Breaking News

(၅၉) နှစ်အကြာ တင်ရှိထားသည့် စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ Justin Bieber

နာမည်ကျော် ပေါ့ပ်အဆိုတော် Justin Bieber သည် Elvis Presley ရဲ့ (၅၉) နှစ်ကြာ တင်ရှိထားသည့် စံချိန်မှတ်တမ်းတစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပြီး သူ့ရဲ့နာမည်ကို ဂီတသမိုင်းစာအုပ်၌ မှတ်တမ်းတင်  ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၂၅) နှစ်နဲ့ (၁၁) လအရွယ်ရှိပြီဖြစ်သူ Justin Bieber သည် သူ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်အသစ်ဖြစ်သည့် Changes ကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်ရောင်းချခဲ့ပြီး ပထမအပတ်၌ပင် တစ်ကမ္ဘာလုံး၌ အခွေပေါင်း (၁) သန်း ရောင်းချခဲ့ရပါတယ်။

အဆိုပါအယ်လ်ဘမ်သည် နောက်ဆုံး (၄) နှစ်အတွင်း သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်ပြီး ဗြိတိန်၌ နောက်ဆုံး (၈) နှစ်အတွင်း သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။ Justin Bieber သည် သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သည့် My World 2.0 ကို (၂၀၁၀) ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ထိုစဉ်က Justin Bieber ရဲ့အသက်အရွယ်က (၁၆) နှစ်သာရှိပါသေးတယ်။ ထိုအချိန်မှစ၍ တမဟုတ်ချင်း  အောင်မြင်ကျော်ကြားလာခဲ့သည့် Justin Bieber သည် (၂၀၁၁) ခုနှစ်၌ Under the Mistletoe ၊ (၂၀၁၂) ခုနှစ်၌ Believe ၊ (၂၀၁၅) ခုနှစ်၌ Purpose ဟူသည့် အယ်လ်ဘမ် (၄) ခုကို ဆက်လက်ထုတ်ဝေခဲ့ပြီး အဆိုပါအယ်လ်ဘမ် (၄) ခုလုံးသည်လည်း အမေရိကန်နိုင်ငံရဲ့ အအောင်မြင်ဆုံးနံပါတ် (၁) နေရာ၌ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ Never Say Never: The Remixes EP (2011) နဲ့ Believe: Acoustic (2013) တို့သည်လည်း US Charts စာရင်း၌ နံပါတ် (၁) နေရာချိတ်ခဲ့ပါသေးတယ်။ Justin Bieber ရဲ့ ယခုနောက်ဆုံးထွက်ရှိလာသည့် အယ်လ်ဘမ်သည် ဇနီးသည်ဖြစ်သူ Hailey Baldwin ရဲ့ အားပေးထောက်ခံမှုများကြောင့် တစ်ချိန်က သူ့ရဲ့ဆယ်ကျော်သက်အရွယ်အောင်မြင်မှုများကို ပြန်လည်ထင်ဟပ်လျက်ရှိနေပါတယ်။

Billboard ရဲ့ဖော်ပြချက်အရ အခွေပေါင်း (၁) သန်းကျော်ရောင်းချထားပြီးဖြစ်သည့် Justin Bieber ရဲ့ Changes အယ်လ်ဘမ်က Billboard ရဲ့ ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး  ရောင်းအားအကောင်းဆုံး နံပါတ် (၁) အယ်လ်ဘမ်စာရင်း၌ (၇) ကြိမ်မြောက်ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုကဲ့သို့ ရပ်တည်နိုင်ချိန်၌ Justin Bieber ရဲ့အသက်က (၂၅) နှစ်နဲ့ (၁၁) လအရွယ်သာရှိသေးတာကြောင့် ယခုစာရင်း၌ ရပ်တည်နိုင်ခဲ့သည့် အသက်အငယ်ဆုံး အဆိုတော်တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

Justin Bieber ရဲ့ အရင် အသက်အငယ်ဆုံးအဖြစ်ရပ်တည်နေသည့် အဆိုတော်မှာ Elvis Presley ဖြစ်ပြီး သူ့အသက် (၂၆) နှစ်၌ ယခုကဲ့သို့ မှတ်တမ်းတင်နိုင်ခဲ့ကာ နှစ်ပေါင်း (၅၉) နှစ်အကြာ၌မူ Justin Bieber က ယခုစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

(၅၉) ႏွစ္အၾကာ တင္ရွိထားသည့္ စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခ့ဲတ့ဲ Justin Bieber

နာမည္ေက်ာ္ ေပါ့ပ္အဆိုေတာ္ Justin Bieber သည္ Elvis Presley ရဲ႕ (၅၉) ႏွစ္ၾကာ တင္ရွိထားသည့္ စံခ်ိန္မွတ္တမ္းတစ္ခုကို ရိုက္ခ်ိဳးႏိုင္ခဲ့ၿပီး သူ႔ရဲ႕နာမည္ကို ဂီတသမိုင္းစာအုပ္၌ မွတ္တမ္းတင္  ေရးထိုးႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ အသက္ (၂၅) ႏွစ္နဲ႔ (၁၁) လအရြယ္ရွိၿပီျဖစ္သူ Justin Bieber သည္ သူ႔ရဲ႕ ေနာက္ဆံုးအယ္လ္ဘမ္အသစ္ျဖစ္သည့္ Changes ကို ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔က စတင္ေရာင္းခ်ခဲ့ၿပီး ပထမအပတ္၌ပင္ တစ္ကမာၻလံုး၌ အေခြေပါင္း (၁) သန္း ေရာင္းခ်ခဲ့ရပါတယ္။

အဆိုပါအယ္လ္ဘမ္သည္ ေနာက္ဆံုး (၄) ႏွစ္အတြင္း သူ႔ရဲ႕ပထမဆံုး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္ၿပီး ၿဗိတိန္၌ ေနာက္ဆံုး (၈) ႏွစ္အတြင္း သူ႔ရဲ႕ပထမဆံုး အယ္လ္ဘမ္လည္း ျဖစ္ခဲ့ပါတယ္။ Justin Bieber သည္ သူ႔ရဲ႕ ပထမဆံုး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္သည့္ My World 2.0 ကို (၂၀၁၀) ခုႏွစ္မွာ ျဖန္႔ခ်ိခဲ့ၿပီး ထိုစဥ္က Justin Bieber ရဲ႕အသက္အရြယ္က (၁၆) ႏွစ္သာရွိပါေသးတယ္။ ထိုအခ်ိန္မွစ၍ တမဟုတ္ခ်င္း  ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သည့္ Justin Bieber သည္ (၂၀၁၁) ခုႏွစ္၌ Under the Mistletoe ၊ (၂၀၁၂) ခုႏွစ္၌ Believe ၊ (၂၀၁၅) ခုႏွစ္၌ Purpose ဟူသည့္ အယ္လ္ဘမ္ (၄) ခုကို ဆက္လက္ထုတ္ေဝခဲ့ၿပီး အဆုိပါအယ္လ္ဘမ္ (၄) ခုလံုးသည္လည္း အေမရိကန္ႏိုင္ငံရဲ႕ အေအာင္ျမင္ဆံုးနံပါတ္ (၁) ေနရာ၌ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ Never Say Never: The Remixes EP (2011) နဲ႔ Believe: Acoustic (2013) တုိ႔သည္လည္း US Charts စာရင္း၌ နံပါတ္ (၁) ေနရာခ်ိတ္ခဲ့ပါေသးတယ္။ Justin Bieber ရဲ႕ ယခုေနာက္ဆံုးထြက္ရွိလာသည့္ အယ္လ္ဘမ္သည္ ဇနီးသည္ျဖစ္သူ Hailey Baldwin ရဲ႕ အားေပးေထာက္ခံမႈမ်ားေၾကာင့္ တစ္ခ်ိန္က သူ႔ရဲ႕ဆယ္ေက်ာ္သက္အရြယ္ေအာင္ျမင္မႈမ်ားကို ျပန္လည္ထင္ဟပ္လ်က္ရွိေနပါတယ္။

Billboard ရဲ႕ေဖာ္ျပခ်က္အရ အေခြေပါင္း (၁) သန္းေက်ာ္ေရာင္းခ်ထားၿပီးျဖစ္သည့္ Justin Bieber ရဲ႕ Changes အယ္လ္ဘမ္က Billboard ရဲ႕ ေရာင္းအားအေကာင္းဆံုးအယ္လ္ဘမ္အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး  ေရာင္းအားအေကာင္းဆံုး နံပါတ္ (၁) အယ္လ္ဘမ္စာရင္း၌ (၇) ႀကိမ္ေျမာက္ရပ္တည္ႏုိင္ခဲ့ပါတယ္။ ယခုကဲ့သုိ႔ ရပ္တည္ႏိုင္ခ်ိန္၌ Justin Bieber ရဲ႕အသက္က (၂၅) ႏွစ္နဲ႔ (၁၁) လအရြယ္သာရွိေသးတာေၾကာင့္ ယခုစာရင္း၌ ရပ္တည္ႏိုင္ခဲ့သည့္ အသက္အငယ္ဆံုး အဆိုေတာ္တစ္ေယာက္လည္း ျဖစ္လာခဲ့ပါတယ္။

Justin Bieber ရဲ႕ အရင္ အသက္အငယ္ဆံုးအျဖစ္ရပ္တည္ေနသည့္ အဆိုေတာ္မွာ Elvis Presley ျဖစ္ၿပီး သူ႔အသက္ (၂၆) ႏွစ္၌ ယခုကဲ့သို႔ မွတ္တမ္းတင္ႏိုင္ခဲ့ကာ ႏွစ္ေပါင္း (၅၉) ႏွစ္အၾကာ၌မူ Justin Bieber က ယခုစံခ်ိန္ကို ရိုက္ခ်ိဳးႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Unilad

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro