Breaking News

Miley Cyrus တစ်ယောက် ကိုယ်ဝန်ရှိနေပြီလား ? ? ?

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သူ Miley Cyrus တစ်ယောက် ရင်သွေးလွယ်ထားရသည်ဆိုသည့် သတင်းများအပေါ် ချစ်သူဖြစ်သူ Cody Simpson ကငြင်းဆန်ပယ်ချလိုက်ပါတယ်။ Cody ရဲ့ မွေးရပ်မြေ သြစတြေးလျနိုင်ငံ၌ ပြုလုပ်သည့် Today Show အစီအစဉ်၌ အသက် (၂၃) နှစ်အရွယ် Cody က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှတစ်ဆင့် ဧည့်သည်အဖြစ် ပါဝင်တင်ဆက်ပေးခဲ့ပြီး Miley ရဲ့ ကိုယ်ဝန်သတင်းအပေါ် အရွှန်းဖောက်ရင်း ငြင်းဆန်သွားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ Show ရဲ့ အစီအစဉ်တင်ဆက်သူ Karl Stefanovic ရဲ့ မေးခွန်းအပေါ် Cody က “အိုး .. ဟုတ်ပါတယ်ဗျာ။ ကျွန်တော် ကိုယ်ဝန်ရှိနေတာ နှစ်ပေါင်းများစွာကြာပါပြီ။” ဟု အရွှန်းဖောက် ဖြေကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်၍လည်း Cody က “ကျွန်တော်ကတော့ ကိုယ့်အလုပ်နဲ့ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်အတွက်က အလုပ်နဲ့ ဂီတကိစ္စတွေပဲရှိပါတယ်။” ဟု ဖြေကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

ယခုကဲ့သို့ Miley ကိုယ်ဝန်ဆောင်နေရပြီဆိုသည့် သတင်းသည်လည်း Cody ရဲ့ပြောစကားများကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး Sunday Telegraph သတင်းဌာနနဲ့တွေ့ဆုံရာ၌ Cody က “ကျွန်တော် သြစတြေးလျကို သေချာပေါက်ပြန်ချင်ပါတယ်။ အဲ့ဒီနိုင်ငံကို ကျွန်တော်အရမ်းလွမ်းနေပြီး ပြန်လာချင်နေပါပြီ။ LA မှာလည်း ကျွန်တော့်အိမ်ရှိပေမယ့် သြစတြေးလျကတော့ ကျွန်တော့်အတွက် နံပါတ် (၁) ဦးစားပေးပါပဲ။ LA က ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး အများကြီး အဓိပ္ပာယ်ရှိပေမယ့် ကျွန်တော့်စိတ်က အမြဲတမ်း သြဇီကိုပဲရောက်နေတာပါ။ ကျွန်တော့်မိသားစုအရေအတွက်ကိုလည်း ကျွန်တော်တိုးပွားအောင် လုပ်ချင်ပါတယ်။” ဟုဖြေကြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရှိရပါတယ်။

<Unicode Version>

 

 





<Zawgyi Version>

 

 

Source ~ Mirror News

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro