နေ့စဉ်အရက်တစ်ခွက် ပုံမှန်သောက်သုံးခြင်းက အသက် (၉၀) အရွယ်အထိ နေထိုင်နိုင်ချေ ပိုမိုမြင့်မားကြောင်း လေ့လာသုံးသပ်သူများက ဆိုကြပါတယ်။ နယ်သာလန်နိုင်ငံရှိ Maastricht တက္ကသိုလ်ရဲ့ Medical Centre မှ သုတေသနပြုလုပ်ချက်များအရ အရက်ကို အသင့်အတင့်သောက်သုံးခြင်းက ပိုမိုအသက်ရှည်နိုင်ပြီး ကျန်းမာရေးအတွက် အရက်လုံးဝမသောက်သုံးခြင်းထက် ပိုမိုကောင်းမွန်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်များသည် နယ်သာလန်နိုင်ငံ၌ (၁၉၁၆) ခုနှစ်နဲ့ (၁၉၁၇) ခုနှစ်အတွင်း မွေးဖွားသော အမျိုးသားနဲ့ အမျိုးသမီးပေါင်း (၅) ထောင်ကျော်ကို ခြေရာခံခဲ့ကြပြီး (၁၉၈၆) ခုနှစ်၌ ထိုသူတို့ရဲ့ အရက်သောက်သုံးသည့် အလေ့အထကို မေးမြန်းစစ်တမ်းကောက်ခဲ့ကြပါတယ်။ အဆိုပါ ရလဒ်ကို Age and Ageing ဂျာနယ်၌ ဖော်ပြချက်အရ တစ်ရက်လျှင် အရက်ကို (၅) ဂရမ်မှ (၁၅) ဂရမ်အထိ သောက်သုံးတတ်သည့် အမျိုးသမီး (၃၄) ရာခိုင်နှုန်းနဲ့ အမျိုးသား (၁၆) ရာခိုင်နှုန်းသည် အသက် (၉၀) အထိ အသက်ရှင်နိုင်ချေ ပိုမိုမြင့်မားကြောင်း သိရှိရပါတယ်။
အဆိုပါပမာဏသည် ဝိုင်တစ်ခွက် သို့မဟုတ် ဘီယာတစ်ဝက်ခန့်နဲ့ ညီမျှပြီး တစ်ရက်လျှင် အရက်ကို (၁၅) ဂရမ်ထက် ပိုမိုသောက်သုံးသူများအနေဖြင့်မူ အရွယ်မတိုင်မီ သေဆုံးနိုင်ကြောင်းလည်း လေ့လာဆန်းစစ်ချက်များအရ သိရှိရပါတယ်။ အဆိုပါဆန်းစစ်မှု၌ ပါဝင်ခဲ့သည့် ဒေါက်တာ Van den Brandt က “အမျိုးသားရော၊ အမျိုးသမီးရောပါ အရက်သောက်သုံးခြင်းနဲ့ အသက် (၉၀) အရွယ်အထိ နေနိုင်ခြင်းဆိုတဲ့ နှစ်ခုက အပြုသဘောအရ ဆက်စပ်မှုရှိနေတာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဝိုင်သောက်သုံးခြင်းဖြင့် အသက် (၉၀) အထိ အသက်ရှင်နိုင်ပြီး အမျိုးသားတွေကတော့ ဂျင်၊ ဘရန်ဒီနဲ့ ဝီစကီတို့ကို သောက်သုံးခြင်းအားဖြင့် အသက်ပိုရှည်နိုင်တာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ယခုကဲ့သို့ရှာဖွေတွေ့ရှိမှုက အရက်သောက်သုံးတတ်သူများ သာမန်ထက်အသက်ရှည်နိုင်ကြောင်း ပြသခြင်းဖြစ်သော်လည်း အခြားသူများထက် ပိုမိုကျန်းမာနိုင်မည်မဟုတ်ကြောင်းလည်း သိပ္ပံပညာရှင်များက သတိပေးခဲ့ပါသေးတယ်။ ဒေါက်တာ Van den Brandt က “ဒီရှာဖွေတွေ့ရှိမှုက အရက်မသောက်တတ်တဲ့သူတွေအတွက် အရက်စသောက်ဖို့ လှုံ့ဆော်ပေးတဲ့ အရာတစ်ခုမဟုတ်ပါဘူး။” ဟု သတိပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
အသက္ (၉၀) အရြယ္အထိ အသက္ရွည္က်န္းမာစြာ ေနထိုင္ႏိုင္တ့ဲနည္းလမ္းေကာင္းကို သိပၸံပညာရွင္မ်ား ရွာေဖြေတြ႕ရွိ။
