နာမည်ကျော် Grab ကုမ္ပဏီသည် သူတို့ရဲ့ Applications ယခုထက်ပိုမိုအောင်မြင်ရေးအတွက် ရင်းနှီးမြှုုပ်နှံငွေ ဒေါ်လာ (၁) ဘီလီယံနီးပါးအထိ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ စင်ကာပူအခြေစိုက် Grab ကုမ္ပဏီသည် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေသည့်လုပ်ငန်းများနဲ့ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာသန်း (၈၅၀) ရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အများအပြားရရှိခဲ့ခြင်းကလည်း အင်ဒိုနီးရှားရဲ့ GoJek နဲ့ စျေးကွက်အပြိုင်အဆိုင်လုနေရခြင်းကြောင့်လည်း ဖြစ်ပါတယ်။
Grab အတွက် ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးဘဏ်ဖြစ်သည့် Mitsubishi UFJ ဘဏ္ဍာရေးအဖွဲ့ (MBFJF) က ဒေါ်လာသန်း (၇၀၀) နဲ့အထက် ရင်းနှီးမြှုပ်နှံထားပြီး ကျန်ငွေများကို ဂျပန်အိုင်တီကုမ္ပဏီတစ်ခုဖြစ်သည့် TIS က ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။ Grab ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ Ming Maa က သူတို့ရဲ့ကုမ္ပဏီအနေနဲ့ Mitsubishi ၊ TIS ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ဘဏ္ဍာရေးဆိုင်ရာထုတ်ကုန်များကို တိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Ming Maa က “ဝယ်လိုအားနဲ့တတ်နိုင်တဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို တိုးတက်အောင်လုပ်တာက အရှေ့တောင်အာရှရဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။ Grab ကုမ္ပဏီသည် (၂၀၁၈) ခုနှစ်၌ အဓိကပြိုင်ဘက် Uber ကို အရှေ့တောင်အာရှဒေသတွင်းမှ မောင်းထုတ်ပစ်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာအခြေစိုက် GoJek ကုမ္ပဏီနဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခုလုံးသည် အစားအသောက်ပို့ဆောင်ခြင်းမှသည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများအထိ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Super Applications များကို အပြိုင်အဆိုင်ဖန်တီးနေကြပါတယ်။ ပြီးခဲ့သည့်နှစ်အတွင်း၌ Grab ကသူတို့ရဲ့ Customer များထံ စားသုံးသူအာမခံနဲ့ ငွေချေးပေးခြင်းကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို ဖြန့်ချိပေးခဲ့ပြီး အရှေ့တောင်အာရှအတွင်းရှိ နိုင်ငံ (၈) နိုင်ငံအတွင်း ဝင်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်လွှမ်းမိုးထားပါတယ်။
သို့ရာတွင်မူ အင်ဒိုနီးရှားနိုင်ငံအတွင်း၌ GoJek ရဲ့လွှမ်းမိုးမှုကို Grab တို့ တွန်းလှန်ရန်ခက်ခဲနေဆဲဖြစ်ပြီး နောက်ဆုံးထုတ်ပြန်ထားသောတန်ဖိုးများအရ Grab ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံကျော်တန်ဖိုးရှိပြီး GoJek ကမူ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံကျော် တန်ဖိုးရှိနေကြောင်း CB Insights ရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
<Unicode Version>
ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၌ထိုးဖောက်နိုင်ရန် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာသန်း (၈၅၀) ရရှိခဲ့သည့် Grab
နာမည်ကျော် Grab ကုမ္ပဏီသည် သူတို့ရဲ့ Applications ယခုထက်ပိုမိုအောင်မြင်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ (၁) ဘီလီယံနီးပါးအထိ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ စင်ကာပူအခြေစိုက် Grab ကုမ္ပဏီသည် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေသည့်လုပ်ငန်းများနဲ့ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာသန်း (၈၅၀) ရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အများအပြားရရှိခဲ့ခြင်းကလည်း အင်ဒိုနီးရှားရဲ့ GoJek နဲ့ ဈေးကွက်အပြိုင်အဆိုင်လုနေရခြင်းကြောင့်လည်း ဖြစ်ပါတယ်။
<Zawgyi Version>
#HM(Soshwe)
#Soshwebankingandfinance
#SoshweForYourDailyLife
#Like&Share