Breaking News

Post Malone တစ်ယောက် မျက်နှာပေါ်မှာတက်တူးတွေထိုးခဲ့ရတဲ့အကြောင်းရင်း။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် Post Malone ကို ချစ်ခင်နှစ်သက်သူတိုင်းက Posty ဟာ ဘာကြောင့် သူ့ရဲ့မျက်နှာပေါ်မှာ တက်တူးတွေထိုးရတာလဲဆိုတာကို သိချင်ကြပါတယ်။ မကြာသေးခင်က Posty ဟာ GQ’s Spring/Summer Issue အတွက် မျက်နှာဖုံးပိုင်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါ မဂ္ဂဇင်းကပြုလုပ်တဲ့ အင်တာဗျူးမှာတော့ သူ့ရဲ့မျက်နှာပေါ်မှာ တက်တူးထိုးရခြင်းအကြောင်းအရင်းကို ဖွင့်ဟပြောပြလာပါတယ်။

Post Malone ကို ချစ်ကြတဲ့ အမာခံပရိသတ်တွေက သူ့ရဲ့အဓိပ္ပါယ်ရှိပြီး ကခုန်မြူးတူးလို့ကောင်းတဲ့ သီချင်းတွေကြောင့်အပြင် မာနထောင်လွှားမှုမရှိတဲ့ ကိုယ်ကျင့်တရားကြောင့်လည်း ချစ်ခင်မြတ်နိုးကြခြင်းဖြစ်ပါတယ်။ Posty ဟာ ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့အခါမှာပဲဖြစ်ဖြစ် သဘောထားပြည့်ဝပြီး မာနထောင်လွှားမှုမရှိတာကြောင့် သူ့ရဲ့ပရိသတ်တွေက Posty ကို ချစ်ပြီးရင်းချစ်နေကြတာပဲဖြစ်ပါတယ်။

View this post on Instagram

bud light baptism

A post shared by @ postmalone on

Post Malone တစ်ယောက် ဘာပဲလုပ်လုပ်ချစ်နေကြတဲ့ သူ့ရဲ့အမာခံပရိသတ်ထုကြီးက Posty ရဲ့ မျက်နှာပေါ်မှာ တက်တူးထိုးရခြင်း အကြောင်းအရင်းကို ကြားသိရတဲ့အခါမှာ အံ့အားသင့်ခဲ့ရပါတယ်။ Posty တစ်ယောက် သူ့ကိုယ်သူရုပ်ဆိုးတယ်လို့ ထင်ထားတာကြောင့် သူ့ကိုပိုပြီးကြည့်ကောင်းစေမယ့် တက်တူးတွေကို မျက်နှာပေါ်မှာ ထိုးခဲ့ခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် Posty က သူ့ရဲ့ရုပ်ရည်အသွင်ပြင်ကို မည်သည့်အခါကမှ သဘောမကျခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ကင်းမဲ့နေခဲ့အတွက်ကြောင့် သူ့ရဲ့ရင်ထဲကလစ်ဟာမှုကို ဖြေဖျောက်ဖို့အတွက် မျက်နှာပေါ်မှာ တက်တူးတွေထိုးလာခဲ့တယ်ဆိုပြီး ဖွင့်ဟဝန်ခံခဲ့ပါတယ်။

 

အစကတည်းကလည်း ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးရတာကို ကြိုက်နှစ်သက်တဲ့ Posty ဟာ မျက်နှာပေါ်မှာ တက်တူးတစ်ခုထိုးပြီးနောက် သူ့ကိုယ်သူ မှန်ထဲမှာကြည့်မိတဲ့အခါမှာတော့ တက်တူးတွေနဲ့မျက်နှာကို သဘောကျလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာခဲ့ပါတယ်။ ဒါကြောင့်လဲ မျက်နှာပေါ်မှာ တက်တူးတွေ တစ်ခုပြီးတစ်ခု ထိုးခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ Posty ရဲ့ဘယ်ဘက်ပါးမှာ ထက်မြနေတဲ့လွှထဲကနေ သွေးတွေယိုကျနေတဲ့ပုံကို Junction City Tattoo မှ တက်တူးပညာရှင် Ruben Reza က ရေးထိုးပေးခဲ့ပြီး ညာဘက်ပါးထောင့်စွန်းလေးမှာ ချိန်ကြိုးပုံစံ လူသတ်လက်နက် ကိုင်ထားတဲ့ပုံကိုတော့ တက်တူးပညာရှင် Kyle Hediger က ရေးထိုးပေးထားခြင်းဖြစ်ပါတယ်။

<Unicode Version>

 

 

Post Malone တစ္ေယာက္ မ်က္ႏွာေပၚမွာတက္တူးေတြထိုးခဲ့ရတ့ဲအေၾကာင္းရင္း။

အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကမာၻေက်ာ္ Post Malone ကို ခ်စ္ခင္ႏွစ္သက္သူတိုင္းက Posty ဟာ ဘာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာေပၚမွာ တက္တူးေတြ ထိုးရတာလဲဆိုတာကို သိခ်င္ၾကပါတယ္။ မၾကာေသးခင္က Posty ဟာ GQ’s Spring/Summer Issue အတြက္ မ်က္ႏွာဖံုးပိုင္ရွင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး အဆိုပါ မဂၢဇင္းကျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ သူ႕ရဲ႕မ်က္ႏွာေပၚမွာ တက္တူးထိုးရျခင္းအေၾကာင္းအရင္းကို ဖြင့္ဟေျပာျပလာပါတယ္။

Post Malone ကို ခ်စ္ၾကတဲ့ အမာခံပရိသတ္ေတြက သူ႕ရဲ႕အဓိပၸါယ္ရွိၿပီး ကခုန္ျမဴးတူးလို႔ေကာင္းတဲ့ သီခ်င္းေတြေၾကာင့္အျပင္ မာနေထာင္လႊားမႈမရွိတဲ့ ကိုယ္က်င့္တရားေၾကာင့္လည္း ခ်စ္ခင္ျမတ္ႏိုးၾကျခင္း ျဖစ္ပါတယ္။ Posty ဟာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ပရိသတ္ေတြနဲ႔ ဆက္ဆံတဲ့အခါမွာပဲျဖစ္ျဖစ္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္ဆံရတဲ့အခါမွာပဲျဖစ္ျဖစ္ သေဘာထားျပည့္ဝၿပီး မာနေထာင္လႊားမႈမရွိတာေၾကာင့္ သူ႕ရဲ႕ပရိသတ္ေတြက Posty ကို ခ်စ္ၿပီးရင္း ခ်စ္ေနၾကတာပဲျဖစ္ပါတယ္။

View this post on Instagram

bud light baptism

A post shared by @ postmalone on

Post Malone တစ္ေယာက္ ဘာပဲလုပ္လုပ္ခ်စ္ေနၾကတဲ့ သူ႕ရဲ႕အမာခံပရိသတ္ထုႀကီးက Posty ရဲ႕ မ်က္ႏွာေပၚမွာ တက္တူးထိုးရျခင္း အေၾကာင္းအရင္းကို ၾကားသိရတဲ့အခါမွာ အံ့အားသင့္ခဲ့ရပါတယ္။ Posty တစ္ေယာက္ သူ႕ကိုယ္သူ႐ုပ္ဆိုးတယ္လို႔ ထင္ထားတာေၾကာင့္ သူ႕ကိုပိုၿပီးၾကည့္ေကာင္းေစမယ့္ တက္တူးေတြကို မ်က္ႏွာေပၚမွာ ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့ပါတယ္။

ဒါ့အျပင္ Posty က သူ႕ရဲ႕႐ုပ္ရည္အသြင္ျပင္ကို မည္သည့္အခါကမွ သေဘာမက်ခဲ့တ့ဲအျပင္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈလည္း ကင္းမဲ့ေနခဲ့အတြက္ေၾကာင့္ သူ႕ရဲ႕ရင္ထဲကလစ္ဟာမႈကို ေျဖေဖ်ာက္ဖို႔အတြက္ မ်က္ႏွာေပၚမွာ တက္တူးေတြထိုးလာခဲ့တယ္ဆုိၿပီး ဖြင့္ဟဝန္ခံခ့ဲပါတယ္။

အစကတည္းကလည္း ခႏၶာကိုယ္ေပၚမွာ တက္တူးထိုးရတာကို ႀကိဳက္ႏွစ္သက္တဲ့ Posty ဟာ မ်က္ႏွာေပၚမွာ တက္တူးတစ္ခုထိုးၿပီးေနာက္ သူ႕ကိုယ္သူ မွန္ထဲမွာၾကည့္မိတဲ့အခါမွာေတာ့ တက္တူးေတြနဲ႔မ်က္ႏွာကို သေဘာက်လာၿပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပိုရွိလာခဲ့ပါတယ္။ ဒါေၾကာင့္လဲ မ်က္ႏွာေပၚမွာ တက္တူးေတြ တစ္ခုၿပီးတစ္ခု ထိုးခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။ Posty ရဲ႕ဘယ္ဘက္ပါးမွာ ထက္ျမေနတဲ့လႊထဲကေန ေသြးေတြယိုက်ေနတဲ့ပံုကို Junction City Tattoo မွ တက္တူးပညာရွင္ Ruben Reza က ေရးထိုးေပးခ့ဲၿပီး ညာဘက္ပါးေထာင့္စြန္းေလးမွာ ခ်ိန္ႀကိဳးပံုစံ လူသတ္လက္နက္ ကိုင္ထားတဲ့ပံုကိုေတာ့ တက္တူးပညာရွင္ Kyle Hediger က ေရးထိုးေပးထားျခင္းျဖစ္ပါတယ္။

<Zawgyi Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro