HomeTechကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အထိနာခဲ့ရသည့် နည်းပညာကုမ္ပဏီကြီး နှစ်ခု။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အထိနာခဲ့ရသည့် နည်းပညာကုမ္ပဏီကြီး နှစ်ခု။

- Advertisement -

နာမည်ကျော် Electronic ကုမ္ပဏီများဖြစ်ကြသည့် Samsung နဲ့ LG တို့သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံရှိ သူတို့ရဲ့ စက်ရုံများကို ပိတ်သိမ်းခဲ့ရပြီဖြစ်ကြောင်း သိရှိရပါတယ်။ The Korea Herald ရဲ့ဖော်ပြချက်အရ Samsung ရဲ့နောက်ဆုံးပေါ် Galaxy S20 Series နဲ့ Galaxy Z Flip တို့ကို ထုတ်လုပ်သည့် စက်ရုံမှဝန်ထမ်းတစ်ဦးထံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ရှာဖွေတွေ့ရှိရပြီးနောက် ပြီးခဲ့သည့်အပတ်က လုပ်ငန်းလည်ပတ်မှုများကို ရပ်နားလိုက်ရခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း၌ စက်ရုံကိုပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။

ယခုဖြစ်စဉ်ကြောင့် Samsung ရဲ့ S20 Series ဖုန်းများနဲ့ Galaxy Z Flip ဖုန်းများ  စျေးကွက်အတွင်းစီးဝင်မှု  နှောင့်နှေးနိုင်မည့်အခြေအနေကို လက်လီရောင်းချသူများအကြား စိုးရိမ်ပူပန်မှုများရှိခဲ့ပေမယ့် Samsung ကမူ သူတို့ထံ၌ လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရှိခြင်းကြောင့် စက်ရုံများပြန်လည်ဖွင့်လှစ်ချိန်၌ ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

Samsung ဖုန်းများကို ဗီယက်နမ်နိုင်ငံ၌ အဓိကထုတ်လုပ်ပြီး အဆိုပါနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းက စိုးရိမ်ရတဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်ကြောင့် လက်ရှိအချိန်အထိ နိုင်ငံတွင်း ရောဂါကူးစက်ခံရသူ (၁၆) ဦးလုံးကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

ဒါ့အပြင် LG ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲများသည်လည်း တောင်ကိုရီးယားနိုင်ငံရှိ သူတို့ရဲ့စက်ရုံများအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် လုပ်ငန်းများကို ရပ်ဆိုင်းထားရပါတယ်။ The Korea Herald ရဲ့  ဖော်ပြချက်အရ LG Innotek မှဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် စက်ရုံကိုပိတ်ပြီး ပိုးသတ်နိုင်ရန်အတွက် လုပ်ငန်းများရပ်ဆိုင်းထားရကြောင်း သိရှိရပါတယ်။ ဒါပေမယ့် LG Innotek အနေဖြင့် ပိုးသတ်ပြီးနောက်တစ်နေ့၌ပင် လုပ်ငန်းများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားပါတယ်။

- Advertisement -

Samsung နဲ့ LG တို့ရဲ့ စက်ရုံများသည် တောင်ကိုရီးယားနိုင်ငံ၊ Daegu မြို့အနီးရှိ Gumi စက်မှုဇုန်အတွင်း တည်ရှိပြီး Daegu မြို့သည် တောင်ကိုရီးယားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်လိုက်ပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း (၇၀) ရာခိုင်နှုန်းကျော်ရှိနေသည့် မြို့တစ်မြို့လည်းဖြစ်ပါတယ်။

စျေးကွက်ခွဲခြမ်းစိတ်ဖြာသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် IDC က ယခုနှစ်အတွင်းထွက်ရှိလာသည့် နာမည်ကျော်ဖုန်းများဖြစ်သည့် Samsung ရဲ့ S20 Series နဲ့ Apple ရဲ့ iPhone 12 တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်း စီးဝင်မှုနှောင့်နှေးနိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress ကို ဖျက်သိမ်းခဲ့ရပြီး Game Developer ညီလာခံ နဲ့ Facebook ရဲ့ F8 developer ညီလာခံတို့ကိုလည်း ဖျက်သိမ်းခဲ့ရပြီးဖြစ်ပါတယ်။

<Unicode Version>

 

 

ကိုရုိနာဗိုင္းရပ္စ္အႏၱရာယ္ေၾကာင့္ အထိနာခ့ဲရသည့္ နည္းပညာကုမၸဏီႀကီး ႏွစ္ခု။

နာမည္ေက်ာ္ Electronic ကုမၸဏီမ်ားျဖစ္ၾကသည့္ Samsung နဲ႔ LG တုိ႔သည္ ကိုရိုနာဗုိင္းရပ္စ္ပ်ံ႕ႏံွ႔မႈအႏၱရာယ္ေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံရွိ သူတို႔ရဲ႕ စက္ရံုမ်ားကို ပိတ္သိမ္းခဲ့ရၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ The Korea Herald ရဲ႕ေဖာ္ျပခ်က္အရ Samsung ရဲ႕ေနာက္ဆံုးေပၚ Galaxy S20 Series နဲ႔ Galaxy Z Flip တို႔ကို ထုတ္လုပ္သည့္ စက္ရံုမွဝန္ထမ္းတစ္ဦးထံ၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံေနရေၾကာင္း ရွာေဖြေတြ႕ရွိရၿပီးေနာက္ ၿပီးခဲ့သည့္အပတ္က လုပ္ငန္းလည္ပတ္မႈမ်ားကို ရပ္နားလိုက္ရျခင္းျဖစ္ၿပီး ယခုတစ္ပတ္အတြင္း၌ စက္ရံုကိုျပန္လည္ဖြင့္လွစ္ႏုိင္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရွိရပါတယ္။

ယခုျဖစ္စဥ္ေၾကာင့္ Samsung ရဲ႕ S20 Series ဖုန္းမ်ားနဲ႔ Galaxy Z Flip ဖုန္းမ်ား  ေစ်းကြက္အတြင္းစီးဝင္မႈ  ေႏွာင့္ေႏွးႏိုင္မည့္အေျခအေနကို လက္လီေရာင္းခ်သူမ်ားအၾကား စိုးရိမ္ပူပန္မႈမ်ားရွိခဲ့ေပမယ့္ Samsung ကမူ သူတုိ႔ထံ၌ လိုအပ္သည့္ကုန္ၾကမ္းပစၥည္းမ်ား အလံုအေလာက္ရွိျခင္းေၾကာင့္ စက္ရံုမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ ကုန္ပစၥည္းမ်ားကို တုိးျမွင့္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Samsung ဖုန္းမ်ားကို ဗီယက္နမ္ႏိုင္ငံ၌ အဓိကထုတ္လုပ္ၿပီး အဆုိပါႏုိင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မႈႏႈန္းက စိုးရိမ္ရတ့ဲအေျခအေနမ်ိဳးမဟုတ္တ့ဲအတြက္ေၾကာင့္ လက္ရွိအခ်ိန္အထိ ႏိုင္ငံတြင္း ေရာဂါကူးစက္ခံရသူ (၁၆) ဦးလံုးကို ေရာဂါေပ်ာက္ကင္းေအာင္ ကုသႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ LG ကုမၸဏီရဲ႕ ကုမၸဏီခြဲမ်ားသည္လည္း ေတာင္ကိုရီးယားႏုိင္ငံရွိ သူတုိ႔ရဲ႕စက္ရံုမ်ားအတြင္း၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈမရွိေစရန္ လုပ္ငန္းမ်ားကို ရပ္ဆိုင္းထားရပါတယ္။ The Korea Herald ရဲ႕  ေဖာ္ျပခ်က္အရ LG Innotek မွဝန္ထမ္းတစ္ဦး ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စမ္းသပ္ေတြ႕ရွိၿပီးေနာက္ စက္ရံုကိုပိတ္ၿပီး ပိုးသတ္ႏိုင္ရန္အတြက္ လုပ္ငန္းမ်ားရပ္ဆုိင္းထားရေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ LG Innotek အေနျဖင့္ ပိုးသတ္ၿပီးေနာက္တစ္ေန႔၌ပင္ လုပ္ငန္းမ်ားကို ျပန္လည္စတင္ရန္ ျပင္ဆင္ထားပါတယ္။

Samsung နဲ႔ LG တို႔ရဲ႕ စက္ရံုမ်ားသည္ ေတာင္ကိုရီးယားႏုိင္ငံ၊ Daegu ၿမိဳ႕အနီးရွိ Gumi စက္မႈဇုန္အတြင္း တည္ရွိၿပီး Daegu ၿမိဳ႕သည္ ေတာင္ကိုရီးယားတစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ႏိႈင္းယွဥ္လိုက္ပါက ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရမႈႏႈန္း (၇၀) ရာခိုင္ႏႈန္းေက်ာ္ရွိေနသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။

ေစ်းကြက္ခဲြျခမ္းစိတ္ျဖာသည့္ ကုမၸဏီတစ္ခုျဖစ္သည့္ IDC က ယခုႏွစ္အတြင္းထြက္ရွိလာသည့္ နာမည္ေက်ာ္ဖုန္းမ်ားျဖစ္သည့္ Samsung ရဲ႕ S20 Series နဲ႔ Apple ရဲ႕ iPhone 12 တို႔အေနျဖင့္ ကမာၻတစ္ဝွမ္း စီးဝင္မႈေႏွာင့္ေႏွးႏိုင္ေၾကာင္း သံုးသပ္ထားပါတယ္။ ဒါ့အျပင္ ကိုရိုနာဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မႈေၾကာင့္ ဘာစီလိုနာၿမိဳ႕၌ က်င္းပမည့္ Mobile World Congress ကို ဖ်က္သိမ္းခဲ့ရၿပီး Game Developer ညီလာခံ နဲ႔ Facebook ရဲ႕ F8 developer ညီလာခံတို႔ကိုလည္း ဖ်က္သိမ္းခဲ့ရၿပီးျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ E&T

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read