အိန္ဒိယအနုပညာအသိုင်းအဝိုင်းဖြစ်တဲ့ Bollywood သာမက တစ်ကမ္ဘာလုံးကသိကြတဲ့ ကမ္ဘာကျော်မင်းသားကြီး Shah Rukh Khan ဟာ အမျိုးသမီးများသည် အမျိုးသားများနဲ့ တန်းတူအခွင့်အရေးရရှိဖို့ ထိုက်တန်ကြောင်းကို အပြည့်အဝယုံကြည်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့်လည်း Shah Rukh Khan ဟာ သြစတေးလျတက္ကသိုလ်ကို သွားရောက်လေ့လာပြီးတဲ့အခါမှာတော့ ရန်ပုံငွေကောက်ခံပြီး အိန္ဒိယနိုင်ငံက ပညာရေးကို အထူးကြိုးပမ်းအားထုတ်ပြီး သင်ယူလိုတဲ့ အမျိုးသမီးတွေကို ၄ နှစ်တာပညာသင်ဆုပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ Shah Rukh Khan က သြစတေးလျနိုင်ငံ Melbourne မှာ ကျင်းပခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ အဆိုပါပညာသင်ဆုအကြောင်းကို ကြေငြာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါ ၄ နှစ်တာပညာသင်ဆုကို ရရှိဖို့အတွက် အိန္ဒိယအမျိုးသမီး ၈၀၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Gopika Kotthantharayil Bhasi က ရရှိခဲ့တာပဲဖြစ်ပါတယ်။ Gopika ဟာ သက်ရှိသတ္တဝါများဆိုင်ရာသိပ္ပံပညာ၊ ဂေဟဗေဒပညာရပ်နဲ့ မော်လီကျူးဆိုင်ရာပညာရပ်တို့ကို လေ့လာသင်ယူနေသူတစ်ဦး ဖြစ်ပါတယ်။
Gopika ဟာ ၄ နှစ်တာပညာသင်ဆုရယူပြီးတဲ့နောက်မှာတော့ ပညာရေးနဲ့ပတ်သက်တဲ့ သူမရဲ့ယုံကြည်ချက်ကို ပြောပြခဲ့ပါတယ်။ Gopika က “ကျွန်မမှာ ပညာရေးနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ယုံကြည်ချက်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံသားတွေရဲ့ ပညာရေးအသိပညာရှိမှုပေါ်မှာ အများကြီး မှီခိုနေပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတိုင်းဟာ ပညာရေးအသိရှိဖို့အတွက် စဉ်ဆက်မပြတ် လေ့လာနေသင့်ပါတယ်။ ကျွန်မက ပိုမိုလေ့လာလေလေ မသိတာတွေ များလာလေပါပဲ။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးလိုတယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ပညာရေးကို ပိုပြီးအလေးထားရမှာပဲ ဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။
Shah Rukh Khan ကလည်း “အိန္ဒိယနိုင်ငံမှာသာမကပဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ မည်သည့်နေရာတွင်မဆို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက် အရေးကြီးဆုံးအရာက ပညာရေးပဲဖြစ်ပါတယ်။ ကမ္ဘာကြီးကို အလှဆင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဟာ ကောင်းမွန်ပြီးစနစ်ကျတဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း Gopika ရဲ့ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးလေးစားပြီး Gopika ဟာ သူလေ့လာသင်ယူနေတဲ့ စိုက်ပျိုးရေးဆိုင်ရာပညာရပ်ကို တစ်ချိန်ချိန်မှာ ပြန်လည်အသုံးချပြီး စိုက်ပျိုးရေးကိုအခြေပြုတဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေဖို့အတွက် အကျိုးပြုနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။” လို့ ဆိုထားပါတယ်။
<Unicode Version>
ကမာၻေက်ာ္မင္းသားႀကီး Shah Rukh Khan ေျပာျပလာတ့ဲ ပညာေရးအေၾကာင္း။
အိႏၵိယအႏုပညာအသိုင္းအဝိုင္းျဖစ္တဲ့ Bollywood သာမက တစ္ကမာၻလံုးကသိၾကတဲ့ ကမာၻေက်ာ္မင္းသားႀကီး Shah Rukh Khan ဟာ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားနဲ႔ တန္းတူအခြင့္အေရးရရွိဖို႔ ထိုက္တန္ေၾကာင္းကို အျပည့္အဝယံုၾကည္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။
ဒါေၾကာင့္လည္း Shah Rukh Khan ဟာ ၾသစေတးလ်တကၠသိုလ္ကို သြားေရာက္ေလ့လာၿပီးတဲ့အခါမွာေတာ့ ရန္ပံုေငြေကာက္ခံၿပီး အိႏၵိယႏိုင္ငံက ပညာေရးကို အထူးႀကိဳးပမ္းအားထုတ္ၿပီး သင္ယူလိုတဲ့ အမ်ိဳးသမီးေတြကို ၄ ႏွစ္တာပညာသင္ဆုေပးဖို႔ စီစဥ္ေပးခဲ့ပါတယ္။ Shah Rukh Khan က ၾသစေတးလ်ႏိုင္ငံ Melbourne မွာ က်င္းပခဲ့တဲ့ အိႏၵိယ႐ုပ္ရွင္ဆုေပးပြဲမွာ အဆိုပါပညာသင္ဆုအေၾကာင္းကို ေၾကျငာေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
အဆိုပါ ၄ ႏွစ္တာပညာသင္ဆုကို ရရွိဖို႔အတြက္ အိႏၵိယအမ်ိဳးသမီး ၈၀၀ က ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး သုေတသနပညာရွင္တစ္ဦးျဖစ္တဲ့ Gopika Kotthantharayil Bhasi က ရရွိခဲ့တာပဲျဖစ္ပါတယ္။ Gopika ဟာ သက္ရွိသတၱဝါမ်ားဆိုင္ရာသိပၸံပညာ၊ ေဂဟေဗဒပညာရပ္နဲ႔ ေမာ္လီက်ဴးဆိုင္ရာပညာရပ္တို႔ကို ေလ့လာသင္ယူေနသူတစ္ဦး ျဖစ္ပါတယ္။
Gopika ဟာ ၄ ႏွစ္တာပညာသင္ဆုရယူၿပီးတဲ့ေနာက္မွာေတာ့ ပညာေရးနဲ႔ပတ္သက္တဲ့ သူမရဲ႕ယံုၾကည္ခ်က္ကို ေျပာျပခဲ့ပါတယ္။ Gopika က “ကၽြန္မမွာ ပညာေရးနဲ႔ပတ္သက္တဲ့ ခိုင္မာတဲ့ယံုၾကည္ခ်က္ရွိပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈဟာ ႏိုင္ငံသားေတြရဲ႕ ပညာေရးအသိပညာရွိမႈေပၚမွာ အမ်ားႀကီး မွီခိုေနပါတယ္။ တစ္ကမာၻလံုးမွာရွိတဲ့ လူသားတိုင္းဟာ ပညာေရးအသိရွိဖို႔အတြက္ စဥ္ဆက္မျပတ္ ေလ့လာေနသင့္ပါတယ္။ ကၽြန္မက ပိုမိုေလ့လာေလေလ မသိတာေတြ မ်ားလာေလပါပဲ။ ဒါေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ ကမာၻႀကီးကို ဖန္တီးလိုတယ္ဆိုရင္ ကၽြန္မတို႔အားလံုးဟာ ပညာေရးကို ပိုၿပီးအေလးထားရမွာပဲ ျဖစ္ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။
Shah Rukh Khan ကလည္း “အိႏၵိယႏိုင္ငံမွာသာမကပဲ တစ္ကမာၻလံုးမွာရွိတဲ့ မည္သည့္ေနရာတြင္မဆို ဆက္လက္ဖြံ႔ၿဖိဳးတိုးတက္ေစႏိုင္ဖို႔အတြက္ အေရးႀကီးဆံုးအရာက ပညာေရးပဲျဖစ္ပါတယ္။ ကမာၻႀကီးကို အလွဆင္ႏိုင္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့အရာဟာ ေကာင္းမြန္ၿပီးစနစ္က်တဲ့ အရည္အေသြးျပည့္ဝတဲ့ ပညာေရးစနစ္ပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း Gopika ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကို ခ်ီးက်ဴးေလးစားၿပီး Gopika ဟာ သူေလ့လာသင္ယူေနတဲ့ စိုက္ပ်ိဳးေရးဆိုင္ရာပညာရပ္ကို တစ္ခ်ိန္ခ်ိန္မွာ ျပန္လည္အသံုးခ်ၿပီး စိုက္ပ်ိဳးေရးကိုအေျချပဳတဲ့ အိႏၵိယႏိုင္ငံရဲ႕ စီးပြားေရးကို တိုးတက္ေစဖို႔အတြက္ အက်ိဳးျပဳႏိုင္မယ္လို႔ အျပည့္အဝယံုၾကည္ပါတယ္။” လို႔ ဆိုထားပါတယ္။
<Zawgyi Version>
#SY(Soshwe)
#soshwecelebrity
#soshweforyourdailylife
#likeandshare