Volkswagen ကုမ္ပဏီဟာ “VW Golf 8” နဲ့ပက်သက်ပြီး မော်တော်ယာဉ်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးကို မြင်စေလိုတာကြောင့် ကြော်ငြာတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါကြော်ငြာဟာ ကြည့်ရှုသူပရိသတ်ရဲ့ ရင်ထဲကို ကန့်လန့်ကြီးဝင်သွားတယ်လို့ ယူဆလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လက်တလောမှာ Volkswagen ကုမ္ပဏီက ရိုက်ကူးထားတဲ့ ကြော်ငြာထဲမှာ မြင်တွေ့ရတဲ့ဇာတ်လမ်းဟာ လူမျိုးခြားမုန်းတီးဖိနှိပ်မှု အဓိပ္ပါယ်ဆောင်နေတယ်လို့ တံဆိပ်တပ်ခံရတာပဲ ဖြစ်ပါတယ်။
ဘာကြောင့်များ လူတွေက အဆိုပါကြော်ငြာကို လူမျိုးခြားမုန်းတီးဖိနှိပ်မှု အဓိပ္ပါယ်ဆောင်တယ်လို့ ဝေဖန်အပြစ်ရသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့် ကြော်ငြာထဲက ဇာတ်လမ်းလေးကို အရင်ဆုံးဖော်ပြမယ်နော်။ ကြော်ငြာအစမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ လူမည်းအမျိုးသားဟာ အဖြူရောင်အသားအရည်ရှိတဲ့ လက်တွေရဲ့တွန်းထုတ်ခြင်းကို ခံရပြီးနောက် အဖြူရောင်လက်ပိုင်ရှင်တစ်ဦးက လူမည်းအမျိုးသားကို ရုပ်သေးရုပ်တစ်ခုလို ကိုင်တွယ်ပြီး စိတ်တိုင်းကျလှည့်ပတ်စေပြီးနောက် “Petit Colon” အမည်ရှိ ကဖီးဆိုင်ထဲကို ဆတ်ခနဲတွန်းချလိုက်တာပဲဖြစ်ပါတယ်။
“Petit Colon” ဆိုတဲ့ စကားစုဟာ ပြင်သစ်ဘာသာစကားနဲ့ ဂျာမန်ဘာသာစကားတွေကနေ ကောက်ယူထားတာဖြစ်ပြီး အင်္ဂလိပ်လိုဘာသာပြန်ရရင်တော့ “Little Settler သို့ Little Colonist” လို့ အဓိပ္ပါယ်ရပြီး မြန်မာလိုဘာသာပြန်ရရင်တော့ “ကိုလိုနီနိုင်ငံမှာ သွားရောက်အခြေချသူ” လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့အပြင် ကြော်ငြာထဲမှာ လူမည်းအမျိုးသားတစ်ဦးနဲ့ လူဖြူအမျိုးသမီးတို့ကြားက ချစ်ဇာတ်လမ်းလေးကို ကြည်နူးစရာကောင်းအောင် စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ ကြော်ငြာကို ဂျာမနီနိုင်ငံအခြေစိုက် မော်တော်ယာဉ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ Instagram အကောင့်နဲ့ Facebook မှာ ပြသပြီးတဲ့နောက်မှာတော့ Volkswagen ဟာ မထင်မှတ်ထားတဲ့ အပြစ်တင်ဝေဖန်မှုတွေကို အပြင်းအထန် ခံလာရပါတယ်။
အဆိုပါကြော်ငြာကို ကြည့်ရှုလိုက်ရတဲ့ လူမှုကွန်ရက်အသုံးပြုသူတော်တော်များများဟာ Volkswagen ကုမ္ပဏီရဲ့ ကြော်ငြာမှာပါဝင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေဟာ လူမျိုးရေးခွဲခြားဖိနှိပ်မှု အဓိပ္ပါယ်ဆောင်နေတယ်လို့ မှတ်ချက်ပေး အပြစ်တင်ဝေဖန်ခဲ့ကြတဲ့အပြင် လူတစ်ချို့ကတော့ “Volkswagen က ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို ဘယ်တော့မှ ဝယ်ယူတော့မှာမဟုတ်ဘူး။” လို့ ပြောဆိုခဲ့တဲ့အထိ အခြေအနေတွေက ဆိုးရွားလာခဲ့ပါတယ်။
Volkswagen ကုမ္ပဏီ အရောင်းဌာနက ခေါင်းဆောင်တစ်ဦးဖြစ်သူ Jürgen Stackmann က သူ့ရဲ့ Twitter အကောင့်မှာ “မုန်းတီးခြင်း ၊ လူမျိုးရေးခွဲခြားခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေကို Volkswagen ကုမ္ပဏီက အားမပေးပါဘူး။ ဒါပေမယ့် ဒီပြဿနာရဲ့နောက်ဆက်တွဲအခြေအနေကို ကျွန်တော်ကိုယ်တိုင် ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းသွားပါမယ်။”လို့ ရေးသားခဲ့ပါတယ်။
Volkswagen ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတွေက အဆိုပါကြော်ငြာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသူ တစ်ဦးချင်းစီကို အနူးအညွတ်တောင်းပန်ကြောင်း နဲ့ အဆိုပါကြော်ငြာမှာ ပါဝင်တဲ့ဇာတ်လမ်းဟာ လူမျိုးခြားမုန်းတီးဖိနှိပ်မှုကို အဓိပ္ပါယ်မဆောင်ကြောင်း ရှင်းပြခဲ့ပါတယ်။
<Unicode Version>
လူမ်ိဳးျခားမုန္းတီးဖိႏွိပ္မႈ အဓိပၸါယ္ေဆာင္တဲ့ ေၾကာ္ျငာေၾကာင့္ ျပည္သူလူထုကို ဝန္ခ်ေတာင္းပန္ခဲ့ရတဲ့ ေမာ္ေတာ္ကားကုမၸဏီႀကီးတစ္ခု။
Volkswagen ကုမၸဏီဟာ “VW Golf 8” နဲ႕ပက္သက္ၿပီး ေမာ္ေတာ္ယာဥ္ေတြကို ႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ႀကီးကို ျမင္ေစလိုတာေၾကာင့္ ေၾကာ္ျငာတစ္ခု ျပဳလုပ္ခဲ့ၿပီး အဆိုပါေၾကာ္ျငာဟာ ၾကည့္႐ႈသူပရိသတ္ရဲ႕ ရင္ထဲကို ကန္႔လန္႔ႀကီးဝင္သြားတယ္လို႔ ယူဆလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ့ လက္တေလာမွာ Volkswagen ကုမၸဏီက ႐ိုက္ကူးထားတဲ့ ေၾကာ္ျငာထဲမွာ ျမင္ေတြ႕ရတဲ့ဇာတ္လမ္းဟာ လူမ်ိဳးျခားမုန္းတီးဖိႏွိပ္မႈ အဓိပၸါယ္ေဆာင္ေနတယ္လို႔ တံဆိပ္တပ္ခံရတာပဲ ျဖစ္ပါတယ္။
ဘာေၾကာင့္မ်ား လူေတြက အဆိုပါေၾကာ္ျငာကို လူမ်ိဳးျခားမုန္းတီးဖိႏွိပ္မႈ အဓိပၸါယ္ေဆာင္တယ္လို႔ ေဝဖန္အျပစ္ရသလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ ဒါေၾကာင့္ ေၾကာ္ျငာထဲက ဇာတ္လမ္းေလးကို အရင္ဆံုးေဖာ္ျပမယ္ေနာ္။ ေၾကာ္ျငာအစမွာ ဝတ္စံုျပည့္ဝတ္ဆင္ထားတဲ့ လူမည္းအမ်ိဳးသားဟာ အျဖဴေရာင္အသားအရည္ရွိတဲ့ လက္ေတြရဲ႕တြန္းထုတ္ျခင္းကို ခံရၿပီးေနာက္ အျဖဴေရာင္လက္ပိုင္ရွင္တစ္ဦးက လူမည္းအမ်ိဳးသားကို ႐ုပ္ေသး႐ုပ္တစ္ခုလို ကိုင္တြယ္ၿပီး စိတ္တိုင္းက်လွည့္ပတ္ေစၿပီးေနာက္ “Petit Colon” အမည္ရွိ ကဖီးဆိုင္ထဲကို ဆတ္ခနဲတြန္းခ်လိုက္တာပဲျဖစ္ပါတယ္။
“Petit Colon” ဆိုတဲ့ စကားစုဟာ ျပင္သစ္ဘာသာစကားနဲ႔ ဂ်ာမန္ဘာသာစကားေတြကေန ေကာက္ယူထားတာျဖစ္ၿပီး အဂၤလိပ္လိုဘာသာျပန္ရရင္ေတာ့ “Little Settler သို႔ Little Colonist” လို႔ အဓိပၸါယ္ရၿပီး ျမန္မာလိုဘာသာျပန္ရရင္ေတာ့ “ကိုလိုနီႏိုင္ငံမွာ သြားေရာက္အေျခခ်သူ” လို႔ အဓိပၸါယ္ရပါတယ္။
ဒါ့အျပင္ ေၾကာ္ျငာထဲမွာ လူမည္းအမ်ိဳးသားတစ္ဦးနဲ႔ လူျဖဴအမ်ိဳးသမီးတို႔ၾကားက ခ်စ္ဇာတ္လမ္းေလးကို ၾကည္ႏူးစရာေကာင္းေအာင္ စိတ္ဝင္စားဖြယ္႐ိုက္ကူးထားတဲ့ ေၾကာ္ျငာကို ဂ်ာမနီႏိုင္ငံအေျခစိုက္ ေမာ္ေတာ္ယာဥ္ပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုရဲ႕ Instagram အေကာင့္နဲ႔ Facebook မွာ ျပသၿပီးတဲ့ေနာက္မွာေတာ့ Volkswagen ဟာ မထင္မွတ္ထားတဲ့ အျပစ္တင္ေဝဖန္မႈေတြကို အျပင္းအထန္ ခံလာရပါတယ္။
အဆိုပါေၾကာ္ျငာကို ၾကည့္႐ႈလိုက္ရတဲ့ လူမႈကြန္ရက္အသံုးျပဳသူေတာ္ေတာ္မ်ားမ်ားဟာ Volkswagen ကုမၸဏီရဲ႕ ေၾကာ္ျငာမွာပါဝင္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြဟာ လူမ်ိဳးေရးခြဲျခားဖိႏွိပ္မႈ အဓိပၸါယ္ေဆာင္ေနတယ္လို႔ မွတ္ခ်က္ေပး အျပစ္တင္ေဝဖန္ခဲ့ၾကတဲ့အျပင္ လူတစ္ခ်ိဳ႕ကေတာ့ “Volkswagen က ထုတ္လုပ္တဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဘယ္ေတာ့မွ ဝယ္ယူေတာ့မွာမဟုတ္ဘူး။” လို႔ ေျပာဆိုခဲ့တဲ့အထိ အေျခအေနေတြက ဆိုးရြားလာခဲ့ပါတယ္။
Volkswagen ကုမၸဏီ အေရာင္းဌာနက ေခါင္းေဆာင္တစ္ဦးျဖစ္သူ Jürgen Stackmann က သူ႔ရဲ႕ Twitter အေကာင့္မွာ “မုန္းတီးျခင္း ၊ လူမ်ိဳးေရးခြဲျခားျခင္းနဲ႔ ခြဲျခားဆက္ဆံျခင္းေတြကို Volkswagen ကုမၸဏီက အားမေပးပါဘူး။ ဒါေပမယ့္ ဒီျပႆနာရဲ႕ေနာက္ဆက္တြဲအေျခအေနကို ကၽြန္ေတာ္ကိုယ္တိုင္ ပြင့္လင္းျမင္သာစြာ ကိုင္တြယ္ေျဖရွင္းသြားပါမယ္။”လို႔ ေရးသားခဲ့ပါတယ္။
Volkswagen ကုမၸဏီက ေျပာေရးဆိုခြင့္ရွိသူေတြက အဆိုပါေၾကာ္ျငာေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရသူ တစ္ဦးခ်င္းစီကို အႏူးအၫြတ္ေတာင္းပန္ေၾကာင္း နဲ႔ အဆိုပါေၾကာ္ျငာမွာ ပါဝင္တဲ့ဇာတ္လမ္းဟာ လူမ်ိဳးျခားမုန္းတီးဖိႏွိပ္မႈကို အဓိပၸါယ္မေဆာင္ေၾကာင္း ရွင္းျပခဲ့ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare