HomeSportဘောလုံးလောကနဲ့ မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် လီဗာပူးနဲ့ချဲလ်ဆီးကစားသမားဟောင်း။
ဘောလုံးလောကနဲ့ မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် လီဗာပူးနဲ့ချဲလ်ဆီးကစားသမားဟောင်း။
- Advertisement -
လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း စတာရစ်ချ်အနေနဲ့ လာမယ့်ဇွန်လအထိ  ဘောလုံးလောကနဲ့ မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ခံရပြီး ဒဏ်ကြေးငွေ ပေါင် (၁) သိန်းခွဲ ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းသည်  လောင်းကစားစည်းမျဉ်းများကို ဖောက်ဖျက်ခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယခုပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါသတင်းမထွက်ပေါ်ခင် နာရီပိုင်းအလို၌ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းကလည်း စတာရစ်ချ်နဲ့ ချုပ်ဆိုထားသည့် (၆) လစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် စတာရစ်ချ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထရက်ဇွန်စပေါ်အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် မကစားပေးနိုင်ချိန်မှာ ပိုက်ဆံအလကားမလိုချင်၍ဖြစ်ကြောင်းလည်း Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
- Advertisement -
စတာရစ်ချ်အနေနဲ့ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်အတွင်းက သူနဲ့ညီအစ်ကိုတော်စပ်သည့် လီယွန်ကို ဆီဗီလာအသင်းကို ပြောင်းရွှေ့ဖွယ်ရှိသည့်အချက်အလက်များ ပေးပို့ခဲ့ပြီး အဆိုပါအချက်အလက်များက အွန်လိုင်းလောင်းကစားကုမ္ပဏီများထံ ရောက်ရှိသွားခဲ့ခြင်းကြောင့် စတာရစ်ချ်ရဲ့  နောက်ထပ်အသင်းသစ်နဲ့ပတ်သက်ပြီး လောင်းကြေးများထွက်ပေါ်ခဲ့ပါတယ်။
- Advertisement -
ဒါပေမယ့် တကယ်တမ်းလက်တွေ့၌မူ စတာရစ်ချ်အနေနဲ့ စပိန်လာလီဂါကလပ် ဆီဗီလာအသင်းထံ မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ ဝက်စ်ဘရွန်းအသင်းကိုသာ ပြောင်းရွှေ့ကစားဖြစ်ခဲ့ပါတယ်။ ယခုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး စတာရစ်ချ်က စိတ်ပျက်မိကြောင်းပြောကြားခဲ့ပြီး ယခုပြစ်ဒဏ်အတွက် အယူခံဝင်ခွင့်မရှိပေမယ့် သူ့ဆီ၌ အပြစ်မရှိကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။
- Advertisement -
<Unicode Version>
အဆိုပါသတင်းမထွက်ပေါ်ခင် နာရီပိုင်းအလို၌ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းကလည်း စတာရစ်ခ်ျနဲ့ ချုပ်ဆိုထားသည့် (၆) လစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် စတာရစ်ခ်ျအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထရက်ဇွန်စပေါ်အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် မကစားပေးနိုင်ချိန်မှာ ပိုက်ဆံအလကားမလိုချင်၍ဖြစ်ကြောင်းလည်း Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
စတာရစ်ခ်ျအနေနဲ့ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်အတွင်းက သူနဲ့ညီအစ်ကိုတော်စပ်သည့် လီယွန်ကို ဆီဗီလာအသင်းကို ပြောင်းရွှေ့ဖွယ်ရှိသည့်အချက်အလက်များ ပေးပို့ခဲ့ပြီး အဆိုပါအချက်အလက်များက အွန်လိုင်းလောင်းကစားကုမ္ပဏီများထံ ရောက်ရှိသွားခဲ့ခြင်းကြောင့် စတာရစ်ခ်ျရဲ့  နောက်ထပ်အသင်းသစ်နဲ့ပတ်သက်ပြီး လောင်းကြေးများထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းလက်တွေ့၌မူ စတာရစ်ခ်ျအနေနဲ့ စပိန်လာလီဂါကလပ် ဆီဗီလာအသင်းထံ မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ ဝက်စ်ဘရွန်းအသင်းကိုသာ ပြောင်းရွှေ့ကစားဖြစ်ခဲ့ပါတယ်။ ယခုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး စတာရစ်ခ်ျက စိတ်ပျက်မိကြောင်းပြောကြားခဲ့ပြီး ယခုပြစ်ဒဏ်အတွက် အယူခံဝင်ခွင့်မရှိပေမယ့် သူ့ဆီ၌ အပြစ်မရှိကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။
<Zawgyi Version>
Source ~ Mirror News
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read