Breaking News

ဘွဲ့ရပြီးနောက်ပိုင်းဘဝတစ်ခုကို ဘယ်လိုဖြတ်သန်းမလဲ ? ? ?

ကျောင်းသားထက်ဝက်ခန့်သည် တက္ကသိုလ်မှဘွဲ့ရပြီးနောက်ပိုင်း စိတ်ကျရောဂါနဲ့ ရင်ဆိုင်ရလေ့ရှိသည်ဟု   လေ့လာဆန်းစစ်မှုများကဆိုကြပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်သည့် ပညာရှင်တစ်ဦးဖြစ်သူ Stephen Buckley က “သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာက အကြောင်းပြချက်အများကြီး ရှိနိုင်ပါတယ်။ ပညာရေးပြီးဆုံးပြီးနောက်ပိုင်း ဘဝက စိတ်လှုပ်ရှားစရာကောင်းသလို စိတ်ရှုပ်စရာလည်းကောင်းပါတယ်။” ဟု ဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘွဲ့ရပြီးနောက်ပိုင်း လျှောက်လှမ်းရမည့်ဘဝ၌ ပိုမိုလွယ်ကူစေရန်အတွက် တက္ကသိုလ်ကျောင်းသားဘဝနောက်ဆုံးနှစ်၌ပင်  ပြုလုပ်နိုင်သည့် အဆင့်များလည်းရှိပါတယ်။

 

၁။ အခြားသူများနဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ကြဉ်ပါ။

“တက္ကသိုလ်တက်ပြီးသွားရင် ဘာဆက်လုပ်ရမလဲမသိတာက ပုံမှန်ကိစ္စပါပဲ။ လူတော်တော်များများက သူတို့ရဲ့  နောက်ထပ်ခြေလှမ်းတွေကို လှမ်းနိုင်ဖို့အတွက် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာအောင် အချိန်ယူရတာကို သတိရဖို့ အရေးကြီးပါတယ်။” ဟု Buckley က ဆိုထားပါတယ်။ မကြာခင်ကမှ ဘွဲ့ရရှိခဲ့သည့် Rosie Chalk က “ရှင်တို့ရဲ့ သူငယ်ချင်းတွေနဲ့ရှင်နဲ့ မတူတော့ဘူးလို့ ခံစားရပေမယ့် လက်တွေ့မှာတော့ သူတို့လည်းရှင့်လို တူညီတဲ့နေရာမှာပဲရှိနေတာပါ။ လူတချို့က ကျောင်းပြီးတာနဲ့ အလုပ်သင် ဒါမှမဟုတ် အချိန်ပြည့်အလုပ်တွေကို ရသွားတာ မြင်ရတာက ကျွန်မအတွက် အခက်ခဲဆုံးပါ။ ကျွန်မလည်း အဲ့ဒီလိုဖြစ်ဖို့ ဖိအားတွေ ခံစားခဲ့ရပါတယ်။ အတွေ့အကြုံမရှိတာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိတာနဲ့ ပိုက်ဆံမရှိတာကြောင့် လန်ဒန်လိုနေရာကို သွားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါကပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

 

၂။ အနာဂတ်အတွက် ကြိုတင်အုတ်မြစ်ချပါ။

Carly- May ဟုခေါ်သည့် ကျောင်းသူတစ်ဦးက “ကျောင်းသားတွေရဲ့ စာနယ်ဇင်းပညာနဲ့ ရေဒီယိုဆိုင်ရာပွဲတွေကို ကျွန်မသွားတက်ခဲ့ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းနဲ့ သက်ဆိုင်တဲ့ ရန်ပုံငွေကိစ္စရပ်တွေအတွက်လည်း ဘရိုက်တန်မြို့က NCTJ သင်တန်းကို တက်ရောက်ဖို့လည်း   လျှောက်ထားခဲ့ဖူးပါတယ်။ အဲ့ဒီလိုလုပ်ခဲ့တာက ကျွန်မ အလုပ်ရှာတဲ့အချိန်မှာ အကျိုးပြုမယ်ဆိုတာသိခဲ့လို့ပါ။” ဟု ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်၌ သူမသည် The Mid Sussex Times ရဲ့ သတင်းထောက်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှဘွဲ့ရပြီးသည်နဲ့တစ်ပြိုင်နက် အလုပ်ရရှိရန်မလွယ်ကူခြင်းကြောင့် တက္ကသိုလ်ကျောင်းသားဘဝ  နောက်ဆုံးနှစ်မှစတင်ပြီး အလုပ်နဲ့ပတ်သက်သည့် အဆက်အသွယ်များကို စတင်ရှာဖွေထားရန် လိုအပ်ပါတယ်။

 

၃။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ဘွဲ့ရပြီးနောက်ပိုင်းဘဝက အထီးကျန်ဆန်နိုင်ပြီး Buckley ရဲ့ အဆိုအတိုင်း ကျန်းမာအောင်နေထိုင်ရန် အရေးကြီးပါတယ်။ Buckley က မျှတသည့်အစားအသောက်ကို စားသုံးပြီး ရေများများသောက်သုံးရန်၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးများ မသုံးစွဲရန် အကြံပေးထားပါတယ်။ ထိုအချိန်သည် မငြိမ်မသက်မှုအများအပြားဖြစ်နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေရန် လိုအပ်ပါတယ်။ မကြာခင်က ဘွဲ့ရခဲ့သည့် Lucy Wynne က လည်း ထိုအချိန်၌ အားကစားလုပ်သင့်ကြောင်း အကြံပေးပြောကြားထားပါသေးတယ်။

 

၄။ မိမိတက်ခဲ့သည့် တက္ကသိုလ်ကို ပြန်လည်အကူအညီတောင်းပါ။

ဘွဲ့ရကျောင်းသားကျောင်းသူများအနေဖြင့် ဘွဲ့ရပြီးပြီးချင်းအချိန်ကာလ၌ အထီးကျန်သည်ဟု ခံစားရနိုင်သော်လည်း မိမိတက်ခဲ့သည့် ကျောင်းမှတစ်ဆင့် အထောက်အပံ့အချို့ ပြန်လည်ရရှိနိုင်ပါတယ်။  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ခင်ဗျားတို့ရဲ့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂနဲ့ အဖွဲ့အစည်းတွေကို  နွေရာသီမှာ ဖွင့်လှစ်နိုင်ဖို့ရှိပြီး အဲ့ဒီကနေ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလိုမျိုး အကူအညီတွေ ရလာနိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ Buckley ကလည်း “တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ အမြဲတမ်း အဆက်အသွယ်ရှိအောင်နေပါ။ ဒီလိုအလှည့်အပြောင်းကာလတွေက လူတိုင်းကြုံတွေ့ရနိုင်ပြီး သူငယ်ချင်းဟောင်းတစ်ယောက်ဆီက အားပေးစကားကြားရတာက အားတက်စရာပါ။” ဟု အကြံပေးသွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ဘဲြ႕ရၿပီးေနာက္ပိုင္းဘဝတစ္ခုကို ဘယ္လိုျဖတ္သန္းမလဲ ? ? ?

ေက်ာင္းသားထက္ဝက္ခန္႔သည္ တကၠသိုလ္မွဘဲြ႕ရၿပီးေနာက္ပိုင္း စိတ္က်ေရာဂါနဲ႔ ရင္ဆိုင္ရေလ့ရွိသည္ဟု ေလ့လာဆန္းစစ္မႈမ်ားကဆုိၾကပါတယ္။ စိတ္ပိုင္းဆုိင္ရာနဲ႔ပတ္သက္သည့္ ပညာရွင္တစ္ဦးျဖစ္သူ Stephen Buckley က “သူတုိ႔ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတာက အေၾကာင္းျပခ်က္အမ်ားႀကီး ရွိႏိုင္ပါတယ္။ ပညာေရးၿပီးဆံုးၿပီးေနာက္ပိုင္း ဘဝက စိတ္လႈပ္ရွားစရာေကာင္းသလို စိတ္ရႈပ္စရာလည္းေကာင္းပါတယ္။” ဟု ဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ဘဲြ႕ရၿပီးေနာက္ပိုင္း ေလွ်ာက္လွမ္းရမည့္ဘဝ၌ ပိုမိုလြယ္ကူေစရန္အတြက္ တကၠသိုလ္ေက်ာင္းသားဘဝေနာက္ဆံုးႏွစ္၌ပင္  ျပဳလုပ္ႏိုင္သည့္ အဆင့္မ်ားလည္းရွိပါတယ္။

 

၁။ အျခားသူမ်ားနဲ႔ ႏိႈင္းယွဥ္ျခင္းကို ေရွာင္ၾကဥ္ပါ။

“တကၠသိုလ္တက္ၿပီးသြားရင္ ဘာဆက္လုပ္ရမလဲမသိတာက ပံုမွန္ကိစၥပါပဲ။ လူေတာ္ေတာ္မ်ားမ်ားက သူတုိ႔ရဲ႕  ေနာက္ထပ္ေျခလွမ္းေတြကို လွမ္းႏိုင္ဖို႔အတြက္ လေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အခ်ိန္ယူရတာကို သတိရဖို႔ အေရးႀကီးပါတယ္။” ဟု Buckley က ဆုိထားပါတယ္။ မၾကာခင္ကမွ ဘဲြ႕ရရွိခဲ့သည့္ Rosie Chalk က “ရွင္တုိ႔ရဲ႕ သူငယ္ခ်င္းေတြနဲ႔ရွင္နဲ႔ မတူေတာ့ဘူးလို႔ ခံစားရေပမယ့္ လက္ေတြ႕မွာေတာ့ သူတုိ႔လည္းရွင့္လို တူညီတဲ့ေနရာမွာပဲရွိေနတာပါ။ လူတခ်ိဳ႕က ေက်ာင္းၿပီးတာနဲ႔ အလုပ္သင္ ဒါမွမဟုတ္ အခ်ိန္ျပည့္အလုပ္ေတြကို ရသြားတာ ျမင္ရတာက ကြ်န္မအတြက္ အခက္ခဲဆံုးပါ။ ကြ်န္မလည္း အဲ့ဒီလိုျဖစ္ဖုိ႔ ဖိအားေတြ ခံစားခဲ့ရပါတယ္။ အေတြ႕အႀကံဳမရွိတာ၊ စိတ္ပိုင္းဆိုင္ရာႀကံ႕ခိုင္မႈမရိွတာနဲ႔ ပိုက္ဆံမရွိတာေၾကာင့္ လန္ဒန္လိုေနရာကို သြားဖုိ႔ မျဖစ္ႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ဒါကၿပိဳင္ပဲြတစ္ခုမဟုတ္ပါဘူး။ ကိုယ္ဘယ္လိုခံစားေနရလဲဆိုတာနဲ႔ပဲ သက္ဆိုင္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

 

၂။ အနာဂတ္အတြက္ ႀကိဳတင္အုတ္ျမစ္ခ်ပါ။

Carly- May ဟုေခၚသည့္ ေက်ာင္းသူတစ္ဦးက “ေက်ာင္းသားေတြရဲ႕ စာနယ္ဇင္းပညာနဲ႔ ေရဒီယိုဆုိင္ရာပဲြေတြကို ကြ်န္မသြားတက္ခဲ့ပါတယ္။ ဒါ့အျပင္ စာနယ္ဇင္းနဲ႔ သက္ဆိုင္တဲ့ ရန္ပံုေငြကိစၥရပ္ေတြအတြက္လည္း ဘရိုက္တန္ၿမိဳ႕က NCTJ သင္တန္းကို တက္ေရာက္ဖုိ႔လည္း   ေလွ်ာက္ထားခဲ့ဖူးပါတယ္။ အဲ့ဒီလိုလုပ္ခဲ့တာက ကြ်န္မ အလုပ္ရွာတဲ့အခ်ိန္မွာ အက်ိဳးျပဳမယ္ဆုိတာသိခဲ့လို႔ပါ။” ဟု ေျပာၾကားခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ သူမသည္ The Mid Sussex Times ရဲ႕ သတင္းေထာက္တစ္ဦးအျဖစ္လည္း ေဆာင္ရြက္ေနၿပီျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ တကၠသိုလ္မွဘဲြ႕ရၿပီးသည္နဲ႔တစ္ၿပိဳင္နက္ အလုပ္ရရွိရန္မလြယ္ကူျခင္းေၾကာင့္ တကၠသိုလ္ေက်ာင္းသားဘဝ  ေနာက္ဆံုးႏွစ္မွစတင္ၿပီး အလုပ္နဲ႔ပတ္သက္သည့္ အဆက္အသြယ္မ်ားကို စတင္ရွာေဖြထားရန္ လိုအပ္ပါတယ္။

 

၃။ က်န္းမာေရးကို ဂရုစိုက္ပါ။

ဘဲြ႕ရၿပီးေနာက္ပိုင္းဘဝက အထီးက်န္ဆန္ႏိုင္ၿပီး Buckley ရဲ႕ အဆိုအတိုင္း က်န္းမာေအာင္ေနထိုင္ရန္ အေရးႀကီးပါတယ္။ Buckley က မွ်တသည့္အစားအေသာက္ကို စားသံုးၿပီး ေရမ်ားမ်ားေသာက္သံုးရန္၊ အရက္ေသစာနဲ႔ မူးယစ္ေဆးဝါးမ်ား မသံုးစဲြရန္ အႀကံေပးထားပါတယ္။ ထိုအခ်ိန္သည္ မၿငိမ္မသက္မႈအမ်ားအျပားျဖစ္ႏုိင္သည့္ အခ်ိန္ျဖစ္ျခင္းေၾကာင့္ ခႏၶာကိုယ္ေရာ၊ စိတ္ပိုင္းဆုိင္ရာပါ က်န္းမာေနရန္ လုိအပ္ပါတယ္။ မၾကာခင္က ဘဲြ႕ရခဲ့သည့္ Lucy Wynne က လည္း ထိုအခ်ိန္၌ အားကစားလုပ္သင့္ေၾကာင္း အႀကံေပးေျပာၾကားထားပါေသးတယ္။

 

၄။ မိမိတက္ခဲ့သည့္ တကၠသိုလ္ကို ျပန္လည္အကူအညီေတာင္းပါ။

ဘဲြ႕ရေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ ဘဲြ႕ရၿပီးၿပီးခ်င္းအခ်ိန္ကာလ၌ အထီးက်န္သည္ဟု ခံစားရႏိုင္ေသာ္လည္း မိမိတက္ခဲ့သည့္ ေက်ာင္းမွတစ္ဆင့္ အေထာက္အပံ့အခ်ိဳ႕ ျပန္လည္ရရွိႏုိင္ပါတယ္။  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ခင္ဗ်ားတုိ႔ရဲ႕ ေက်ာင္းေတြမွာ ေက်ာင္းသားသမ​ဂၢနဲ႔ အဖဲြ႕အစည္းေတြကို  ေႏြရာသီမွာ ဖြင့္လွစ္ႏိုင္ဖုိ႔ရွိၿပီး အဲ့ဒီကေန အလုပ္အကိုင္ရွာေဖြေရး ဝန္ေဆာင္မႈလိုမ်ိဳး အကူအညီေတြ ရလာႏုိင္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။ Buckley ကလည္း “တကၠသိုလ္က သူငယ္ခ်င္းေတြနဲ႔ အၿမဲတမ္း အဆက္အသြယ္ရွိေအာင္ေနပါ။ ဒီလိုအလွည့္အေျပာင္းကာလေတြက လူတိုင္းႀကံဳေတြ႕ရႏိုင္ၿပီး သူငယ္ခ်င္းေဟာင္းတစ္ေယာက္ဆီက အားေပးစကားၾကားရတာက အားတက္စရာပါ။” ဟု အႀကံေပးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#SoshweEducation

#SoshweForYourDailyLife

#Like&Share

About So Shwe

Check Also

ငယ်စဉ်အခါက စာသင်ကျောင်းများမှာ မသင်ခဲ့ရတဲ့သိပ္ပံဆိုင်ရာ အချက်အလက်များ။

ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအရာတွေဟာ ထူးခြားဆန်းပြားပြီး မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်စေတဲ့အတွက် တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဘယ်ပုံတွေကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro