွတရားနဲ႔ပတ္သက္ၿပီး ေဝဖန္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ Hailey ကို TikTok ဗီဒီယိုထဲမွာ ေဖာ္ျပခဲ့ေၾကာင္း ဆိုပါတယ္။ Dr. Barrett က TikTok ဗီဒီယိုျပဳလုပ္ရာမွာ Hailey ရဲ႕စိတ္ခံစားခ်က္ကို ထိခိုက္ေစလိုတဲ့ ရည္ရြယ္ခ်က္မရွိတဲ့အျပင္ သူမရဲ႕အလွတရားကို ေလွာင္ေျပာင္သေရာ္ထားျခင္း မဟုတ္ဘူးလို႔လည္း ဆိုခဲ့ပါတယ္။ ဒါ့အျပင္ Dr. Barrett က သူေတြ႕ျမင္တဲ့အရာေတြကို  ေထာက္ျပခဲ့ျခင္းျဖစ္တ့ဲအတြက္ Justin Bieber နဲ႔ Hailey Bieber တို႔ဆီက သတိေပးစာကို လက္ခံရရွိလိုက္ရတဲ့အခ်ိန္မွာ အံ့ၾသစိတ္မေကာင္းျဖစ္ခဲ့ရတယ္လို႔လည္း ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro