ပြီးခဲ့တဲ့လအချို့က မူးယစ်ရာဇာ Pablo Escobar ရဲ့ အကိုဖြစ်သူ Roberto Escobar ဟာ သူ့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတဲ့စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ အဆိုပါခြိမ်းခြောက်စာကို ပို့ခဲ့တဲ့သူဟာ Roberto ရဲ့ Facetime ကနေတဆင့် သူနေထိုင်ရာလိပ်စာကို သိရှိခဲ့တာဖြစ်ပြီး အဆိုပါခြိမ်းခြောက်စာထဲမှာ ပါဝင်တဲ့အကြောင်းအရာအချက်အလက်တွေကို အတိအကျ ဖော်ပြထားခြင်းမရှိပေမယ့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတယ်လို့ပဲ ဆိုပါတယ်။
ခြိမ်းခြောက်သူ မည်သူမည်ဝါလဲဆိုတာ မသိရပေမယ့် Roberto ကတော့ သူလက်ရှိအသုံးပြုနေတဲ့ iPhoneX ထဲက အချက်အလက်တွေကို မသမာသူက ခိုးယူခဲ့တာကြောင့် Apple ကုမ္ပဏီကို တရားစွဲဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖျော်ဖြေရေးသတင်းဌာနဖြစ်တဲ့ TMZ က Roberto ဟာ Apple ကုမ္ပဏီကို ဒေါ်လာ၂.၆ ဘီလျံ လျော်ကြေးတောင်းထားတယ်လို့လည်း သိရပါတယ်။
Roberto က သူလက်ရှိသုံးနေတဲ့ iPhoneX ကို ဝယ်ယူခဲ့တဲ့အချိန်မှာ Apple ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဖုန်းစျေးကွက်ထဲမှာ လက်တလောခေတ်စားနေတဲ့ လူကြိုက်များနေတဲ့ ဖုန်းတွေထဲမှာ iPhoneX ဟာ စိတ်အချရဆုံးဖုန်းဖြစ်တယ်လို့ အာမခံခဲ့ပေမယ့် အခုလိုဖြစ်ရပ်မျိုး ကြုံတွေ့လာရတာကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဆိုပါတယ်။ Apple ကုမ္ပဏီကို တရားစွဲဆိုထားတဲ့ Roberto ရဲ့ ဥပဒေဆိုင်ရာစွပ်စွဲချက်စာတမ်းမှာ ကိုယ်ပိုင်အချက်အလက်တွေကို လုံခြုံစိတ်ချရလောက်တဲ့အထိ ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းနဲ့ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်တွေကို ကြုံတွေ့ရခြင်းကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
Roberto ဟာ ကိုယ်ပိုင်ဖုန်းကနေတဆင့် အချက်အလက်တွေ ခိုးယူခံရတာ ဒါဟာပထမဆုံးအကြိမ် မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Roberto ဟာ Huawei’s Mate X ဖုန်းအမျိုးအစား နဲ့ Sumsaung Galaxy Fold ဖုန်းအမျိုးအစားနဲ့ဆင်တူတဲ့ ခေါက်သိမ်းလို့ရတဲ့ ရွှေသားနဲ့ပြုလုပ်ထားတဲ့ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ Roberto ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး Apple ကုမ္ပဏီက တစ်စုံတစ်ရာပြန်လည်ဖြေရှင်းခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။
<Unicode Version>
Apple ကုမၸဏီကို တရားစြဲဆိုခ့ဲတ့ဲ မူးယစ္ရာဇာ Pablo Escobar ရဲ႕အကို Roberto Escobar
ၿပီးခ့ဲတ့ဲလအခ်ိဳ႕က မူးယစ္ရာဇာ Pablo Escobar ရဲ႕ အကိုျဖစ္သူ Roberto Escobar ဟာ သူ႕ရဲ႕အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ထားတဲ့စာတစ္ေစာင္ကို လက္ခံရရွိခဲ့ပါတယ္။ အဆိုပါၿခိမ္းေျခာက္စာကို ပို႔ခ့ဲတ့ဲသူဟာ Roberto ရဲ႕ Facetime ကေနတဆင့္ သူေနထိုင္ရာလိပ္စာကို သိရွိခဲ့တာျဖစ္ၿပီး အဆိုပါၿခိမ္းေျခာက္စာထဲမွာ ပါဝင္တ့ဲအေၾကာင္းအရာအခ်က္အလက္ေတြကို အတိအက် ေဖာ္ျပထားျခင္းမရွိေပမယ့္ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ထားတယ္လို႔ပဲ ဆိုပါတယ္။
ၿခိမ္းေျခာက္သူ မည္သူမည္ဝါလဲဆိုတာ မသိရေပမယ့္ Roberto ကေတာ့ သူလက္ရွိအသံုးျပဳေနတဲ့ iPhoneX ထဲက အခ်က္အလက္ေတြကို မသမာသူက ခိုးယူခဲ့တာေၾကာင့္ Apple ကုမၸဏီကို တရားစြဲဆိုခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ ေဖ်ာ္ေျဖေရးသတင္းဌာနျဖစ္တဲ့ TMZ က Roberto ဟာ Apple ကုမၸဏီကို ေဒၚလာ၂.၆ ဘီလ်ံ ေလ်ာ္ေၾကးေတာင္းထားတယ္လို႔လည္း သိရပါတယ္။
Roberto က သူလက္ရွိသံုးေနတဲ့ iPhoneX ကို ဝယ္ယူခဲ့တဲ့အခ်ိန္မွာ Apple ကုမၸဏီမွ ဝန္ထမ္းတစ္ဦးက ဖုန္းေစ်းကြက္ထဲမွာ လက္တေလာေခတ္စားေနတဲ့ လူႀကိဳက္မ်ားေနတဲ့ ဖုန္းေတြထဲမွာ iPhoneX ဟာ စိတ္အခ်ရဆံုးဖုန္းျဖစ္တယ္လို႔ အာမခံခဲ့ေပမယ့္ အခုလိုျဖစ္ရပ္မ်ိဳး ၾကံဳေတြ႕လာရတာေၾကာင့္ တရားစြဲဆိုရျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ Apple ကုမၸဏီကို တရားစြဲဆိုထားတဲ့ Roberto ရဲ႕ ဥပေဒဆိုင္ရာစြပ္စြဲခ်က္စာတမ္းမွာ ကိုယ္ပိုင္အခ်က္အလက္ေတြကို လံုျခံဳစိတ္ခ်ရေလာက္တဲ့အထိ ထိန္းသိမ္းႏိုင္စြမ္းမရွိျခင္းနဲ႔ စိတ္မခ်မ္းေျမ႕ဖြယ္ ျဖစ္ရပ္ေတြကို ၾကံဳေတြ႕ရျခင္းေၾကာင့္ တရားစြဲဆိုရျခင္းျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားပါတယ္။
Roberto ဟာ ကိုယ္ပိုင္ဖုန္းကေနတဆင့္ အခ်က္အလက္ေတြ ခိုးယူခံရတာ ဒါဟာပထမဆံုးအႀကိမ္ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ Roberto ဟာ Huawei’s Mate X ဖုန္းအမ်ိဳးအစား နဲ႔ Sumsaung Galaxy Fold ဖုန္းအမ်ိဳးအစားနဲ႔ဆင္တူတဲ့ ေခါက္သိမ္းလို႔ရတဲ့ ေရႊသားနဲ႔ျပဳလုပ္ထားတဲ့ဖုန္းကို ထုတ္လုပ္ခဲ့ပါတယ္။ Roberto ရဲ႕ တရားစြဲဆိုမႈနဲ႔ ပတ္သက္ၿပီး Apple ကုမၸဏီက တစ္စုံတစ္ရာျပန္လည္ေျဖရွင္းျခင္းမ်ိဳး ျပဳလုပ္ခ့ဲျခင္းမရွိဘူးလို႕ သိရွိရပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwenews
#soshweforyourdailylife
#likeandshare