Breaking News

ဟောလီဝုဒ်အနုပညာလောကရဲ့ အာရုံစိုက်မှုကို ရရှိလာတဲ့ စွန့်စွန့်စားစား ခုန်ပျံကျော်လွှားသူများအဖွဲ့။

ဗြိတိန်နိုင်ငံအခြေစိုက် ခုန်ပျံကျော်လွှားသူများအဖွဲ့ “Storror” ဟာ Youtube မှာ Subscriber (၇) သန်းကျော်ကို ပိုင်ဆိုင်ထားပြီး အခုနောက်ပိုင်းမှာတော့ ဟောလီဝုဒ်အနုပညာလောကရဲ့ အာရုံစိုက်မှုကိုပါ ရရှိလာပါတယ်။

 

“Storror” အဖွဲ့ကို ခုန်ပျံကျော်လွှားသူများအဖွဲ့လို့ ဘာကြောင့်ခေါ်ရသလဲဆိုတာကို ဆက်လက်ဖတ်ကြည့်ရအောင်ပါ။ “Storror” အဖွဲ့မှာပါဝင်တဲ့ ခုန်ပျံကျော်လွှားသူလူငယ်လေးတွေဟာ အတောင်ပံမပါ အသက်အပိုမပါပေမယ့် မြင့်မားတဲ့အဆောက်အအုံတွေရဲ့ ခေါင်မိုးပေါ်ကနေ နောက်ထပ်အဆောက်အအုံတစ်ခုပေါ်ကို ရဲဝံ့စွာခုန်ပျံကျော်လွှားတာကို ဝါသနာထုံကြပြီး ၄င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ် လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

 

Storror အဖွဲ့ထဲက လူငယ်လေးတွေဟာ လေထဲမှာပျံဝဲနေရတာကို ကြိုက်နှစ်သက်တယ်လို့ ယူဆလို့ရပြီး အကြောက်တရားကင်းမဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အမြင့်ကြောက်သူတွေ မလုပ်နိုင်တဲ့အရာမျိုးကို လုပ်နိုင်ခဲ့ကြတာလည်းဖြစ်ပြီး အမြင့်မကြောက်တဲ့သူတွေအနေနဲ့လည်း ၄င်းတို့လို သက်စွန့်ဆံဖျား အဆောက်အအုံတွေပေါ်ကနေ ခုန်ချရဲတဲ့သတ္တိမရှိကြပါဘူး။

 

Storror အဖွဲ့ဟာ တိုက်တာအဆောက်အဦးတစ်ခုပေါ်ကနေ နောက်တစ်ခုပေါ်ကို အသည်းယားစရာကောင်းအောင် ခုန်ပျံကျော်လွှားနေတဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာပတ်ပြီး ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ကာ ၄င်းတို့ရဲ့ Youtube Channel မှာ တင်ခဲ့ရာကနေတစ်ဆင့် ဟောလီဝုဒ်ရုပ်ရှင်လောကကြီးက Storror အဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေကို သတိထားမိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ “Transformers” ဇာတ်ကားကို ရိုက်ကူးပေးခဲ့တဲ့ ဟောလီဝုဒ်ရုပ်ရှင်ဒါရိုက်တာ Michael Bay က Storror အဖွဲ့ကို “6 Underground” ဇာတ်ကားရိုက်ကူးရေးမှာ သက်စွန့်ဆံဖျားလှုပ်ရှားမှုတွေကို သရုပ်ဆောင်တွေကို သင်ကြားပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Storror အဖွဲ့ဝင်တွေကလည်း ဇာတ်ကားဖြစ်မြောက်ရေးအတွက် အစွမ်းကုန်ကူညီခဲ့ကာ ကြိုးစားခဲ့သမျှ အရာထင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဟောလီဝုဒ်ရုပ်ရှင်လောကမှာ ခြေချနိုင်ပြီးနောက် ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။

ခုန်ပျံကျော်လွှားတာကို မလုပ်ရရင် မနေနိုင်တဲ့ Storror အဖွဲ့ဝင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးတွေကို ပေါင်းစည်းပြီး ကြည့်ရှုသူပရိသတ်တွေအတွက် ဗီဒီယိုတွေ တင်ဆက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Storror အဖွဲ့ဝင်တွေကတော့ ပရိသတ်တွေကို ၄င်းတို့လိုမျိုး လိုက်မလုပ်ဖို့ အကြံပေးတောင်းဆိုထားပါတယ်။

Storror အဖွဲ့ကို အဖွဲ့ဝင် ၇ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ကိုစတင်တည်ထောင်သူတွေကတော့ Max နဲ့ Benj Cave ပဲဖြစ်ပါတယ်။ Storror အဖွဲ့ဟာ ခုန်ပျံကျော်လွှားရတာကို လွတ်မြောက်မှုတစ်ခုအဖြစ် ယုံကြည်ထားပြီး ဝါသနာထုံတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အခမဲ့သင်တန်းတွေ သင်ကြားပေးနေတယ်လို့လည်း သိရှိရပါတယ်။

<Unicode Version>

 

 

ေဟာလီဝုဒ္အႏုပညာေလာကရဲ႕ အာ႐ံုစိုက္မႈကို ရရွိလာတဲ့ စြန္႕စြန္႕စားစား ခုန္ပ်ံေက်ာ္လႊားသူမ်ားအဖြဲ႕။

ၿဗိတိန္ႏိုင္ငံအေျခစိုက္ ခုန္ပ်ံေက်ာ္လႊားသူမ်ားအဖြဲ႔ “Storror” ဟာ Youtube မွာ Subscriber (၇) သန္းေက်ာ္ကို ပိုင္ဆိုင္ထားၿပီး အခုေနာက္ပိုင္းမွာေတာ့ ေဟာလီဝုဒ္အႏုပညာေလာကရဲ႕ အာ႐ံုစိုက္မႈကိုပါ ရရွိလာပါတယ္။

 

“Storror” အဖြဲ႔ကို ခုန္ပ်ံေက်ာ္လႊားသူမ်ားအဖြဲ႔လို႔ ဘာေၾကာင့္ေခၚရသလဲဆိုတာကို ဆက္လက္ဖတ္ၾကည့္ရေအာင္ပါ။ “Storror” အဖြဲ႕မွာပါဝင္တဲ့ ခုန္ပ်ံေက်ာ္လႊားသူလူငယ္ေလးေတြဟာ  အေတာင္ပံမပါ အသက္အပိုမပါေပမယ့္ ျမင့္မားတဲ့အေဆာက္အအံုေတြရဲ႕ ေခါင္မိုးေပၚကေန  ေနာက္ထပ္အေဆာက္အအံုတစ္ခုေပၚကို ရဲဝံ့စြာခုန္ပ်ံေက်ာ္လႊားတာကို ဝါသနာထံုၾကၿပီး ၄င္းတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းအလုပ္တစ္ခုအျဖစ္ လုပ္ေဆာင္ေနၾကတာပဲ ျဖစ္ပါတယ္။

Storror အဖြဲ႔ထဲက လူငယ္ေလးေတြဟာ ေလထဲမွာပ်ံဝဲေနရတာကို ႀကိဳက္ႏွစ္သက္တယ္လို႔ ယူဆလို႔ရၿပီး အေၾကာက္တရားကင္းမဲ့တယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္လည္း အျမင့္ေၾကာက္သူေတြ မလုပ္ႏိုင္တဲ့အရာမ်ိဳးကို လုပ္ႏိုင္ခ့ဲၾကတာလည္းျဖစ္ၿပီး အျမင့္မေၾကာက္တဲ့သူေတြအေနနဲ႕လည္း ၄င္းတို႕လို သက္စြန္႔ဆံဖ်ား အေဆာက္အအံုေတြေပၚကေန ခုန္ခ်ရဲတဲ့သတၱိမရွိၾကပါဘူး။

Storror အဖြဲ႔ဟာ တိုက္တာအေဆာက္အဦးတစ္ခုေပၚကေန ေနာက္တစ္ခုေပၚကို အသည္းယားစရာေကာင္းေအာင္ ခုန္ပ်ံေက်ာ္လႊားေနတဲ့ လႈပ္ရွားမႈေတြကို ကမာၻပတ္ၿပီး  ဗီဒီယို႐ိုက္ကူးမွတ္တမ္းတင္ကာ ၄င္းတို႔ရဲ႕ Youtube Channel မွာ တင္ခဲ့ရာကေနတစ္ဆင့္  ေဟာလီဝုဒ္႐ုပ္ရွင္ေလာကႀကီးက Storror အဖြဲ႔ဝင္ေတြရဲ႕ အရည္အခ်င္းေတြကို သတိထားမိခဲ့တာ ျဖစ္ပါတယ္။

 

၂၀၁၉ ခုႏွစ္မွာ “Transformers” ဇာတ္ကားကို ႐ိုက္ကူးေပးခဲ့တဲ့ ေဟာလီဝုဒ္႐ုပ္ရွင္ဒါ႐ိုက္တာ Michael Bay  က Storror အဖြဲ႔ကို “6 Underground” ဇာတ္ကား႐ိုက္ကူးေရးမွာ သက္စြန္႔ဆံဖ်ားလႈပ္ရွားမႈေတြကို သ႐ုပ္ေဆာင္ေတြကို သင္ၾကားေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ Storror အဖြဲ႔ဝင္ေတြကလည္း ဇာတ္ကားျဖစ္ေျမာက္ေရးအတြက္ အစြမ္းကုန္ကူညီခဲ့ကာ ႀကိဳးစားခဲ့သမွ် အရာထင္ခဲ့တယ္လို႔ ဆိုရပါမယ္။ ေဟာလီဝုဒ္႐ုပ္ရွင္ေလာကမွာ ေျခခ်ႏိုင္ၿပီးေနာက္ ပရိသတ္ေတြရဲ႕ အားေပးျခင္းကို ရရွိခဲ့ပါတယ္။

ခုန္ပ်ံေက်ာ္လႊားတာကို မလုပ္ရရင္ မေနႏိုင္တဲ့ Storror အဖြဲ႔ဝင္ေတြက ကိုယ့္နည္းကိုယ့္ဟန္နဲ႔ တစ္ကိုယ္ေတာ္လႈပ္ရွားမႈေတြကို မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗီဒီယိုအတိုေလးေတြကို ေပါင္းစည္းၿပီး ၾကည့္႐ႈသူပရိသတ္ေတြအတြက္ ဗီဒီယိုေတြ တင္ဆက္ေပးေလ့ရွိပါတယ္။ ဒါေပမယ့္လည္း Storror အဖြဲ႔ဝင္ေတြကေတာ့ ပရိသတ္ေတြကို ၄င္းတို႔လိုမ်ိဳး လိုက္မလုပ္ဖို႔ အၾကံေပးေတာင္းဆိုထားပါတယ္။

Storror အဖြဲ႔ကို အဖြဲ႔ဝင္ ၇ ေယာက္နဲ႔ ဖြဲ႔စည္းထားၿပီး အဖြဲ႕ကို စတင္တည္ေထာင္သူေတြကေတာ့ Max နဲ႔ Benj Cave ပဲျဖစ္ပါတယ္။ Storror အဖြဲ႔ဟာ ခုန္ပ်ံေက်ာ္လႊားရတာကို လြတ္ေျမာက္မႈတစ္ခုအျဖစ္ ယံုၾကည္ထားၿပီး ဝါသနာထံုတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို အခမဲ့သင္တန္းေတြ သင္ၾကားေပးေနတယ္လို႔လည္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro