Breaking News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝန်ထမ်းများကို အိမ်မှတစ်ဆင့် အလုပ်လုပ်ခွင့်ပေးလိုက်သည့် နည်းပညာကုမ္ပဏီကြီးတစ်ခု။

နာမည်ကျော် Social Media ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Twitter ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သူတို့ရဲ့ဝန်ထမ်းများကို အိမ်မှတစ်ဆင့် အလုပ်လုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါတယ်။ Twitter အနေဖြင့်  ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံမှ ဝန်ထမ်းများကို အိမ်မှတစ်ဆင့် အလုပ်လုပ်ရန် ညွှန်ကြားခဲ့သည့်အပြင် သူတို့ရဲ့ ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းပေါင်း (၅) ထောင်ကိုလည်း ရုံးမတက်ဘဲ အိမ်မှတစ်ဆင့် အလုပ်လုပ်ခွင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါညွှန်ကြားချက်မထုတ်ပြန်ခင် တစ်ရက်အလို၌ အလုပ်ကိစ္စဖြင့်မလိုအပ်ဘဲ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်များသွားရောက်ခြင်းကို တားမြစ်ခဲ့ပါသေးတယ်။ Twitter ရဲ့ လူ့စွမ်းအားအရင်းအမြစ် အကြီးအကဲဖြစ်သူ Jennifer Christie ကလည်း “ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကမ္ဘာအနှံ့နဲ့ ကျွန်မတို့ ပတ်ဝန်းကျင်ကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

Twitter သည် အိမ်မှတစ်ဆင့်အလုပ်လုပ်နိုင်သည့်အစီအစဉ်ကို လွန်ခဲ့သည့်ကာလများတည်းက  ဖော်ဆောင်နေခြင်းဖြစ်ပြီး “အခုကိစ္စက ကျွန်တော်တို့အတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်သလို ပိုပြီးဝေးလံခေါင်ဖျားတဲ့ဒေသက ဝန်ထမ်းတွေကိုပါ Twitter နဲ့ ပူးပေါင်းနိုင်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘယ်သူမဆို၊ ဘယ်နေရာကမဆို Twitter မှာ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” ဟုလည်း ကုမ္ပဏီဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Facebook နဲ့ Google တို့သည်လည်း အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ညီလာခံများကို ဖျက်သိမ်းခဲ့ပြီး အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ Google ရဲ့ ဥရောပဌာနချုပ်မှဝန်ထမ်းများကိုလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာနိုင်သည့်အနေအထားအတွက် ကြိုတင်စမ်းသပ်သည့်အနေဖြင့် အင်္ဂါနေ့၌ အိမ်မှတစ်ဆင့် အလုပ်လုပ်ရန် ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့်အလုပ်သမား (၈) ထောင်ကျော်သည် အင်္ဂါနေ့ပြီး  နောက်တစ်နေ့ဖြစ်သည့် ဗုဒ္ဓဟူးနေ့၌ ပုံမှန်အတိုင်း ရုံးပြန်တက်ရမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် A&T နဲ့ ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Citigroup တို့သည်လည်း သူတို့ရဲ့ဝန်ထမ်းများကို နိုင်ငံတကာသို့ ခရီးသွားလာခြင်း အထူးသဖြင့် အာရှဒေသသို့ ခရီးသွားလာခြင်းကို ကန့်သတ်ထားပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိအချိန်၌ ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်ပြီး သေဆုံးသူဦးရေ (၃) ထောင်ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

ကိုရုိနာဗိုင္းရပ္စ္ေၾကာင့္ ဝန္ထမ္းမ်ားကို အိမ္မွတစ္ဆင့္ အလုပ္လုပ္ခြင့္ေပးလိုက္သည့္ နည္းပညာကုမၸဏီႀကီးတစ္ခု။

နာမည္ေက်ာ္ Social Media ကုမၸဏီႀကီးတစ္ခုျဖစ္တ့ဲ Twitter ကုမၸဏီသည္ ကုိရိုနာဗုိင္းရပ္စ္အႏၱရာယ္ေၾကာင့္ သူတုိ႔ရဲ႕ဝန္ထမ္းမ်ားကို အိမ္မွတစ္ဆင့္ အလုပ္လုပ္ရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရွိရပါတယ္။ Twitter အေနျဖင့္  ေဟာင္ေကာင္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံမွ ဝန္ထမ္းမ်ားကို အိမ္မွတစ္ဆင့္ အလုပ္လုပ္ရန္ ညႊန္ၾကားခဲ့သည့္အျပင္ သူတုိ႔ရဲ႕ ကမာၻတစ္ဝွမ္းရွိ ဝန္ထမ္းေပါင္း (၅) ေထာင္ကိုလည္း ရံုးမတက္ဘဲ အိမ္မွတစ္ဆင့္ အလုပ္လုပ္ခြင့္ေပးခဲ့ေၾကာင္း သိရွိရပါတယ္။

အဆိုပါညႊန္ၾကားခ်က္မထုတ္ျပန္ခင္ တစ္ရက္အလို၌ အလုပ္ကိစၥျဖင့္မလိုအပ္ဘဲ ခရီးသြားျခင္း၊ ပဲြလမ္းသဘင္မ်ားသြားေရာက္ျခင္းကို တားျမစ္ခဲ့ပါေသးတယ္။ Twitter ရဲ႕ လူ႔စြမ္းအားအရင္းအျမစ္ အႀကီးအကဲျဖစ္သူ Jennifer Christie ကလည္း “ကြ်န္မတုိ႔ရဲ႕ ရည္မွန္းခ်က္က ကမာၻအႏံွ႔နဲ႔ ကြ်န္မတုိ႔ ပတ္ဝန္းက်င္ၾကားထဲမွာ ကိုရိုနာဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မႈႏႈန္းကို ေလွ်ာ့ခ်ႏုိင္ဖုိ႔ျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

Twitter သည္ အိမ္မွတစ္ဆင့္အလုပ္လုပ္ႏုိင္သည့္အစီအစဥ္ကို လြန္ခဲ့သည့္ကာလမ်ားတည္းက  ေဖာ္ေဆာင္ေနျခင္းျဖစ္ၿပီး “အခုကိစၥက ကြ်န္ေတာ္တို႔အတြက္ ႀကီးမားတဲ့အေျပာင္းအလဲတစ္ခုျဖစ္သလို ပိုၿပီးေဝးလံေခါင္ဖ်ားတဲ့ေဒသက ဝန္ထမ္းေတြကိုပါ Twitter နဲ႔ ပူးေပါင္းႏိုင္ဖုိ႔ ေရွ႕တစ္လွမ္းတိုးလိုက္တဲ့ အေနအထားလည္းျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔က ကမာၻလံုးဆိုင္ရာဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး ကမာၻတစ္ဝွမ္းမွာရွိတဲ့ ဘယ္သူမဆို၊ ဘယ္ေနရာကမဆို Twitter မွာ အလုပ္လုပ္ႏိုင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။” ဟုလည္း ကု​မၸဏီဘက္က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

Facebook နဲ႔ Google တုိ႔သည္လည္း အေမရိကန္ႏိုင္ငံ၌ က်င္းပျပဳလုပ္မည့္ ညီလာခံမ်ားကို ဖ်က္သိမ္းခဲ့ၿပီး အိုင္ယာလန္ႏိုင္ငံ၊ ဒဗၺလင္ၿမိဳ႕ရွိ Google ရဲ႕ ဥေရာပဌာနခ်ဳပ္မွဝန္ထမ္းမ်ားကိုလည္း ကိုရိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႕လာႏိုင္သည့္အေနအထားအတြက္ ႀကိဳတင္စမ္းသပ္သည့္အေနျဖင့္ အဂၤါေန႔၌ အိမ္မွတစ္ဆင့္ အလုပ္လုပ္ရန္ ညႊန္ၾကားခဲ့ပါတယ္။ ဒါေပမယ့္အလုပ္သမား (၈) ေထာင္ေက်ာ္သည္ အဂၤါေန႔ၿပီး  ေနာက္တစ္ေန႔ျဖစ္သည့္ ဗုဒၶဟူးေန႔၌ ပံုမွန္အတိုင္း ရံုးျပန္တက္ရမည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

ဆက္သြယ္ေရးကုမၸဏီတစ္ခုျဖစ္သည့္ A&T နဲ႔ ဘဏ္လုပ္ငန္းႀကီးတစ္ခုျဖစ္သည့္ Citigroup တုိ႔သည္လည္း သူတုိ႔ရဲ႕ဝန္ထမ္းမ်ားကို ႏိုင္ငံတကာသို႔ ခရီးသြားလာျခင္း အထူးသျဖင့္ အာရွေဒသသို႔ ခရီးသြားလာျခင္းကို ကန္႔သတ္ထားပါတယ္။ တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕မွစတင္ျဖစ္ပြားခဲ့ေသာ ကိုရိုနာဗိုင္းရပ္စ္သည္ လက္ရွိအခ်ိန္၌ ကမာၻအႏံွ႔သို႔ ပ်ံ႕ႏံွ႔သြားခဲ့ၿပီျဖစ္ၿပီး ေသဆံုးသူဦးေရ (၃) ေထာင္ေက်ာ္အထိရွိလာၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ BBC

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

အမှားလုပ်မိတဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်ခြင်းမလုပ်ဖို့ အကြံပြုလာတဲ့ Twilio ကုမ္ပဏီ CEO

ကျွန်မတို့ မှာယူထားတဲ့ အစားအသောက်တွေကို လာပို့ပေးနေပြီဖြစ်ကြောင်းနဲ့ ကြိုတင်ခေါ်ယူထားတဲ့ Uber အငှားယာဉ်က အိမ်ရှေ့ကို ရောက်နေပြီဖြစ်ကြောင်း အသိပေးနေတဲ့ စာတိုလေးတွေ ဖုန်းမျက်နှာပြင်ပေါ် တက်လာရင် အတော်လေးကို ပျော်စရာကောင်းပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro