HomeHome & Propertyငွေကြေးခဝါချမှုအန္တရာယ်နဲ့ အိမ်ခြံမြေအကျိုးဆောင်များ။

ငွေကြေးခဝါချမှုအန္တရာယ်နဲ့ အိမ်ခြံမြေအကျိုးဆောင်များ။

- Advertisement -

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးခဝါချခြင်းကို ကာကွယ်နိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတစ်ခုမှ သင်တန်းပေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌဖြစ်သူ ဦးတင်မောင်က အိမ်ခြံမြေရောင်းဝယ်ခြင်းနဲ့ သက်ဆိုင်သည့် သင်တန်းများ၌ ငွေကြေးခဝါချမှုကိစ္စရပ်များအကြောင်းကို အာရုံစိုက်သင်ကြားပေးသွားမည်ဟုဆိုပါတယ်။

ဦးတင်မောင်က “အရေးကြီးဆုံးကတော့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်နေတဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပစ်နိုင်ဖို့ပါ။ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ငွေကြေးခဝါချတာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုသိထားဖို့ လိုအပ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်များကို သင်တန်းပေးရာ၌ လယ်ယာမြေများ၊ အခွန်ကောက်ခံခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အများဆုံး သင်ကြားပေးခဲ့ပေမယ့် ငွေကြေးခဝါချမှုပြဿနာများအတွက် ပူးပေါင်းဆောင်ရွက်ရန် အစိုးရကတိုက်တွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်ပါတယ်။

ငွေကြေးခဝါချခြင်းသည် တရားမဝင်ရရှိလာသော ငွေကြေးများရဲ့ မူလအရင်းအမြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး နိုင်ငံခြားဘဏ်များသို့ငွေလွှဲခြင်း ဒါမှမဟုတ် တရားဝင်စီးပွားရေးလုပ်ငန်းများ၌  ငွေကြေးထောက်ပံ့ခြင်းတို့ဖြင့် ငွေကြေးခဝါချမှုများ ပြုလုပ်လျက်ရှိပါတယ်။ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဝဏ္ဏစိုးက ယခုဖွင့်လှစ်မည့်သင်တန်းများသည် ပွဲစားများ၊ အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် အရောင်းအဝယ်လုပ်ရာ၌ တရားဝင်ငွေလွှဲခြင်းဟုတ် မဟုတ် သိရှိနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

ဦးဝဏ္ဏစိုးက “အခု ငွေကြေးခဝါချမှုဆိုင်ရာဥပဒေတွေကို ပွဲစားတွေအနေနဲ့  ကောင်းကောင်းသိထားသင့်ပါတယ်။” ဟုလည်း ပြောကြားခဲ့ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်များအတွက် အဆိုပါသင်တန်းများကို မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့၌ ဖွင့်လှစ်ပေးသွားမည်ဟုလည်း ဦးဝဏ္ဏစိုးက  ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် သောကြာနေ့က ပဲရစ်အခြေစိုက် Financial Action Task Force (FATF) က မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် စောင့်ကြည့်ခံစာရင်း၌ မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။

- Advertisement -

ယခုကဲ့သို့ စောင့်ကြည့်ခံစာရင်း၌ ထည့်သွင်းခံရခြင်းကြောင့် မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးဆိုင်ရာလှုပ်ရှားမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာစောင့်ကြည့်လာမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ  ငွေကြေးရန်ပုံငွေအဖွဲ့တို့ကဲ့သို့ နိုင်ငံခြားအဖွဲ့အစည်းများထံမှ ချေးငွေရယူချိန်၌ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

ေငြေၾကးခဝါခ်မႈအႏၱရာယ္နဲ႕ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ား။

အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားအေနျဖင့္ ေငြေၾကးခဝါခ်ျခင္းကို ကာကြယ္ႏိုင္ရန္အတြက္ ဘ႑ာေရးဆိုင္ရာလုပ္ငန္းတစ္ခုမွ သင္တန္းေပးပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အိမ္ၿခံေျမဖံြ႕ၿဖိဳးတိုးတက္ေရးဥကၠဌျဖစ္သူ ဦးတင္ေမာင္က အိမ္ၿခံေျမေရာင္းဝယ္ျခင္းနဲ႔ သက္ဆိုင္သည့္ သင္တန္းမ်ား၌ ေငြေၾကးခဝါခ်မႈကိစၥရပ္မ်ားအေၾကာင္းကို အာရံုစုိက္သင္ၾကားေပးသြားမည္ဟုဆုိပါတယ္။

ဦးတင္ေမာင္က “အေရးႀကီးဆံုးကေတာ့ တိုင္းျပည္ရဲ႕စီးပြားေရးဖံြ႕ၿဖိဳးတိုးတက္ေရးကို အဟန္႔အတားျဖစ္ေနတဲ့ အေႏွာင့္အယွက္ေတြကို ဖယ္ရွားပစ္ႏိုင္ဖုိ႔ပါ။ အိမ္ၿခံေျမအက်ိဳးေဆာင္ေတြအေနနဲ႔ ေငြေၾကးခဝါခ်တာနဲ႔ ပတ္သက္တဲ့ ဥပေဒေတြကိုသိထားဖုိ႔ လိုအပ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားကို သင္တန္းေပးရာ၌ လယ္ယာေျမမ်ား၊ အခြန္ေကာက္ခံျခင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားနဲ႔ ပတ္သက္ၿပီး အမ်ားဆံုး သင္ၾကားေပးခဲ့ေပမယ့္ ေငြေၾကးခဝါခ်မႈျပႆနာမ်ားအတြက္ ပူးေပါင္းေဆာင္ရြက္ရန္ အစိုးရကတိုက္တြန္းခဲ့ျခင္းေၾကာင့္ ယခုကဲ့သုိ႔ စီစဥ္လာရျခင္းျဖစ္ပါတယ္။

ေငြေၾကးခဝါခ်ျခင္းသည္ တရားမဝင္ရရွိလာေသာ ေငြေၾကးမ်ားရဲ႕ မူလအရင္းအျမစ္ကို ဖံုးကြယ္ရန္ ႀကိဳးပမ္းမႈတစ္ခုျဖစ္ၿပီး ႏိုင္ငံျခားဘဏ္မ်ားသို႔ေငြလဲႊျခင္း ဒါမွမဟုတ္ တရားဝင္စီးပြားေရးလုပ္ငန္းမ်ား၌  ေငြေၾကးေထာက္ပံ့ျခင္းတုိ႔ျဖင့္ ေငြေၾကးခဝါခ်မႈမ်ား ျပဳလုပ္လ်က္ရွိပါတယ္။ ဖိုးလမင္းအိမ္ၿခံေျမအက်ိဳးေဆာင္ရဲ႕ ဒါရိုက္တာတစ္ဦးျဖစ္သူ ဦးဝဏၰစိုးက ယခုဖြင့္လွစ္မည့္သင္တန္းမ်ားသည္ ပဲြစားမ်ား၊ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားအေနျဖင့္ အေရာင္းအဝယ္လုပ္ရာ၌ တရားဝင္ေငြလဲႊျခင္းဟုတ္ မဟုတ္ သိရွိႏုိင္ေစရန္ ရည္ရြယ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ဦးဝဏၰစိုးက “အခု ေငြေၾကးခဝါခ်မႈဆိုင္ရာဥပေဒေတြကို ပဲြစားေတြအေနနဲ႔  ေကာင္းေကာင္းသိထားသင့္ပါတယ္။” ဟုလည္း ေျပာၾကားခဲ့ပါတယ္။ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားအတြက္ အဆုိပါသင္တန္းမ်ားကို မႏၱေလး၊ ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕တို႔၌ ဖြင့္လွစ္ေပးသြားမည္ဟုလည္း ဦးဝဏၰစိုးက  ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့သည့္ ေသာၾကာေန႔က ပဲရစ္အေျခစိုက္ Financial Action Task Force (FATF) က ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးခဝါခ်မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသာေၾကာင့္ ေစာင့္ၾကည့္ခံစာရင္း၌ ျမန္မာႏိုင္ငံကို ထည့္သြင္းခဲ့ၿပီးျဖစ္ပါတယ္။

ယခုကဲ့သို႔ ေစာင့္ၾကည့္ခံစာရင္း၌ ထည့္သြင္းခံရျခင္းေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ဘ႑ာေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ယခင္ကထက္ ပိုမိုတင္းက်ပ္စြာေစာင့္ၾကည့္လာမည္ျဖစ္ၿပီး ကမာၻ႕ဘဏ္နဲ႔ အျပည္ျပည္ဆိုင္ရာ  ေငြေၾကးရန္ပံုေငြအဖဲြ႕တုိ႔ကဲ့သို႔ ႏုိင္ငံျခားအဖဲြ႕အစည္းမ်ားထံမွ ေခ်းေငြရယူခ်ိန္၌ အက်ိဳးသက္ေရာက္မႈမ်ားစြာ ျဖစ္ေပၚလာႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&S

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 + seventeen =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...