ေန႔စဥ္အရက္တစ္ခြက္ ပံုမွန္ေသာက္သံုးျခင္းက အသက္ (၉၀) အရြယ္အထိ ေနထိုင္ႏိုင္ေခ် ပိုမိုျမင့္မားေၾကာင္း ေလ့လာသံုးသပ္သူမ်ားက ဆုိၾကပါတယ္။ နယ္သာလန္ႏိုင္ငံရွိ Maastricht တကၠသိုလ္ရဲ႕ Medical Centre မွ သုေတသနျပဳလုပ္ခ်က္မ်ားအရ အရက္ကုိ အသင့္အတင့္ေသာက္သံုးျခင္းက ပိုမိုအသက္ရွည္ႏုိင္ၿပီး က်န္းမာေရးအတြက္ အရက္လံုးဝမေသာက္သံုးျခင္းထက္ ပိုမိုေကာင္းမြန္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။
သိပၸံပညာရွင္မ်ားသည္ နယ္သာလန္ႏုိင္ငံ၌ (၁၉၁၆) ခုႏွစ္နဲ႔ (၁၉၁၇) ခုႏွစ္အတြင္း ေမြးဖြားေသာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေပါင္း (၅) ေထာင္ေက်ာ္ကို ေျခရာခံခဲ့ၾကၿပီး (၁၉၈၆) ခုႏွစ္၌ ထိုသူတုိ႔ရဲ႕ အရက္ေသာက္သံုးသည့္ အေလ့အထကို ေမးျမန္းစစ္တမ္းေကာက္ခဲ့ၾကပါတယ္။ အဆိုပါ ရလဒ္ကို Age and Ageing ဂ်ာနယ္၌ ေဖာ္ျပခ်က္အရ တစ္ရက္လွ်င္ အရက္ကို (၅) ဂရမ္မွ (၁၅) ဂရမ္အထိ ေသာက္သံုးတတ္သည့္ အမ်ိဳးသမီး (၃၄) ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသား (၁၆) ရာခိုင္ႏႈန္းသည္ အသက္ (၉၀) အထိ အသက္ရွင္ႏိုင္ေခ် ပိုမိုျမင့္မားေၾကာင္း သိရွိရပါတယ္။
အဆုိပါပမာဏသည္ ဝုိင္တစ္ခြက္ သို႔မဟုတ္ ဘီယာတစ္ဝက္ခန္႔နဲ႔ ညီမွ်ၿပီး တစ္ရက္လွ်င္ အရက္ကို (၁၅) ဂရမ္ထက္ ပိုမိုေသာက္သံုးသူမ်ားအေနျဖင့္မူ အရြယ္မတိုင္မီ ေသဆံုးႏိုင္ေၾကာင္းလည္း ေလ့လာဆန္းစစ္ခ်က္မ်ားအရ သိရွိရပါတယ္။ အဆိုပါဆန္းစစ္မႈ၌ ပါဝင္ခဲ့သည့္ ေဒါက္တာ Van den Brandt က “အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာပါ အရက္ေသာက္သံုးျခင္းနဲ႔ အသက္ (၉၀) အရြယ္အထိ ေနႏိုင္ျခင္းဆိုတဲ့ ႏွစ္ခုက အျပဳသေဘာအရ ဆက္စပ္မႈရွိေနတာကို ကြ်န္ေတာ္တုိ႔ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ဝုိင္ေသာက္သံုးျခင္းျဖင့္ အသက္ (၉၀) အထိ အသက္ရွင္ႏုိင္ၿပီး အမ်ိဳးသားေတြကေတာ့ ဂ်င္၊ ဘရန္ဒီနဲ႔ ဝီစကီတုိ႔ကို ေသာက္သံုးျခင္းအားျဖင့္ အသက္ပိုရွည္ႏိုင္တာကို ကြ်န္ေတာ္တုိ႔ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။
ယခုကဲ့သို႔ရွာေဖြေတြ႕ရွိမႈက အရက္ေသာက္သံုးတတ္သူမ်ား သာမန္ထက္အသက္ရွည္ႏိုင္ေၾကာင္း ျပသျခင္းျဖစ္ေသာ္လည္း အျခားသူမ်ားထက္ ပိုမိုက်န္းမာႏုိင္မည္မဟုတ္ေၾကာင္းလည္း သိပၸံပညာရွင္မ်ားက သတိေပးခဲ့ပါေသးတယ္။ ေဒါက္တာ Van den Brandt က “ဒီရွာေဖြေတြ႕ရွိမႈက အရက္မေသာက္တတ္တဲ့သူေတြအတြက္ အရက္စေသာက္ဖုိ႔ လံႈ႕ေဆာ္ေပးတဲ့ အရာတစ္ခုမဟုတ္ပါဘူး။” ဟု သတိေပးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare