Breaking News
ပရိသတ်များကို အ့ံအားသင့်ဖွယ် လှည့်ဖြားခဲ့တဲ့ YouTuber တစ်ဦး။
YouTuber တစ်ဦးဖြစ်သူ Natalia Taylor သည် သူမရဲ့အင်စတာဂရမ်၌ နိုင်ငံပေါင်းစုံသို့ရောက်ရှိနေသည်ဟု ဓာတ်ပုံပေါင်းများစွာတင်ထားပေမယ့် တကယ့်လက်တွေ့၌မူ ဘာလီသို့သွားရောက်ခြင်းမရှိဘဲ Indoor ၌သာ အမြင်များကိုလှည့်စားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်ကြောင်း သူမကိုယ်တိုင် ဖွင့်ဟခဲ့ပါတယ်။
သူမရဲ့ အင်စတာဂရမ်၌ “ဘုရင်မတစ်ပါး ရောက်ရှိလာပါပြီ။” ဟုဆိုကာ Location ၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကမ်းခြေကို ဖော်ပြထားသည့် ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့ပေမယ့် သူမကိုယ်တိုင် YouTube ပေါ်သို့ တင်ခဲ့သည့် ဗီဒီယို၌မူ အဆိုပါဓာတ်ပုံများသည် Ikea ၌ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။
Taylor နဲ့ သူမရဲ့ ဓာတ်ပုံဆရာမဖြစ်သူ Ally Amodeo တို့သည် အဆိုပါဓာတ်ပုံများကို Ikea အနီးအနားပတ်ဝန်းကျင်၌ မတူညီသည့်ပုံစံအမျိုးအစားဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပထမပုံ၌ စိတ်လှုပ်ရှားစရာကောင်းသည့် ဟိုတယ်ခန်းအတွင်း၌ ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံကို သူမရဲ့ ပရိသတ်များထံ ဝေမျှခဲ့ပါတယ်။ ဒါ့အပြင် Taylor အနေနဲ့ နေရောင်ခြည်ဖြာကျနေသည့် ရေချိုးကန်ပေါ်၌ ထိုင်နေသည့်ပုံကို ရိုက်ကူးထားပြီး အဆိုပါပုံ၌ မျက်နှာသုတ်ပုဝါကို ခေါင်းပေါင်းထားကာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့အင်စတာဂရမ် Story တွင်လည်း ဘာလီ၌ လည်ပတ်နေသည့် ဗီဒီယိုများကို တင်ထားပြီး အချို့သောဗီဒီယိုများသည် သူမရဲ့သူငယ်ချင်းများပေးပို့ထားသည့် ဗီဒီယိုများဖြစ်သလို အွန်လိုင်းပေါ်မှလည်း အခြားဗီဒီယိုများကိုလည်း သုံးစွဲခဲ့ပါတယ်။
သူမရဲ့ ပရိသတ်များမှာမူ Taylor ရဲ့ လှည့်စားမှုကို အမှန်အကန်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြခြင်းကြောင့် အမျိုးမျိုးမှတ်ချက်ပေးခဲ့ပြီး ပရိသတ်တစ်ဦးကမူ Ikea တံဆိပ်ပါ စျေးနှုန်းတစ်ခုကို ဓာတ်ပုံအတွင်း သတိပြုမိခဲ့ပေမယ့် အများစုမှာမူ Taylor ကို ဘာလီသို့ရောက်နေသည်ဟုသာ ထင်မှတ်ခဲ့ကြပါတယ်။  နောက်ပိုင်းတွင်မူ Taylor က “ဒီနေ့ခေတ်မှာ ရှင်တို့အားလုံးဖြစ်ချင်တဲ့အတိုင်းဖြစ်နိုင်နေပါပြီ။ ဒါက တကယ်ကို   ကောင်းပါတယ်။ ဒါပေမယ့် ကြီးကြီးမားမား တာဝန်ယူရမယ့် အပိုင်းတွေလည်း ရှိလာပါတယ်။” ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍လည်း Taylor က “အားလုံးသိတဲ့အတိုင်း အွန်လိုင်းပေါ်မှာဆို လူတွေက ပွင့်လင်းမြင်သာမှု မရှိတော့ပါဘူး။ Influencer တော်တော်များများက ကမ္ဘာပတ်ပြီး ခရီးသွားပြနေတယ်ဆိုပေမယ့် ရှင်တို့မသိနိုင်တဲ့ ကိစ္စရပ်တွေလည်း အများကြီးရှိနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ တွေ့သမျှ အရာအားလုံးကို မယုံကြည်ကြပါနဲ့။ တချို့ Influencer တွေဆိုရင် အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ဖို့တောင် အခွင့်အရေးမရှိကြပါဘူး။” ဟု ပညာပေးပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
ပရိသတ်များကို အံ့အားသင့်ဖွယ် လှည့်ဖြားခဲ့တဲ့ YouTuber တစ်ဦး။
<Zawgyi Version>
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share
About So Shwe
Check Also
ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။
၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro