Breaking News

လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိယုံကြည်မှုနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။

အောင်မြင်ပြီးနည်းစနစ်ကျတဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်ဖို့အတွက် အဆိုပါလုပ်ငန်းက အကြီးအကဲတွေရဲ့ အရည်အသွေးပြည့်ဝခြင်းက အရေးကြီးသလို အဆိုပါလုပ်ငန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အရည်အသွေးပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီအနေနဲ့လည်း မိမိရဲ့ရာထူးအရ လုပ်ငန်းတာဝန်တွေကို အမှားနည်းနည်းနဲ့ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်မှီခြင်းပဲ ဖြစ်ပါတယ်။

စိတ်ပညာပိုင်းဆိုင်ရာဂျာနယ်တစ်ခုမှာ ဖော်ပြထားတဲ့ စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ လုပ်ငန်းခွင်အတွင်း မိမိရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရတဲ့အခါ ယုံကြည်မှုကင်းမဲ့နေခြင်းက ပင်ကိုယ်အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ဆိုထားပါတယ်။ မိမိရဲ့ရာထူးအလိုက် တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရာမှာ အမှားအယွင်းတချို့ ကျူးလွန်မိတာကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းခွင်က အထက်လူကြီး (သို့) လုပ်ဖော်ကိုင်ဖက်နဲ ့ ကတောက်ကဆဖြစ်ပြီး ဆက်ဆံရေးကျဲသွားတာကြောင့်ပဲဖြစ်ဖြစ် ၊ မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုနည်းပါးတာမျိုး ဖြစ်တတ်ကြပါတယ်။ ဥပမာ – မိမိရဲ့လက်ရှိရာထူးကို အမှားအယွင်းမရှိ ရေရှည်စွမ်းဆောင်နိုင်ပါ့မလား? ဆိုတဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို သံသယဝင်လာတာမျိုးပါ။

အလုပ်မှာ မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုနည်းပါးလာခြင်း (သို့) ယုံကြည်မှုကင်းမဲ့လာခြင်းက နောက်ထပ်လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်နိုင်ဖို့အတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုမရှိတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ဆိုင်ရာ အမှားအယွင်းတွေကို မရည်ရွယ်ဘဲ (သို့) သတိထားနေတဲ့ကြားထဲကနေ ပိုမိုပြုလုပ်တတ်ကြတယ်ဆိုပြီိး ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံရဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ပညာရှင်တွေဟာ မတူညီတဲ့လုပ်ငန်းခွင်မှာ မတူညီတဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၁,၀၄၆ ဦးရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အမူအကျင့်တွေနဲ့ ယုံကြည်ချက်တွေကို အလေးပေးပြီး ၉ နှစ်ကျော်ကြာအောင် လေ့လာခဲ့ကြပါတယ်။ လုပ်ငန်းခွင်အတွင်း မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုနည်းပါးနေတဲ့ ဝန်ထမ်းတွေဟာ မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုအပြည့်အဝရှိတဲ့ ဝန်းထမ်းတွေနဲ့ယှဉ်ရင် စိတ်ခံစားမှုတည်ငြိမ်ခြင်း၊ ညှိနှိုင်းရလွယ်ကူခြင်း၊ တာဝန်သိတတ်ခြင်း၊ အပေါင်းအသင်းဝင်ဆံ့ခြင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတဲ့အခါမျိုးတွေမှာ အားနည်းနေတတ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းခွင်မှာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းနေတဲ့သူတွေဟာ လုပ်ငန်းခွင်အပြင်ဖက် တကယ့်လက်ရှိဘဝကို ရောက်လာတဲ့အချိန်မှာလည်း မိသားစုဝင်တွေ၊ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်မပြေဖြစ်လာတတ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

<Unicode Version>

 

 

 

လုပ္ငန္းခြင္အတြင္း မိမိကိုယ္မိမိယံုၾကည္မႈနည္းျခင္းရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား။

ေအာင္ျမင္ၿပီးနည္းစနစ္က်တဲ့ လုပ္ငန္းအဖြဲ႔အစည္းတစ္ခုကို တည္ေထာင္ဖို႔အတြက္ အဆိုပါလုပ္ငန္းက အႀကီးအကဲေတြရဲ႕ အရည္အေသြးျပည့္ဝျခင္းက အေရးႀကီးသလို အဆိုပါလုပ္ငန္းမွာ  တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းတစ္ဦးခ်င္းစီရဲ႕ အရည္အေသြးျပည့္ဝဖို႕ကလည္း အေရးႀကီးပါတယ္။  ဝန္ထမ္းတစ္ဦးခ်င္းစီအေနနဲ႕လည္း မိမိရဲ႕ရာထူးအရ လုပ္ငန္းတာဝန္ေတြကို  အမွားနည္းနည္းနဲ႔ ေအာင္ျမင္ၿပီးေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ အေရးႀကီးဆံုးကေတာ့ စိတ္ပိုင္းဆိုင္ရာ အရည္အေသြးျပည့္မွီျခင္းပဲ ျဖစ္ပါတယ္။

စိတ္ပညာပိုင္းဆိုင္ရာဂ်ာနယ္တစ္ခုမွာ ေဖာ္ျပထားတဲ့ စိတ္ပညာရွင္ေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ လုပ္ငန္းခြင္အတြင္း မိမိရဲ႕လုပ္ငန္းတာဝန္ေတြကို ထမ္းေဆာင္ရတဲ့အခါ ယံုၾကည္မႈကင္းမဲ့ေနျခင္းက ပင္ကိုယ္အရည္အေသြးကို ထိခိုက္ေစႏိုင္ေၾကာင္း ဆိုထားပါတယ္။ မိမိရဲ႕ရာထူးအလိုက္ တာဝန္ေတြကို ၿပီးေျမာက္ေအာင္လုပ္ေဆာင္ရာမွာ အမွားအယြင္းတခ်ိဳ႕ က်ဴးလြန္မိတာေၾကာင့္ပဲျဖစ္ျဖစ္ လုပ္ငန္းခြင္က အထက္လူႀကီး (သို႔) လုပ္ေဖာ္ကိုင္ဖက္နဲ ႔ ကေတာက္ကဆျဖစ္ၿပီး ဆက္ဆံေရးက်ဲသြားတာေၾကာင့္ပဲျဖစ္ျဖစ္ ၊ မိမိရဲ႕လုပ္ႏိုင္စြမ္းအေပၚ ယံုၾကည္မႈနည္းပါးတာမ်ိဳး ျဖစ္တတ္ၾကပါတယ္။ ဥပမာ – မိမိရဲ႕လက္ရွိရာထူးကို အမွားအယြင္းမရွိ ေရရွည္စြမ္းေဆာင္ႏိုင္ပါ့မလား? ဆိုတဲ့ ကိုယ့္ရဲ႕လုပ္ႏိုင္စြမ္းကို သံသယဝင္လာတာမ်ိဳးပါ။

အလုပ္မွာ မိမိရဲ႕လုပ္ႏိုင္စြမ္းအေပၚ ယံုၾကည္မႈနည္းပါးလာျခင္း (သို႔) ယံုၾကည္မႈကင္းမဲ့လာျခင္းက ေနာက္ထပ္လုပ္ငန္းတာဝန္ေတြကို ေအာင္ျမင္စြာ ထမ္းေဆာင္ႏိုင္ဖို႔အတြက္ အတားအဆီးတစ္ခု ျဖစ္လာႏိုင္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ မိမိရဲ႕လုပ္ႏိုင္စြမ္းအေပၚ ယံုၾကည္မႈမရွိတဲ့ ဝန္ထမ္းေတြဟာ လုပ္ငန္းခြင္ဆိုင္ရာ အမွားအယြင္းေတြကို မရည္ရြယ္ဘဲ (သို႔) သတိထားေနတဲ့ၾကားထဲကေန ပိုမိုျပဳလုပ္တတ္ၾကတယ္ဆိုၿပီိး ေဖာ္ျပထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံရဲ႕ လုပ္ငန္းခြင္ဆိုင္ရာ စိတ္ပညာရွင္ေတြဟာ မတူညီတဲ့လုပ္ငန္းခြင္မွာ မတူညီတဲ့တာဝန္ေတြကို ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေပါင္း ၁,၀၄၆ ဦးရဲ႕ လုပ္ငန္းခြင္ဆိုင္ရာ အမူအက်င့္ေတြနဲ႔ ယံုၾကည္ခ်က္ေတြကို အေလးေပးၿပီး ၉ ႏွစ္ေက်ာ္ၾကာေအာင္ ေလ့လာခဲ့ၾကပါတယ္။ လုပ္ငန္းခြင္အတြင္း မိမိရဲ႕လုပ္ႏိုင္စြမ္းအေပၚ ယံုၾကည္မႈနည္းပါးေနတဲ့ ဝန္ထမ္းေတြဟာ မိမိရဲ႕လုပ္ႏိုင္စြမ္းအေပၚ ယံုၾကည္မႈအျပည့္အဝရွိတ့ဲ ဝန္းထမ္းေတြနဲ႔ယွဥ္ရင္ စိတ္ခံစားမႈတည္ၿငိမ္ျခင္း၊ ညႇိႏႈိင္းရလြယ္ကူျခင္း၊ တာဝန္သိတတ္ျခင္း၊ အေပါင္းအသင္းဝင္ဆံ့ျခင္းနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆက္ဆံတ့ဲအခါမ်ိဳးေတြမွာ အားနည္းေနတတ္ပါတယ္။ ဒါေၾကာင့္လည္း လုပ္ငန္းခြင္မွာ မိမိကိုယ္ကိုယံုၾကည္မႈ ေလ်ာ့နည္းေနတဲ့သူေတြဟာ လုပ္ငန္းခြင္အျပင္ဖက္ တကယ့္လက္ရွိဘဝကို ေရာက္လာတဲ့အခ်ိန္မွာလည္း မိသားစုဝင္ေတြ၊ ခင္မင္ရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ ဆက္ဆံတဲ့အခါမွာ အဆင္မေျပျဖစ္လာတတ္တယ္လို႔ ပညာရွင္ေတြက ဆိုထားပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro